လူဟာ မကောင်းမှန်းသိသိကြီးနဲ့ စွဲလမ်းရတဲ့ဖီးလ်ကို ကြိုက်နေကြတာပဲဖြစ်မှာပါ။
Thiha Htun

ဆေးလိပ်သောက်တာ မကောင်းမှန်း ကလေးလေးတွေကို သွားမေးရင်တောင် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ မီးခိုးခေါင်းတိုင်ကြီးလို ဆေးလိပ်ကို အဆက်မပြတ်ဖွာမိနေတုံးပါပဲ။ လူဟာ မကောင်းမှန်းသိသိကြီးနဲ့ စွဲလမ်းရတဲ့ဖီးလ်ကို ကြိုက်နေကြတာပဲဖြစ်မှာပါ။

 

ဒါပေမယ့် စိတ်ထဲမှာ ဆေးလိပ်ဖြတ်မယ်ကွာလို့ တကယ်ကြီး စိတ်ပိုင်းဖြတ်ထားပြီး မဖြတ်နိုင်ဖြစ်နေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေနဲ့ စမ်းသပ်ကြည့်ကြပါဦး။

၁။ ကြိုက်/မကြိုက်စာရင်းကို စာရွက်ပေါ်မှာချရေးပါ

01-stop-smoking-opener-sl.jpg 

စာရွက်တစ်ရွက်ရဲ့အလည်ခေါင်ကနေ မျဉ်းတစ်ကြောင်းသားလိုက်ပြီး တစ်ဖက်မှာ မိမိ ဘာကြောင့်ဆေးလိပ်သောက်နေရတယ်ဆိုတဲ့ အကြောင်းတွေကို ချရေးလိုက်ပါ။ နောက်တစ်ခြမ်းမှာတော့ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး မိမိမနှစ်သက်တဲ့ အကြောင်းတွေကို ချရေးလိုက်ပါ။ ဥပမာ... ကျန်းမာရေးကိုထိခိုက်တယ်။။ အလုပ်၊ မိသားစုနဲ့ လူမှုဆက်ဆံရေးတွေကို ထိခိုက်တယ် စသည်ဖြင့်ပေါ့။

စစချင်းမှာတော့ ကြိုက်တဲ့ဘက်မှာ အလေးသာနေပါလိမ့်မယ်။ နောက်ပိုင်းမှာလည်း အဲဒီစာရွက်လေးကို သိမ်းထားပြီး မကြိုက်တာတွေတိုးလာတိုင်း၊ (သို့) ကြိုက်တာတွေ တိုးလာတိုင်း ဖြည့်စွက်ပြင်ဆင်ပေးပါ။ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ခင်ဗျားဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဆိုတာကို မေးမြန်းပါ။ မကြိုက်တဲ့အချက်တွေက ကြိုက်တဲ့အချက်တွေက အရမ်းကို သိသိသာသာကြီး များလာတဲ့အခါ ခင်ဗျားဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

၂။ ဆေးဖြတ်ဖြတ်ရတာ ဘာလို့ခက်ခဲနေလဲ ချရေးကြည့်ပါဦး

02-stop-smoking-take-a-walk-sl.jpg 

ပြီးရင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားလိုက်တိုင်း ဘာလို့ မအောင်မြင်ဖြစ်နေလဲဆိုတဲ့ အချက်တွေကို ချရေးကြည့်ပါဦး။ ဆေးလိပ်ဘူးတွေပေါ်မှာ "ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်" လို့ ပြူးနေအောင် ရေးထားပါလျက်နဲ့ ဆေးလိပ်မဖြတ်နိုင်ဖြစ်နေရတာ ဘာကြောင့်များပါလဲ။

ဥပမာ... ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က လူကို စွဲလမ်းစေနိုင်လို့ ဆိုပါစို့။ ဘေးကနေ ဖြေရှင်းနည်းတစ်ခုဖြစ်တဲ့ "နီကိုတင်းကပ်ခွာလိုမျိုး တခြားအစားထိုးကုန်ပစ္စည်းကို အစားထိုးသုံးမယ်" ဆိုတာကိုပါ ချရေးလိုက်ပါ။ ဆေးလိပ်မဖြတ်နိုင် ဖြစ်နေရတဲ့ အခက်အခဲတိုင်းကို ချရေးပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုလည်း သေချာစဉ်းစားပြီး ဘေးမှာရေးထားလိုက်ပါ။ အဲဒီစာရွက်ကိုလည်း မြင်သာတဲ့နေရာမှာ ကပ်ထားလိုက်ပါ။ အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ်ဖြတ်ရတာ ပိုလွယ်လာပါလိမ့်မယ်။

See also 

၃။ ဆေးလိပ်ဖြတ်မယ့်နေ့စွဲကို ပြက္ခဒိန်ပေါ်မှာ ချရေးထားလိုက်ပါ

03-stop-smoking-quit-date-sl.jpg 

ကိုယ်ဆေးလိပ်ဖြတ်မှာကို အားပေးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ရှေ့မှာ မိမိဆေးလိပ်လုံးဝဖြတ်မယ့် နေ့စွဲကို ချရေးပြထားလိုက်ပါ။ တကယ်လို့ ခင်ဗျားဟာ မိမိရဲ့ဂုဏ်သိက္ခာကိုကော၊ မိမိအပေါင်းအသင်းတွေရဲ့ ဂုဏ်သိက္ခာကိုပါ လေးစားသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် အဲဒီနေ့စွဲရောက်ရင် ဆေးလိပ်သောက်ချင်တဲ့ ခန္ဓာကိုယ်ရဲ့ တောင့်တမှုကို စိတ်ကပဲ အလိုလို ထိန်းသွားပါလိမ့်မယ်။

၄။ ဆေးလိပ်ကို တစ်တောင့်ချင်း မဝယ်ပါနဲ့

05-stop-smoking-ready-to-quit-sl.jpg 

ဆေးလိပ်သောက်တယ်ဆိုတာ ခန္ဓာကိုယ်က အကျင့်ဖြစ်နေတဲ့ အပြုအမူတစ်ခုပါ။ လက်လှမ်းမီရာမှာ ဆေးလိပ်ရှိနေမယ်ဆိုရင်တော့ ဆေးလိပ်ပြတ်မှာကို မဟုတ်တော့ပါဘူး။ ဒါကြောင့် စတိုးဆိုင်မှာ ဆေးလိပ်ဝယ်ရင် (၁၀) ဘူးပါ တစ်တောင့်ချင်း ဝယ်တတ်တဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ အကောင်းဆုံးကတော့ ကိုယ့်လစ်မစ်ကိုယ်ကြည့်ပြီး တစ်ဘူးချင်း (သို့) ကွမ်းယာဆိုင်ကနေ တစ်လိပ်ချင်း ဝယ်သောက်တာ အကောင်းဆုံးပါပဲ။

၅။ စိတ်ပျော်နေတုံး ဆေးလိပ်ဖြတ်ပါ

24-stop-smoking-good-mood-sl.jpg 

စိတ်ဓာတ်ကျဆင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ဆေးလိပ်ကို အဆက်မပြတ်သောက်မိတာပါပဲ။ ဒါကြောင့် စိတ်ညစ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်၊ စိတ်ဖိစီးမှုများနေချိန်တွေမှာ ဆေးလိပ်ဖြတ်ရင်တော့ တော်တော်နဲ့ ပြတ်နိုင်မယ်မထင်ပါဘူး။ ဒါကြောင့် စိတ်ပျော်နေတုံး ဆေးလိပ်ဖြတ်နိုင်ဖို့ ကြိုးစားပါ။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ


Author


က္က