• Lifestyle
    အိမ်မှာပဲလုပ်လို့ရတဲ့ cardio လေ့ကျင့်ခန်းလေးများ
Thiha Htun
[Unicode Version]
ဝိတ်လည်းကျချင်တယ်။ Gym သွားရမှာလည်း ပျင်းတယ်ဆိုတဲ့ လူတွေရှိပါသလား။ ဒါမှမဟုတ် Gym တော့သွားချင်တယ်။ Gym နဲ့ အိမ်က ဝေးလွန်းနေတော့ သွားရလာရ အဆင်မပြေဖူးဆိုတဲ့ လူတွေရှိပါသလား။
pushup.jpg 
ဒါဆိုရင်တော့ အိမ်ထဲမှာပဲလုပ်လို့ရတဲ့ cardio လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကလေးမီးဖွားပြီးလု့ိ ခန္ဓာကိုယ်ပြန်လည်ထိန်းသိမ်းပေးချင်တဲ့ မိခင်တွေ၊ အလုပ်အရမ်းများလု့ိ gym မသွားနိုင်တဲ့ မိခင်တွေလည်း အိမ်ထဲမှာပဲ ဆော့လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေပါ။
၁။ Jumping Jacks
Jumping Jacks လေ့ကျင့်ခန်းကတော့ မတ်တတ်ရပ်ပြီး ခြေ (၂) ဖက်၊ လက် (၂) ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းလေးပါ။ ပြုလုပ်ပုံကို ဖော်ပြပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။ စစချင်းမှာ တစ်ရက်ကို  Jumping Jacks လေ့ကျင့်ခန်း အကြိမ် (၅၀) လောက် လုပ်ပေးသင့်ပြီး နောက်ပိုင်းကျရင် တစ်နေ့ (၁၀) ကြိမ်စီလောက် တိုးသွားကြည့်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကျစေတဲ့ လေ့ကျင့်ခန်းလေးပါ။
၂။ Burpees
Burpees လေ့ကျင့်ခန်းလေးကတော့ ခါးနဲ့ ပေါင်နားတဝိုက်က အဆီတွေကျအောင် လုပ်ပေးရတဲ့ လေ့ကျင့်ခန်းလေးပါ။ ဒီလေ့ကျင့်ခန်းလေးကိုတော့ စစချင်းမှာ (၁၀) ကြိမ်၊ (၁၅) ကြိမ်လောက်ပဲ လုပ်ပေးနိုင်ပြီး နောက်ပိုင်းကျွမ်းကျင်လာမှ အကြိမ်ရေကို ဖြည်းဖြည်းချင်းတိုးမြှင့်သွားနိုင်ပါတယ်။
၃။ High knees
High knees လေ့ကျင့်ခန်းလေးကတော့ အပြေးလေ့ကျင့်ခန်းကို အနှေးပြုလုပ်ရသလိုပါပဲ။ ဘယ်ခြေကို ဖြည်းဖြည်းမြှောက်လိုက်၊ ပြန်ချလိုက်၊ ညာခြေကို ဖြည်းဖြည်းမြှောက်လိုက်၊ ပြန်ချလိုက် လုပ်ရမှာပါ။ ဒါဟာလည်း ဝိတ်အမြန်ကျစေတဲ့ အကောင်းဆုံး cardio လေ့ကျင့်ခန်းလေးတစ်ခုပါပဲ။
See Also: 
၄။ Mountain Climbers
နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး ခန္ဓာကိုယ်အချိုးအစားကိုလည်း ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းလေးကတော့ Mountain Climber လေ့ကျင့်ခန်းလေးပါပဲ။ ပြုလုပ်ပုံအသေးစိတ်ကို ဖော်ပြပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်နော်။
၅။  Crunches (အိပ်ထမတင်လေ့ကျင့်ခန်း)
Crunches (အိပ်ထမတင်လေ့ကျင့်ခန်း) ကတော့ အားလုံးသိပြီးတဲ့အတိုင်း ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ cardio လေ့ကျင့်ခန်းလေးပါ။ စစချင်းမှာ တစ်နေ့ကို အကြိမ် (၄၀) လောက်နဲ့ စနိုင်ပြီး နောက်ပိုင်းမှာ တစ်ရက်ကို (၁၀) ကြိမ်လောက် တိုးမြှင့်လုပ်ကိုင်ပေးနိုင်ပါတယ်။
Source: youngisthan
[Zawgyi Version]
၁။ Jumping Jacks
၂။ Burpees
၃။ High knees
See Also: 
၎။ Mountain Climbers
Source: youngisthan
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs