Thiha Htun

မဝတ်တော့တဲ့၊ မတော်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းတွေရှိရင် ဘာလုပ်ပစ်တတ်ကြလဲ။ လွှင့်ပစ်တတ်ကြလား။ သူများကို ပေးပစ်တတ်ကြလား။

jeans-reuse.jpg 

တကယ်တော့ ဂျင်းဘောင်းဘီအဟောင်းတွေဆိုတာ ပြန်သုံးတတ်ရင် DIY အိမ်သုံးပစ္စည်းလေးတွေ အများကြီးကို ဖန်တီးပြုလုပ်လို့ရပါတယ်။ ငွေကုန်ကြေးကျမများဘဲ အိမ်က ဂျင်းဘောင်းဘီအဟောင်းလေးတွေနဲ့ အိမ်သုံးပစ္စည်းလေးတွေကို ဖန်တီးနိုင်မယ့် နည်းလမ်းလေးတွေကတော့...

၁။ ဂျင်းဘောင်းဘီအိတ်ကပ် အိတ်လေးတွေ

Old-Jeans-1.jpg 

မဝတ်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းရဲ့ ဘောင်းဘီနောက်ဖက်အိတ်ကပ်ကို ဖြတ်ထုတ်ပြီး ပြန်ချုပ်လိုက်ရင် ဘောပင်၊ ခဲတံနဲ့ တခြားပစ္စည်းအသေးအမွှားလေးတွေ ထည့်တဲ့အိတ်အဖြစ် ပြန်သုံးလို့ ရပါတယ်။ ဒီဇိုင်းလေးက မိုက်သလို အိုင်ဒီယာလည်း ဆန်းတယ်လို့ တွေ့သမျှအသိမိတ်ဆွေတွေက ချီးမွမ်းကြမှာပါ။

၂။ ဂျင်းလက်ကိုင်ပုဝါ

Old-Jeans-2-660x300.jpg 

ဂျင်းသားနဲ့လုပ်ထားတဲ့ လက်ကိုင်ပုဝါဟာလည်း ဒီဇိုင်းလေးဆန်းသလို အပေအတေလည်းခံပါတယ်။ မိမိရဲ့ဂျင်းဘောင်းဘီ အဟောင်းရဲ့ မပြဲမစုတ်သေးတဲ့အပိုင်းကို ဖြတ်ထုတ်ပြီး အနားလေးတွေ ပြန်လုံးလိုက်မယ်ဆိုရင် denim ဂျင်းလက်ကိုင် ပုဝါလေးတစ်ထည်ကို ရရှိနိုင်ပါတယ်။

၃။ ဖန်ခွက်အောက်ခံပြား

Old-Jeans-3.jpg 

ဖန်ခွက်အောက်ခံပြားတွေဟာ ကော်ဖီခွက်တွေရဲ့အောက်မှာခံလေ့ရှိတဲ့ ပန်းကန်ပြားအစား အသုံးပြုကြပါတယ်။ ကော်ဖီခွက်က စီးကျလာမယ့် ကော်ဖီစက်တွေ ကော်ဖီစားပွဲပေါ်မှာ စွန်းထင်းခြင်းမရှိစေဖို့ အသုံးပြုကြတာဖြစ်ပါတယ်။ မိမိရဲ့ဂျင်းဘောင်းဘီ အဟောင်းလေးကို လေးထောင့် (သို့) အဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် ပြန်ချုပ်ပြီး ကော်ဖီဖန်ခွက်အောက်ခံပြားလေးဖြစ်အောင် ဖန်တီးလို့လည်းရပါတယ်။

၄။ ခဲတံထည့်ဘူး

Old-Jeans-4-768x576.jpg 

အအေးသံဘူးခွံတစ်ခုကို ထိပ်ပိုင်းနားကဖြတ်ပြီး အပေါ်ကနေ denim ဂျင်းသားစနဲ့အုပ်လိုက်ရင် လှပပြီး စတိုင်လ်ကျတဲ့ ခဲတံထည့်ဘူးလေးကို ရရှိပါပြီ။ မိမိရဲ့ရုံးစားပွဲပေါ်မှာ အဲဒီလို ခဲတံထည့်ဘူးလေး တင်ထားရင် လုပ်ဖော်ကိုင်ဖက်တွေက မေးမြန်းလာကြမှာဖြစ်ပြီး မိမိရဲ့တီထွင်ဖန်တီးဉာဏ်ကိုလည်း အသိအမှတ်ပြုလာကြမှာပါ။

၅။ မှှတ်စုစာအုပ်

Old-Jeans-5-660x371.jpg 

ဒိုင်ယာရီတို့၊ ဂျာနယ်တို့ ရေးလေ့ရှိသူဆိုရင်တော့ ဒီတစ်ခုကို အထူးနှစ်သက်မိကြမှာပါနော်။ မိမိရဲ့ဂျင်းဘောင်းဘီအဟောင်းကို ဖြတ်ထုတ်ပြီး မှတ်စုစာအုပ်အဖုံးအဖြစ် ချုပ်တာဟာ စမတ်ကျပြီး လှပတဲ့ အိုင်ဒီယာတစ်ခုပဲ ဖြစ်ပါတယ်။ ရိုးရိုးဂျင်းဒီဇိုင်းကို မကြိုက်ရင်လည်း အပေါ်ကနေ စီးကွင့်ထိုးတာတို့၊ စတစ်ကာကပ်တာတု့ိုလုပ်ပြီး ဖန်တီးဉာဏ်ရှိရင်ရှိသလို ထပ်ကွန့်နိုင်ပါသေးတယ်။

၆။ ခြေသုတ်ခံုံ

Old-Jeans-6.jpg 

ဘယ်လိုမှ ပြန်သုံးမရအောင် စုတ်ပြတ်နေတဲ့ ဂျင်းဘောင်းဘီကိုုကျတော့ ကြမ်းပြင်ပေါ်ဒီတိုင်းပစ်ချပြီး ခြေသုတ်ခုံလုပ်ပစ်မယ့်အစား ဖြတ်စလေးတွေကို ပြန်စုပြီး ဖော်ပြပါပုံအတိုင်း ဒီဇိုင်းဆန်းဆန်းလေးနဲ့ ခြေသုတ်ခုံလေးဖြစ်အောင် ပြုလုပ်လို့ရပါတယ်။ အိမ်ကိုုလာလည်တဲ့ ဧည့်သည်တိုင်းက ဘယ်ကဝယ်လဲ မေးလာရင် ကိုယ်တိုင်လုပ်ထားတာပါလို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖြေလို့ရတာပေါ့။

See also 

၇။ နားဆွဲနဲ့ လည်ဆွဲ

Old-Jeans-8.jpg 

ဂျင်းသားဖြတ်စသေးသေးလေးတွေကို စီးကွင်းပြန်ထိုးတာတို့၊ ပုလဲတု၊ ကျောက်တုလေးတွေနဲ့ ပြန်ကပ်တာတို့လုပ်ပြီး ဖန်စီနားဆွဲလှလှလေးတွေ၊ ဖန်စီလည်ဆွဲလှလှလေးတွေ ဖန်တီးနိုင်ပါသေးတယ်။ မိန်းကလေးတိုင်း စမ်းသပ်ပြုလုပ်ကြည့်သင့်ပါတယ်နော်။

၈။ ဂျင်းဘောင်းဘီတို

Old-Jeans-9.jpg 

ဒူးဆစ်နားတွေ၊ ခြေဖနောင့်နားတွေမှာ စုတ်ပြဲနေတဲ့ဘောင်းဘီကို ပေါင်နေရာလောက်ကဖြတ်ပြီး ဒီနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဘောင်းဘီတိုစတိုင်လ်တစ်မျိုးကို ဖန်တီးလို့ရပါတယ်။ မိမိရဲ့ ပေါင်တံအလှကို ဖန်တီးနိုင်သလို အလေအလွင့်လည်း မရှိတော့ဘူးပေါ့။

၉။ ဂျင်းလက်ကိုင်အိတ်

Old-Jeans-10.jpg 

ဂျင်းဘောင်းဘီအဟောင်း ဖြတ်စလေးတွေကို ပြန်စုပြီး ပေါင်းချုပ်လိုက်မယ်ဆိုရင် အခုလိုလှပတဲ့ ဂျင်းလက်ကိုင်အိတ် လေးတစ်လုံးကို ရရှိမှာပါ။ ဒီ ဒီဇိုင်းလေးကလန်းတော့ မိန်းကလေးတွေ ဈေးဝယ်ထွက်ရင် သုံးလို့အဆင်ပြေနိုင်ပါတယ်။

Source: Youngisthan

 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က