Thiha Htun

ကျွန်တော်တို့လူသားတွေဟာ ပိုမိုကောင်းမွန်လုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့အတွက် အစွမ်းကုန်အားထုတ် ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေဆဲပါပဲ။ တောထဲမှာနေတဲ့ တောရိုင်းတိရစ္တာန်တွေကြောင့် လူသေဆုံးမှုတွေဟာ နှစ်စဉ်ရှိနေဆဲပါ။

ကျွန်တော်တို့လူသားတွေဟာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို တခြားသတ္တဝါတွေထက် ပိုမိုလျင်မြန်စွာ ရောက်ရှိခဲ့ပေမယ့် ခွန်အားနဲ့ လျင်မြန်မှုမှာ တခြားသတ္တဝါတွေကို မမီသေးတဲ့အတွက် တစ်ဦးချင်းရင်ဆိုင်တွေ့တဲ့အခါ အားမတန်တဲ့အတွက် သေဆုံးခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး တိရစ္တာန်တွေကတော့...

၁။ ဆင်

72.jpg 

ဆင်ဟာ အာဖရိကတိုက်နဲ့ အာရှတိုက်မှာ ကျက်စားနေထိုင်တဲ့ အကြီးမားဆုံး ကုန်းနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လူနဲ့ရင်းနှီးကျွမ်းကျင်ပေမယ့် မုန်ယိုတဲ့အခါမှာတော့ လူတွေကို သတိမပေးဘဲ တိုက်ခိုက်တတ်ပါတယ်။

လူယဉ်ပြီးသား အိမ်မွေးဆင်တစ်ကောင်တောင်မှ ရုတ်တရက် မုန်ထယိုပြီး ဆင်ထိန်းကို နင်းသတ်ဖူးတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဆင်တစ်ကောင်ရဲ့ခြေထောက်၊ နှာမောင်းနဲ့ ကိုယ်အလေးခချိန်ဟာ ဘာအရာကိုမဆို ချေမွပစ်နိုင်ပြီး သူတို့ရဲ့ဒေါသက အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ဆင်ကြောင့် လူသေဆုံးမှုဟာ နှစ်စဉ် လူ (၅၀၀) ဝန်းကျင်ခန့်ရှိပါတယ်။

၂။ မိကျောင်း

110.jpg 

ရေငန်နေမိကျောင်းဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး တွားသွားသတ္တဝါတစ်မျိုးပါပဲ။ အထူးသဖြင့် ရေငန်နေနဲ့ နိုင်းမြစ်ဝှမ်းနေ မိကျောင်းတွေဟာ နှစ်စဉ် လူရာပေါင်းများစွာကို သတ်ဖြတ်နေတဲ့ အန္တရာယ်အကြီးဆုံး သတ္တဝါတွေဖြစ်ကြပါတယ်။

မိကျောင်းတွေဟာ အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နဲ့ သြစတြေးလျတိုက်ရဲ့ ရေစီးမသန်တဲ့မြစ်တွေနဲ့ ကန်တွေမှာ မှီတင်းနေထိုင်ကြပါတယ်။ သူတို့ဟာ တိရစ္ဆာန်ပေါင်းစုံကို အသေကော၊ အရှင်ကော စားတတ်ကြပါတယ်။ သူ့ရဲ့မျက်စိတွေ၊ နားတွေ၊ နှာခေါင်းတွေက ဦးခေါင်းပေါ်မှာ တည်ရှိတဲ့အတွက် မိကျောင်းတစ်ကောင်အနေနဲ့ သားကောင်ကို ခြေရာခံမိဖို့ရန် လွယ်ကူပါတယ်။ သူ့ရဲ့အာရုံခံနိုင်စွမ်းက (၅) ပေကနေ ပေ (၂၀) ကြားမှာရှိပါတယ်။

ရေငန်နေမိကျောင်းတွေဟာ ခွန်အားကြီးပြီး မြန်ဆန်ပါတယ်။ နောက်ပြီး သူ့ရဲ့မေးရိုးတွေဟာ တစ်စတုရန်းပေကို ပေါင် (၃၀၀၀) ဖိအားပေးနိုင်ပါတယ်။ နောက်ပြီး နှစ်စဉ် မိကျောင်းကြောင့် လူသေဆုံးမှု (၈၀၀) ဝန်းကျင်ရှိပါတယ်။

see also 

၃။ အာဖရိကခင်္သြေ့

92.jpg 

အာဖရိကခင်္သြေ့တွေမှာ အံ့သြဖို့ကောင်းတဲ့လျင်မြန်မှု၊ ဓားလိုထက်မြတဲ့ လက်သည်းစွယ်နဲ့ သွားတွေရှိပြီး သားကောင်ကို အထူးလျင်မြန်စွာတိုက်ခိုက်နိုင်ပါတယ်။ များသောအားဖြင့် အုပ်စုလိုက် အမဲလိုက်တတ်ပြီး သားကောင်ကို တစ်နာရီ မိုင် (၅၀) အမြန်နှုန်းနဲ့ ပြေးလွှားပြီး မခုန်အုပ်မီ နောက်ကနေလည်း လိုက်ချောင်းတတ်ပါသေးတယ်။

ယေဘုာျအားဖြင့် ခင်္သြေ့အမတွေကပဲ အမဲလိုက်ခြင်းကို လုပ်ဆောင်တတ်ပြီး အထီးတွေကတော့ အမဲလိုက်ခဲပါတယ်။ ဒီသတ္တဝါတွေဟာ အာဖရိကလယ်တောထဲက လူတွေနဲ့ ကားတွေကို တိုက်ခိုက်တတ်ပြီး ဆပ်ကပ်အဖွဲ့ထဲက ထရိန်နာတွေကိုလည်း တိုက်ခိုက်တတ်ပါတယ်။ ခင်္သြေ့တိုက်ခိုက်မှုကြောင့် နှစ်စဉ် လူသေမှုပေါင်း ရာနဲ့ချီပြီး ဖြစ်ပွားပါလိမ့်မယ်။

၄။ မြွေ

101.jpg 

မြွေမျိုးစိတ်တော်တော်များများဟာ လူသားတွေကို အန္တရာယ်ပြုနိုင်ပါတယ်။ မြွေမျိုးစိတ် (၄၅၀) ဟာ အဆိပ်ရှိပြီး မျိုးစိတ် (၂၅၀) ဟာ လူသေစေနိုင်ပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခြင်းကြောင့် လူထိခိုက်ဒဏ်ရာရခြင်းဟာ အာဖရိက၊ အာရှနဲ့ မြောက်အမေရိကတိုက်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာ မြွေကိုက်ခြင်းကြောင့် လူသေဆုံးမှုဟာ မြွေဟောက်ကြောင့်ပါပဲ။ မြွေဟောက်အဆိပ်ဟာ သားကောင်ရဲ့သွေးလည်ပတ်မှုကို ရပ်တန့်စေပြီး သားကောင်ကို သွေးထွက်လွန်ပြီး သေဆုံးစေနိုင်ပါတယ်။ Taipan မြွေကတော့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေဖြစ်ပါတယ်။ မြွေဆိပ်ဖြေဆေးတွေ ရှိနေပြီဖြစ်ပေမယ့် မြွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး သတ္တဝါတစ်ကောင် ရှိနေဆဲပါပဲ။

၅။ ခြင်

112.jpg 

ခြင်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးသတ္တဝါတွေထဲမှာ နံပါတ်တစ်စွဲပါတယ်။ ဒီသေးငယ်တဲ့ သွေးစုပ် ကောင်လေးတွေဟာ ကမ္ဘာတဝှမ်းလုံးမှာ နှစ်စဉ် လူ (၁) သန်းကျော် သေဆုံးစေခဲ့ပြီး ဖြစ်ပါတယ်။ ခြင်ဟာ ငှက်ဖျားရောဂါအပါအဝင် လူကိုအန္တရာယ်ပြုနိုင်တဲ့ ရောဂါပေါင်းစုံကို ပျံ့ပွားစေပါတယ်။ ခြင်ဟာ ရာသီဥတုမရွေး ရှင်သန်နေထိုင်နိုင်ပြီး ရေဝပ်ရေအိုင်တွေမှာ မျိုးပွားနိုင်ပါတယ်။

Source: theepochtimes

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က