• Lifestyle
    တစ်ကြိမ်မှာတစ်ခု၊ အာရုံစူးစိုက်လုပ်ဆောင်နိုင်စေဖို့ အကြံပြုချက်များ
Phyo Min Thant
[Unicode Version]

chivas new image.jpg 

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ခါစ စွန့်ဦးတီထွင်သူတွေအနေနဲ့ တစ်ပြိုင်နက်တည်း ကိစ္စအများအပြားကိုစဉ်းစားကြရပြီး၊ အလုပ်တွေအများကြီးကိုလည်း တစ်ပြိုင်တည်းလုပ်နေရတတ်ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကိုယ်တတ်နိုင်သလောက်နဲ့လုပ်ငန်းကိုစတင်ရတာဖြစ်တာကြောင့် လုပ်ဖို့လိုတဲ့အလုပ်တွေအတွက် ဝန်ထမ်းလုံလုံ လောက်လောက်မခန့်နိုင်တာကြောင့် နေရာတော်တော်များများမှာကိုယ်တိုင်ဝင်လုပ်ရလို့ပါ။ဒါပေမဲ့ တစ်ချိန်တည်းမှာ ကိစ္စအများအပြားကိုအာရုံစိုက်လုပ်ဆောင်နေရရင် လူပင်ပန်းပြီး အလုပ်မပြီးမြောက်တာ၊ထိထိရောက်ရောက်မအောင်မြင် တာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့်လုပ်စရာတွေများနေပေမယ့် တစ်ကြိမ်မှာတစ်ခုသာအာရုံစူးစိုက်လုပ်ဆောင်နိုင် စေမယ့် အကြံပြုချက်အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) တစ်နေ့တာလုပ်ရန်ရှိစာရင်းကို တတ်နိုင်သမျှလျှော့ချပါ

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရည်မှန်းချက်ကိုကြီးနိုင်သမျှကြီးကြီးထားရမှာမှန်ပေမယ့် တစ်နေ့တာ လုပ်ဆောင်ရန်စာရင်းကိုတော့ နည်းနိုင်သမျှနည်းအောင်ကြိုးစားလျှော့ချရပါမယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်သင်လုပ်စရာ ရှိတဲ့အလုပ်တွေကို အရေးကြီးမှုအလိုက်အမျိုးအစားတိတိကျကျခွဲထားဖို့လိုပါတယ်။ ဒီနေ့တစ်နေ့တာအတွင်း မဖြစ်မနေ ပြီးအောင်လုပ်ရမယ့်အလုပ်တွေကိုချည်းပဲ တစ်နေ့တာလုပ်ရန်ရှိစာရင်းထဲကိုထည့်ပါ။ ကျန်တဲ့အလုပ်တွေကိုတော့ ပြီးရမယ့် နေ့အလိုက် လုပ်ရန်ရှိစာရင်းထဲမှာပဲထားဖို့ကြိုးစားရပါမယ်။ ဒါဆိုရင်သင့်အနေနဲ့ လက်ရှိလုပ်ဖို့လိုနေတဲ့အလုပ်အပေါ်မှာပဲ အာရုံစူးစိုက်ထားနိုင်တာကြောင့် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်ဖြစ်အောင်လုပ်ဆောင်နိုင်မှာပါ။

Article 30 image.jpeg 

(၂) ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ထားပါ

ကိုယ်ပြီးစီးအောင်လုပ်ရမယ့် အလုပ်တာဝန်တစ်ခုကို ရွေးချယ်ပြီးလုပ်နေပြီဆိုတဲ့အချိန်မှာ ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ် ထားနိုင်ဖို့ ကြိုးစားရပါမယ်။ ဒီလိုလုပ်ဖို့အတွက် Facebook နဲ့လူမှုကွန်ယက်တွေကိုပိတ်ထားဖို့မဖြစ်မနေလိုအပ်ပါတယ်။ အလုပ်လုပ်နေရင်း email စစ်တာမျိုးလည်းမလုပ်ပါနဲ့။အလုပ်လုပ်နေရင်းအဲဒီကိစ္စတွေဘက်အာရုံရောက်သွားမယ်ဆိုရင် သင်အလုပ်လုပ်တဲ့နှုန်းက မြန်သင့်သလောက်မြန်မှာမဟုတ်တော့ပါဘူး။

(၃) ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုသိပါ

ကိုယ်က ဘယ်လိုလုပ်ငန်းဆောင်တာတွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်သလဲ၊ ဘယ်လိုအလုပ်တွေမှာအားနည်းသလဲ ဆိုတာကို ကိုယ့်ကိုယ်ကိုယ်သိဖို့လိုပါတယ်။ လုပ်ငန်းစတင်ခါစ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ ဝန်ထမ်းတွေအများကြီး မခန့်နိုင်တာမှန်ပေမယ့် အလုပ်တိုင်းကိုလည်း ကိုယ်တိုင်ထိထိရောက်ရောက်လုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ လုပ်ငန်းလည်ပတ်မှုပိုင်းမှာနိုင်နိုင်နင်းနင်းလုပ်နိုင်ပေမယ့် အရောင်းနဲ့မားကတ်တင်းပိုင်းမှာအားနည်းတာမျိုးရှိနိုင်ပါတယ်။ ကိုယ့်အားသာချက်၊အားနည်းချက်တွေကိုသိထားမှသာ ဘယ်အလုပ်အကိုင်အတွက်မဖြစ်မနေဝန်ထမ်းခေါ်ယူဖို့ လိုအပ်ပြီး ဘယ်အပိုင်းတွေမှာတော့ ကိုယ်တိုင်လုပ်ဆောင်မယ်ဆိုတာကိုဆုံးဖြတ်နိုင်မှာပါ။ ဒီလိုနည်းနဲ့ သင်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုလျှော့ချနိုင်ပြီး တစ်ကြိမ်မှာအလုပ်တစ်ခုစီပိုမိုအာရုံစူးစိုက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

SEE ALSO: 

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

[Zawgyi Version]

ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းစတင္ခါစ စြန္႔ဦးတီထြင္သူေတြအေနနဲ႔ တစ္ျပိဳင္နက္တည္း ကိစၥအမ်ားအျပားကိုစဥ္းစားၾကရျပီး၊ အလုပ္ေတြအမ်ားၾကီးကိုလည္း တစ္ျပိဳင္တည္းလုပ္ေနရတတ္ပါတယ္။ ဒီလိုဘာေၾကာင့္ျဖစ္ရသလဲဆိုေတာ့ ကိုယ္တတ္ႏုိင္သေလာက္နဲ႔လုပ္ငန္းကိုစတင္ရတာျဖစ္တာေၾကာင့္ လုပ္ဖို႔လိုတဲ့အလုပ္ေတြအတြက္ ဝန္ထမ္းလံုလံု ေလာက္ေလာက္မခန္႔ႏုိင္တာေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားမွာကိုယ္တုိင္ဝင္လုပ္ရလို႔ပါ။ဒါေပမဲ့ တစ္ခ်ိန္တည္းမွာ ကိစၥအမ်ားအျပားကိုအာရံုစိုက္လုပ္ေဆာင္ေနရရင္ လူပင္ပန္းျပီး အလုပ္မျပီးေျမာက္တာ၊ထိထိေရာက္ေရာက္မေအာင္ျမင္ တာမ်ိဳးေတြနဲ႔ ၾကံဳရတတ္ပါတယ္။ ဒါေၾကာင့္လုပ္စရာေတြမ်ားေနေပမယ့္ တစ္ၾကိမ္မွာတစ္ခုသာအာရံုစူးစုိက္လုပ္ေဆာင္ႏုိင္ ေစမယ့္ အၾကံျပဳခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) တစ္ေန႔တာလုပ္ရန္ရွိစာရင္းကို တတ္ႏုိင္သမွ်ေလွ်ာ့ခ်ပါ

စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ ရည္မွန္းခ်က္ကိုၾကီးႏုိင္သမွ်ၾကီးၾကီးထားရမွာမွန္ေပမယ့္ တစ္ေန႔တာ လုပ္ေဆာင္ရန္စာရင္းကိုေတာ့ နည္းႏုိင္သမွ်နည္းေအာင္ၾကိဳးစားေလွ်ာ့ခ်ရပါမယ္။ ဒီလိုလုပ္ႏုိင္ဖို႔ဆိုရင္သင္လုပ္စရာ ရွိတဲ့အလုပ္ေတြကို အေရးၾကီးမႈအလိုက္အမ်ိဳးအစားတိတိက်က်ခြဲထားဖို႔လိုပါတယ္။ ဒီေန႔တစ္ေန႔တာအတြင္း မျဖစ္မေန ျပီးေအာင္လုပ္ရမယ့္အလုပ္ေတြကိုခ်ည္းပဲ တစ္ေန႔တာလုပ္ရန္ရွိစာရင္းထဲကိုထည့္ပါ။ က်န္တဲ့အလုပ္ေတြကိုေတာ့ ျပီးရမယ့္ ေန႔အလိုက္ လုပ္ရန္ရွိစာရင္းထဲမွာပဲထားဖို႔ၾကိဳးစားရပါမယ္။ ဒါဆိုရင္သင့္အေနနဲ႔ လက္ရွိလုပ္ဖို႔လိုေနတဲ့အလုပ္အေပၚမွာပဲ အာရံုစူးစိုက္ထားႏုိင္တာေၾကာင့္ ပိုျပီးျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ျဖစ္ေအာင္လုပ္ေဆာင္ႏုိင္မွာပါ။

(၂) ကမၻာၾကီးနဲ႔အဆက္အသြယ္ျဖတ္ထားပါ

ကိုယ္ျပီးစီးေအာင္လုပ္ရမယ့္ အလုပ္တာဝန္တစ္ခုကို ေရြးခ်ယ္ျပီးလုပ္ေနျပီဆိုတဲ့အခ်ိန္မွာ ကမၻာၾကီးနဲ႔အဆက္အသြယ္ျဖတ္ ထားႏုိင္ဖို႔ ၾကိဳးစားရပါမယ္။ ဒီလိုလုပ္ဖို႔အတြက္ Facebook နဲ႔လူမႈကြန္ယက္ေတြကိုပိတ္ထားဖို႔မျဖစ္မေနလိုအပ္ပါတယ္။ အလုပ္လုပ္ေနရင္း email စစ္တာမ်ိဳးလည္းမလုပ္ပါနဲ႔။အလုပ္လုပ္ေနရင္းအဲဒီကိစၥေတြဘက္အာရံုေရာက္သြားမယ္ဆုိရင္ သင္အလုပ္လုပ္တဲ့ႏႈန္းက ျမန္သင့္သေလာက္ျမန္မွာမဟုတ္ေတာ့ပါဘူး။

(၃) ကိုယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကိုသိပါ

ကုိယ္က ဘယ္လိုလုပ္ငန္းေဆာင္တာေတြကိုအေကာင္းဆံုးလုပ္ေဆာင္ႏုိင္သလဲ၊ ဘယ္လိုအလုပ္ေတြမွာအားနည္းသလဲ ဆုိတာကို ကိုယ့္ကိုယ္ကုိယ္သိဖို႔လိုပါတယ္။ လုပ္ငန္းစတင္ခါစ စြန္႔ဦးတီထြင္သူတစ္ဦးအေနနဲ႔ ဝန္ထမ္းေတြအမ်ားၾကီး မခန္႔ႏုိင္တာမွန္ေပမယ့္ အလုပ္တုိင္းကိုလည္း ကိုယ္တုိင္ထိထိေရာက္ေရာက္လုပ္ႏုိင္မွာမဟုတ္ပါဘူး။ သင့္အေနနဲ႔ လုပ္ငန္းလည္ပတ္မႈပိုင္းမွာႏုိင္ႏိုင္နင္းနင္းလုပ္ႏုိင္ေပမယ့္ အေရာင္းနဲ႔မားကတ္တင္းပိုင္းမွာအားနည္းတာမ်ိဳးရွိႏုိင္ပါတယ္။ ကိုယ့္အားသာခ်က္၊အားနည္းခ်က္ေတြကိုသိထားမွသာ ဘယ္အလုပ္အကိုင္အတြက္မျဖစ္မေနဝန္ထမ္းေခၚယူဖို႔ လိုအပ္ျပီး ဘယ္အပိုင္းေတြမွာေတာ့ ကိုယ္တုိင္လုပ္ေဆာင္မယ္ဆိုတာကိုဆံုးျဖတ္ႏုိင္မွာပါ။ ဒီလိုနည္းနဲ႔ သင္လုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာေတြကိုေလွ်ာ့ခ်ႏုိင္ျပီး တစ္ၾကိမ္မွာအလုပ္တစ္ခုစီပိုမိုအာရံုစူးစိုက္လုပ္ေဆာင္ႏုိင္မွာပဲ ျဖစ္ပါတယ္။

SEE ALSO: 

 

ဒီေန႔ကမၻာမွာ လူမႈပတ္၀န္းက်င္နဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အေရးတႀကီး လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ဖို႔ အတြက္ စိတ္အားထက္သန္ၿပီး သူတို႔ရဲ႕ အရည္အေသြးေတြနဲ႔ စြမ္းအင္ေတြကို ပိုမိုေကာင္းမြန္တဲ့ ကမၻာတစ္ခုတည္ေဆာက္ ရာမွာအသံုးခ်ေနတဲ့ မ်ိဳးဆက္သစ္တစ္ရပ္ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ Chivas Regal ဟာ အဲဒီမ်ိဳးဆက္သစ္ေတြကို အဓိပၸာယ္ျပည့္၀တဲ့နည္းလမ္းေတြနဲ႔ ထိေတြ႕ဆက္ဆံၿပီး သူတို႔ေတြထဲကေန ေအာင္ျမင္တဲ့ လူမႈကူညီေရး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြ ေပၚထြက္လာေစဖို႔အတြက္ အားေပးကူညီသြားဖို႔ ဆံုးျဖတ္ထားပါတယ္။

စီးပြားေရးလုပ္ငန္းနဲ႔ တီထြင္ဖန္တီးမႈေတြက ေကာင္းမြန္မႈအတြက္အင္အားတစ္ရပ္ျဖစ္လာႏိုင္တယ္လို႔ Chivas Regal က စိတ္ထဲႏွလံုးထဲက ယံုၾကည္ထားပါတယ္။ www.theventure.com ကို၀င္ေရာက္ၿပီးေတာ့ ဆက္လက္ေလ့လာဖတ္ရႈ႕ႏုိင္ ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs