• Lifestyle
    အသက် ၅ နှစ်နဲ့ ကမ္ဘာ့စံချိန်တင် DJ ဖြစ်လာခဲ့သူလေး
Su Yee Moe
[Unicode Version]

ကမ္ဘာ့အသက်အငယ်ဆုံး DJ အဖြစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က မှတ်တမ်းတင်ပေးလိုက်သူလေးဟာ အသက် ၅ နှစ်သာ ရှိသေးတဲ့ ကောင်လေးတစ်ဦးပါ။ သူ့နာမည်က DJ Arch Jnr လို့ ခေါ်ပါတယ်။

Youngest-club-DJ_tcm25-494567.jpg 

တောင်အာဖရိကရဲ့ Got Tanlent ပြိုင်ပွဲမှာ ၂၀၁၅ ခုနှစ်က ဆုရရှိခဲ့ပြီးနောက် ကမ္ဘာ့အသက်အငယ်ဆုံး ကလပ် DJ အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ Arch Jnr ဟာ Got Talent ပြိုင်ပွဲမှာ တင်ဆက်ပြသစဉ်ကတည်းက ဂင်းနစ်မှတ်တမ်းဝင်ဖို့ မျှော်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က ကလပ်တစ်ခုမှာ အနည်းဆုံး မိနစ် ၆၀ ကြာ လက်တွေ့ DJ တီးခိုင်းစေခဲ့ပါတယ်။

 

အဲ့ဒီနောက် တောင်အာဖရိက၊ Johannersburg ဒေသ၊ Cosmo City မှာရှိတဲ့ Platinum Lounge Bar မှာ Arch Jnr လေးက လက်တွေ့ တီးပြခဲ့ပါတယ်။ သူ့ရဲ့ လက်တွေ့တင်ဆက်မှုကို ပရိသတ်ပေါင်း ၁၀၀ ကလည်း နားဆင်ခဲ့ကြပါတယ်။ လက်တွေ့တင်ဆက်ပြီးနောက်မှာတော့ Arch Jnr လေးကို ကမ္ဘာ့အသက်အငယ်ဆုံး DJ အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင်အဖွဲ့က မှတ်တမ်းတင်လိုက်ပါတယ်။

Youngest-club-DJ-attempt_tcm25-494575.jpg

ယခုနှစ် မတ်လတုန်းက ကမ္ဘာ့အသက်အငယ်ဆုံး ကလပ် DJ အဖြစ် စံချိန်တင်ခဲ့တဲ့ ဂျပန်ကလေးငယ် Itsuki Morita ရဲ့ စံချိန်ကို Arch Jnr လေးက ကျော်ဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

see also 

မိုရီတာလေးက အသက် ၆ နှစ်ရှိပြီး Arch Jnr လေးကတော့ ဂင်းနစ်မှတ်တမ်းတင်တဲ့နေ့မှာ အသက် ၅ နှစ်နဲ့ ၃၈ ရက်သာ ရှိပါသေးတယ်။

Source : GWR

[Zawgyi Version]

ကမၻာ့အသက္အငယ္ဆံုး DJ အျဖစ္နဲ႔ ဂင္းနစ္ကမၻာ့စံခ်ိန္တင္အဖြဲ႔က မွတ္တမ္းတင္ေပးလိုက္သူေလးဟာ အသက္ ၅ ႏွစ္သာ ႐ွိေသးတဲ့ ေကာင္ေလးတစ္ဦးပါ။ သူ႔နာမည္က DJ Arch Jnr လို႔ ေခၚပါတယ္။

ေတာင္အာဖရိကရဲ႕ Got Tanlent ၿပိဳင္ပြဲမွာ ၂၀၁၅ ခုႏွစ္က ဆုရ႐ွိခဲ့ၿပီးေနာက္ ကမၻာ့အသက္အငယ္ဆံုး ကလပ္ DJ အျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာ ျဖစ္ပါတယ္။ Arch Jnr ဟာ Got Talent ၿပိဳင္ပြဲမွာ တင္ဆက္ျပသစဥ္ကတည္းက ဂင္းနစ္မွတ္တမ္းဝင္ဖုိ႔ ေမွ်ာ္မွန္းခဲ့ပါတယ္။ ဒါေပမဲ့ ဂင္းနစ္ကမၻာ့စံခ်ိန္တင္အဖြဲ႔က ကလပ္တစ္ခုမွာ အနည္းဆံုး မိနစ္ ၆၀ ၾကာ လက္ေတြ႕ DJ တီးခိုင္းေစခဲ့ပါတယ္။

 

အဲ့ဒီေနာက္ ေတာင္အာဖရိက၊ Johannersburg ေဒသ၊ Cosmo City မွာ႐ွိတဲ့ Platinum Lounge Bar မွာ Arch Jnr ေလးက လက္ေတြ႔ တီးျပခဲ့ပါတယ္။ သူ႔ရဲ႕ လက္ေတြ႕တင္ဆက္မႈကို ပရိသတ္ေပါင္း ၁၀၀ ကလည္း နားဆင္ခဲ့ၾကပါတယ္။ လက္ေတြ႔တင္ဆက္ၿပီးေနာက္မွာေတာ့ Arch Jnr ေလးကို ကမၻာ့အသက္အငယ္ဆံုး DJ အျဖစ္ ဂင္းနစ္ ကမၻာ့စံခ်ိန္တင္အဖြဲ႔က မွတ္တမ္းတင္လိုက္ပါတယ္။

ယခုႏွစ္ မတ္လတုန္းက ကမၻာ့အသက္အငယ္ဆံုး ကလပ္ DJ အျဖစ္ စံခ်ိန္တင္ခဲ့တဲ့ ဂ်ပန္ကေလးငယ္ Itsuki Morita ရဲ႕ စံခ်ိန္ကို Arch Jnr ေလးက ေက်ာ္ျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

see also 

မိုရီတာေလးက အသက္ ၆ ႏွစ္႐ွိၿပီး Arch Jnr ေလးကေတာ့ ဂင္းနစ္မွတ္တမ္းတင္တဲ့ေန႔မွာ အသက္ ၅ ႏွစ္နဲ႔ ၃၈ ရက္သာ ႐ွိပါေသးတယ္။

Source : GWR


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs