• Lifestyle
    Freelance လုပ်မယ်ဆိုရင် ဘာတွေကောင်းကျိုးရမလဲ
Thiha Htun
[Unicode Version]

၂၁ ရာစုက နည်းပညာအပြောင်းအလဲတွေဟာ ကျွန်တော်တို့ရဲ့နေထိုင်ပုံ (lifestyle) နဲ့ အလုပ်လုပ်ကိုင်ပုံတွေကိုပါ ပြောင်းလဲသွား စေပါတယ်။ ဥပမာ အရင်တုံးက ဈေးရောင်းခြင်း (sales) နဲ့ မားကက်တင်း (marketing) တွေကို အပြင်မှာ လူကိုယ်တိုင် လိုက်ရောင်းတာ၊ ဒါမှမဟုတ် ဈေးဆိုင်တွေဖွင့်ပြီး ရောင်းချတာမျိုးလုပ်ရပါတယ်။

entrepreneur-593372_640.jpg 

ဒါပေမယ့် နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်ကြားခံနယ်တွေ အများကြီးရှိလာတဲ့အခါ ဈေးရောင်းချင်ရင်တောင် ဆိုင်ဖွင့်ပြီး ရောင်းစရာမလိုတော့ဘဲ အွန်လိုင်းပေါ်ကပဲ online shop လေးတွေ ဖွင့်ပြီး ရောင်းတာတို့၊ မားကက်တင်းဆိုရင်တော့ ပုံမှန် ရိုးရာ မားကက်တင်းတွေနေရာမှာ ဒစ်ဂျစ်တယ်မားကက်တင်းတွေ ဖြစ်လာတာတို့ဆိုပြီး ပြောင်းလဲလာပါတယ်။

အဲဒီအချိန်မှာ ဘာတစ်ခုကောင်းလာလဲဆိုတော့ တချို့ အလုပ်တွေဟာ ရုံးတက်ဖို့မလိုဘဲ အိမ်ကပဲ freelance လုပ်လို့ရတာမျိုးတွေ ရှိလာပါတယ်။ freelance ဆိုတာ ရုံးတက်စရာမလိုဘဲ အိမ်ကပဲ အလုပ်လုပ်လို့ရတဲ့ အလုပ်မျိုးပါ။ ဒါဆိုရင် freelance လုပ်သားတစ်ယောက်ရဲ့ ကောင်းကျိုးတွေက ဘာတွေများဖြစ်မလဲ။

၁။ လမ်းမှာကုန်မယ့် အချိန်တွေကိုု အလုပ်မှာအားစိုက်လို့ရတယ်

104290242-GettyImages-56454003.jpg 

အားလုံးသိကြတဲ့အတိုင်းပါပဲ။ ရုံးချိန်၊ ကျောင်းချိန်ဆိုရင် ရန်ကုန်မြို့ရဲ့လမ်းမတွေက ကားကျပ်လွန်းလှပါတယ်။ ရုံးကိုရောက်ဖို့အတွက် (၁) နာရီလောက်ကားတိုးစီးရတယ်ဆိုရင် မိမိတန်ဖိုးရှိလှတဲ့ အချိန်တွေကိုကော၊ စွမ်းအင်တွေကိုကော ဆုံးရှုံးလိုက်ရပါပြီ။ အဲဒီအစား အိမ်ကပဲ freelance လုပ်မယ်ဆိုရင်တော့ အလုပ်သွားချိန်အတွက် အချိန်နဲ့ စွမ်းအင်တွေကို အလုပ်ထဲမှာ အားစိုက်လို့ရတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်ပါတယ်။

၂။ မိသားစုကို လွတ်လွတ်လပ်လပ်စောင့်ရှောက်နိုင်တယ်

best-work-from-home-jobs.jpg 

ကုမ္မဏီဝန်ထမ်းဆိုရင် အိမ်က ကလေးနေမကောင်းတာတို့၊ အဖေအမေ နေမကောင်းတာတို့ဆိုရင် ခွင့်ယူရပါသေးတယ်။ ဒါတောင် ရုံးကခွင့်ပေးဦးမှ ပြုစုစောင့်ရှောက်ပေးနိုင်တာပါ။ Freelance လုပ်သားဆိုရင်တော့ ကိုယ့်အိမ်မှာပဲကိုယ်နေပြီး ကိုယ်နိုင်သလောက် အလုပ်ကိုပဲ မှန်းပြီး တာဝန်ယူနိုင်တာမို့ မိသားစုဝင်တွေ နေထိုင်မကောင်းဖြစ်ရင် လွတ်လွတ်လပ်လပ် ပြုစုဂရုစိုက်နိုင်တာပေါ့။

၃။ သက်တောင့်သက်သာရှိတယ်

work-from-homw.jpg 

ရုံးဝန်ထမ်းဆိုရင်တော့ ရုံးကသတ်မှတ်ထားတဲ့ ဝန်ထမ်းဝတ်စုံကိုဝတ်ပြီး ဒါမှမဟုတ် မိမိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ လိုက်လျောညီထွေရှိမယ့် suit တစ်ခုခုကို ဝတ်ဆင်ရမှာပါ။ နောက်ပြီး ကိုယ့်အိမ်မှာကိုယ် သက်တောင့်သက်သာနေသလိုမျိုးတော့ ရုံးမှာသွားနေလို့ မရပါဘူး။

ဒီနေရာမှာ freelance သမားကတော့ အိမ်နေရင်း အဝတ်အစားနဲ့ပဲ ကိုယ်ထိုင်နေကျ ဆိုဖာလေးပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး အလုပ်လုပ်နိုင်ပါတယ်။ တစ်ခါတလေမှာ comfort zone မှာ အလုပ်လုပ်ရခြင်းက လုပ်ရည်ကိုင်ရည်ကို ပိုမိုတိုးတက်စေပါတယ်။

see also 

၄။ အလုပ်ချိန်က ပိုပြီး flexible ဖြစ်လာတယ်

မြန်မာပြည်က ပုံမှန် ရုံးဆင်း/ ရုံးတက်ချိန်က မနက် (၉) နာရီ ရုံးတက်၊ ညနေ (၅) နာရီ ရုံးဆင်းရပါတယ်။ တစ်ခါတလေမှာ ဒီလို ပုံသေဆန်တဲ့ အလုပ်ချိန်နဲ့ အဆင်မပြေတဲ့သူတွေ ရှိပါတယ်။ ဥပမာ... ကိုယ်ပိုင်တီထွင်ဖန်တီးမှုနဲ့ဆိုင်တဲ့ အလုပ်တွေဖြစ်တဲ့ ဒီဇိုင်နာ၊ စာရေးခြင်း၊ ဆော့ဝဲလ်ရေးဆွဲခြင်း အစရှိတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ ဈာန်ဝင်စားချိန် (စိတ်ကူးဉာဏ်ကွန့်မြူးချိန်) မှ အလုပ်လုပ်လို့ရတဲ့အတွက် ပုံမှန်ရုံးတက်ချိန်က အဆင်မပြေနိုင်ပါဘူး။ ဒီနေရာမှာ freelance သမားတွေက ရုံးချိန်ကင်းလွတ်တဲ့အတွက် လုပ်ရည်ကိုင်ရည် ပိုတက်လာနိုင်ပါတယ်။

၅။ ဝင်ငွေပိုကောင်းနိုင်တယ်

work-at-home-scams.jpg 

ရုံးဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကိုလိုက်ပြီး လစာအနည်းအများရှိနိုင်ပါတယ်။ တချို့လူတွေဆို တစ်လကို သိန်းဆယ်ဂဏန်းလောက်ရတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေလည်း ရှိပါတယ်။ Freelance လုပ်သားကတော့ မိမိရဲ့ လုပ်ကိုင်နိုင်စွမ်းကို ကြည့်ပြီး ပရောဂျက်တွေလိုက်နိုင်တဲ့အတွက် ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ဝင်ငွေကောင်းနိုင်ပါတယ်။

၆။ လုပ်ငန်းခွင်စိတ်ဖိအားတွေ နည်းတယ်

လုပ်ငန်းခွင်စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ အချင်းအရာတစ်ခုပါပဲ။ အမှှန်တော့ မိမိလုပ်ကိုင်တဲ့ လုပ်ငန်းသဘော သဘာဝအလိုက် လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုတာလည်း ရှိမှာပါပဲ။ ရုံးမတက်ရရင် လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေလည်း မရှိနိုင်တဲ့အတွက် လူမှုဘဝမှာကော၊ အလုပ်သဘောသဘာဝမှာပါ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ပါတယ်။

၇။ ရုံးတွင်းအရှုပ်အရှင်းတွေ မရှိတော့ဘူး

o-OFFICE-GOSSIP-facebook.jpg 

ရုံးသမားတွေမှာ ကြုံရတတ်တဲ့ နောက်ထပ်အရာတစ်ခုကတော့ ရုံးတွင်း ထက်အောက်ဆက်ဆံရေးနဲ့ ရုံးတွင်းအတင်းစကားတွေပါပဲ။ ဒါမျိုးတွေက ရုံးတွေမှာ ကြုံရလေ့ရှိတော့ အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မှာပါ။ တစ်ခါတလေမှာ အဲဒီ အရှုပ်အရှင်းတွေက စိတ်ကိုအနှောင့်အယှက်ပေးတဲ့အတွက် လုပ်ရည်ကိုင်ရည်ကိုပါ ထိခိုက်လာနိုင်စေပါတယ်။ Freelance သမားတွေကတော့ ဒါတွေကို ဂရုစိုက်ဖို့မလိုတဲ့အတွက် အလုပ်လုပ်လု့ိ ပိုအဆင်ပြေနိုင်ပါတယ်။

Source: youngisthan

 

[Zawgyi Version]

၂၁ ရာစုက နည္းပညာအေျပာင္းအလဲေတြဟာ ကြ်န္ေတာ္တို႔ရဲ႕ေနထိုင္ပံု (lifestyle) နဲ႔ အလုပ္လုပ္ကိုင္ပုံေတြကိုပါ ေျပာင္းလဲသြား ေစပါတယ္။ ဥပမာ အရင္တံုးက ေစ်းေရာင္းျခင္း (sales) နဲ႔ မားကက္တင္း (marketing) ေတြကို အျပင္မွာ လူကိုယ္တိုင္ လိုက္ေရာင္းတာ၊ ဒါမွမဟုတ္ ေစ်းဆိုင္ေတြဖြင္႔ၿပီး ေရာင္းခ်တာမ်ိဳးလုပ္ရပါတယ္။

ဒါေပမယ္႔ ေနာက္ပိုင္းမွာ ဒစ္ဂ်စ္တယ္ၾကားခံနယ္ေတြ အမ်ားႀကီးရွိလာတဲ႔အခါ ေစ်းေရာင္းခ်င္ရင္ေတာင္ ဆိုင္ဖြင္႔ၿပီး ေရာင္းစရာမလိုေတာ႔ဘဲ အြန္လိုင္းေပၚကပဲ online shop ေလးေတြ ဖြင္႔ၿပီး ေရာင္းတာတို႔၊ မားကက္တင္းဆိုရင္ေတာ႔ ပံုမွန္ ရိုးရာ မားကက္တင္းေတြေနရာမွာ ဒစ္ဂ်စ္တယ္မားကက္တင္းေတြ ျဖစ္လာတာတို႔ဆိုၿပီး ေျပာင္းလဲလာပါတယ္။

အဲဒီအခ်ိန္မွာ ဘာတစ္ခုေကာင္းလာလဲဆိုေတာ႔ တခ်ိဳ႕ အလုပ္ေတြဟာ ရံုးတက္ဖို႔မလုိဘဲ အိမ္ကပဲ freelance လုပ္လို႔ရတာမ်ိဳးေတြ ရွိလာပါတယ္။ freelance ဆိုတာ ရံုးတက္စရာမလိုဘဲ အိမ္ကပဲ အလုပ္လုပ္လို႔ရတဲ႔ အလုပ္မ်ိဳးပါ။ ဒါဆိုရင္ freelance လုပ္သားတစ္ေယာက္ရဲ႕ ေကာင္းက်ိဳးေတြက ဘာေတြမ်ားျဖစ္မလဲ။

၁။ လမ္းမွာကုန္မယ္႔ အခ်ိန္ေတြကိုု အလုပ္မွာအားစိုက္လို႔ရတယ္

104290242-GettyImages-56454003.jpg 

အားလံုးသိၾကတဲ႔အတိုင္းပါပဲ။ ရံုးခ်ိန္၊ ေက်ာင္းခ်ိန္ဆိိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕လမ္းမေတြက ကားက်ပ္လြန္းလွပါတယ္။ ရံုးကိုေရာက္ဖို႔အတြက္ (၁) နာရီေလာက္ကားတိုးစီးရတယ္ဆိုရင္ မိမိတန္ဖိုးရွိလွတဲ႔ အခ်ိန္ေတြကိုေကာ၊ စြမ္းအင္ေတြကိုေကာ ဆံုးရႈံးလိုက္ရပါၿပီ။ အဲဒီအစား အိမ္ကပဲ freelance လုပ္မယ္ဆိုရင္ေတာ႔ အလုပ္သြားခ်ိန္အတြက္ အခ်ိန္နဲ႔ စြမ္းအင္ေတြကို အလုပ္ထဲမွာ အားစိုက္လို႔ရတဲ႔အတြက္ ပိုမိုေကာင္းမြန္တဲ႔ ရလဒ္ေတြကို ရရွိႏိုင္္ပါတယ္။

၂။ မိသားစုကို လြတ္လြတ္လပ္လပ္ေစာင္႔ေရွာက္ႏိုင္တယ္

best-work-from-home-jobs.jpg 

ကုမၼဏီဝန္ထမ္းဆိုရင္ အိမ္က ကေလးေနမေကာင္းတာတို႔၊ အေဖအေမ ေနမေကာင္းတာတို႔ဆိုရင္ ခြင္႔ယူရပါေသးတယ္။ ဒါေတာင္ ရံုးကခြင္႔ေပးဦးမွ ျပဳစုေစာင္႔ေရွာက္ေပးႏိုင္တာပါ။ Freelance လုပ္သားဆိုရင္ေတာ႔ ကိုယ္႔အိမ္္မွာပဲကိုယ္ေနၿပီး ကိုယ္ႏိုင္သေလာက္ အလုပ္ကိုပဲ မွန္းၿပီး တာဝန္ယူႏိုင္တာမို႔ မိသားစုဝင္ေတြ ေနထိုင္မေကာင္းျဖစ္ရင္ လြတ္လြတ္လပ္လပ္ ျပဳစုဂရုစိုက္ႏိုင္တာေပါ႔။

၃။ သက္ေတာင္႔သက္သာရွိတယ္

work-from-homw.jpg 

ရံုးဝန္ထမ္းဆိုရင္ေတာ႔ ရံုးကသတ္မွတ္ထားတဲ႔ ဝန္ထမ္းဝတ္စံုကိုဝတ္ၿပီး ဒါမွမဟုတ္ မိမိလုပ္ကိုင္ေနတဲ႔ အလုပ္နဲ႔ လိုက္ေလ်ာညီေထြရွိမယ္႔ suit တစ္ခုခုကို ဝတ္ဆင္ရမွာပါ။ ေနာက္ၿပီး ကုိယ္႔အိမ္မွာကိုယ္ သက္ေတာင္႔သက္သာေနသလိုမ်ိဳးေတာ႔ ရံုးမွာသြားေနလို႔ မရပါဘူး။

ဒီေနရာမွာ freelance သမားကေတာ႔ အိမ္ေနရင္း အဝတ္အစားနဲ႔ပဲ ကိုယ္ထိုင္ေနက် ဆိုဖာေလးေပၚမွာ သက္ေတာင္႔သက္သာထိုင္ၿပီး အလုပ္လုပ္ႏိုင္ပါတယ္။ တစ္ခါတေလမွာ comfort zone မွာ အလုပ္လုပ္ရျခင္းက လုပ္ရည္ကိုင္ရည္ကို ပိုမိုတိုးတက္ေစပါတယ္။

see also 

၄။ အလုပ္ခ်ိန္က ပိုၿပီး flexible ျဖစ္လာတယ္

ျမန္မာျပည္က ပံုမွန္ ရံုးဆင္း/ ရံုးတက္ခ်ိန္က မနက္ (၉) နာရီ ရံုးတက္၊ ညေန (၅) နာရီ ရံုးဆင္းရပါတယ္။ တစ္ခါတေလမွာ ဒီလို ပံုေသဆန္တဲ႔ အလုပ္ခ်ိန္နဲ႔ အဆင္မေျပတဲ႔သူေတြ ရွိပါတယ္။ ဥပမာ... ကိုယ္ပိုင္တီထြင္ဖန္တီးမႈနဲ႔ဆိုင္တဲ႔ အလုပ္ေတြျဖစ္တဲ႔ ဒီဇိုင္နာ၊ စာေရးျခင္း၊ ေဆာ႔ဝဲလ္ေရးဆြဲျခင္း အစရွိတဲ႔ အလုပ္လုပ္ကိုင္သူေတြဟာ စ်ာန္ဝင္စားခ်ိန္ (စိတ္ကူးဉာဏ္ကြန္႕ျမဴးခ်ိန္) မွ အလုပ္လုပ္လို႔ရတဲ႔အတြက္ ပံုမွန္ရံုးတက္ခ်ိန္က အဆင္မေျပႏိုင္ပါဘူး။ ဒီေနရာမွာ freelance သမားေတြက ရံုးခ်ိန္ကင္းလြတ္တဲ႔အတြက္ လုပ္ရည္ကုိင္ရည္ ပိုတက္လာႏိုင္ပါတယ္။

၅။ ဝင္ေငြပိုေကာင္းႏိုင္တယ္

work-at-home-scams.jpg 

ရံုးဝန္ထမ္းတစ္ေယာက္ဟာ သူ႔ရဲ႕လုပ္ရည္ကိုင္ရည္ကိုလိုက္ၿပီး လစာအနည္းအမ်ားရွိႏိုင္ပါတယ္။ တခ်ိဳ႕လူေတြဆို တစ္လကို သိန္းဆယ္ဂဏန္းေလာက္ရတဲ႔ ကြ်မ္းက်င္ဝန္ထမ္းေတြလည္း ရွိပါတယ္။ Freelance လုပ္သားကေတာ႔ မိမိရဲ႕ လုပ္ကိုင္ႏိုင္စြမ္းကို ၾကည္႔ၿပီး ပေရာဂ်က္ေတြလိုက္ႏိုင္တဲ႔အတြက္ ကိုယ္လုပ္ႏိုင္ရင္ လုပ္ႏိုင္သေလာက္ ဝင္ေငြေကာင္းႏိုင္ပါတယ္။

၆။ လုပ္ငန္းခြင္စိတ္ဖိအားေတြ နည္းတယ္

လုပ္ငန္းခြင္စိတ္ဖိစီးမႈဟာ ခႏၶာကုိယ္က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္တဲ႔ အခ်င္းအရာတစ္ခုပါပဲ။ အမွွန္ေတာ႔ မိမိလုပ္ကိုင္တဲ႔ လုပ္ငန္းသေဘာ သဘာဝအလိုက္ လုပ္ငန္းခြင္စိတ္ဖိစီးမႈဆိုတာလည္း ရွိမွာပါပဲ။ ရံုးမတက္ရရင္ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြလည္း မရွိႏိုင္တဲ႔အတြက္ လူမႈဘဝမွာေကာ၊ အလုပ္သေဘာသဘာဝမွာပါ ပိုမိုထိေရာက္စြာ လုပ္ကိုင္ႏိုင္ပါတယ္။

၇။ ရံုးတြင္းအရႈပ္အရွင္းေတြ မရွိေတာ႔ဘူး

o-OFFICE-GOSSIP-facebook.jpg 

ရံုးသမားေတြမွာ ၾကံဳရတတ္တဲ႔ ေနာက္ထပ္အရာတစ္ခုကေတာ႔ ရံုးတြင္း ထက္ေအာက္ဆက္ဆံေရးနဲ႔ ရံုးတြင္းအတင္းစကားေတြပါပဲ။ ဒါမ်ိဳးေတြက ရံုးေတြမွာ ၾကံဳရေလ႔ရွိေတာ႔ အားလံုး ရင္းႏွီးကြ်မ္းဝင္ၿပီးသား ျဖစ္မွာပါ။ တစ္ခါတေလမွာ အဲဒီ အရႈပ္အရွင္းေတြက စိတ္ကိုအေႏွာင္႔အယွက္ေပးတဲ႔အတြက္ လုပ္ရည္ကိုင္ရည္ကိုပါ ထိခုိက္လာႏိုင္ေစပါတယ္။ Freelance သမားေတြကေတာ႔ ဒါေတြကို ဂရုစိုက္ဖို႔မလိုတဲ႔အတြက္ အလုပ္လုပ္လု႔ိ ပိုအဆင္ေျပႏိုင္ပါတယ္။

Source: youngisthan

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs