• Lifestyle
    နာမည်ကျော်စားဖိုမှူး ဘီလီလောရဲ့ အီဂျစ်သိုးသားလွှာကြော်နည်း
Phyo Min Thant
[Unicode Version]

article 19.jpg 

သိုးသားဟာနူးညံ့ပြီးကျက်လွယ်တာကြောင့် သူ့ချည်းပဲကြော်ရင် တူးသွားတတ်ပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင် အမှုန့်တစ်မျိုးမျိုးနဲ့အပေါ်ကအုပ်ပြီးကြော်တာကပိုအဆင်ပြေမှာပါ။ ဒီလိုကြော်မယ်ဆိုရင် အရသားထူးထူးခြားခြားလေးဖြစ် သွားစေမယ့် ကမ္ဘာကျော်သြစတြေးလျစားဖိုမှူး ဘီလီလောရဲ့ အီဂျစ်သိုးသားလွှာကြော်နည်းကို ဖော်ပြပေးချင်ပါတယ်။ အီဂျစ်ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ ဒတ်ခါ(dukkah) နဲ့ကပ်ပြီးကြော်တဲ့နည်းဖြစ်ပါတယ်။ ဒတ်ခါ ဆိုတာက အမွှေးအကြိုင်ရွက်၊အခွံမာသီး၊ အခြားအမွှေးအကြိုင်တွေရောနှောထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ ဆူပါမားကတ်တွေမှာရှာဖွေဝယ်ယူလို့ရနိုင်ပါတယ်။ ဒတ်ခါအကြောင်းပြီးတဲ့နောက် ဘီလီလောရဲ့ အီဂျစ်သိုးသား လွှာကြော်နည်းကိုဆက်လက် ဖော်ပြရရင်တော့ -

ပါဝင်ပစ္စည်းများ

၁။ သိုးသားလွှာ - ၁၂ ခု

၂။ ကြက်ဥ  - ၁ လုံး (အနည်းငယ်ခလောက်ထားပါ)

၃။ ဂျံမှုန့်  - ထမင်းပေါင်းအိုးဆန်ချင်ခွက်အသေးနှင့် ၁ ခွက်

၄။ ဒတ်ခါ  - ၁  ခွက်

၅။ ဆား နှင့် ငရုတ်ကောင်း

၆။ ဆီ - ၂ ဇွန်း

၇။ ပူဒီနာရွက် - လက်တစ်ဆုပ်စာ

၈။ ပဲစိမ်းစေ့ - ၅၀၀ ဂရမ်

၉။ ဒိန်ခဲချိစ်  - ၁၀၀ ဂရမ်

SEE ALSO: 

 

ပြုလုပ်ပုံ

၁။ ကြက်ဥ ၊ ဂျုံမှုန့် နှင့် ဒတ်ခါ တို့ကို ပန်းကန်လုံးတစ်ခုစီတွင် သီးခြားစီထည့်ထားပါ။

၂။ ပထမဆုံး သိုးသားလွှာကို ဂျုံမှုန့်ပန်းကန်ထဲနှစ်ပြီး အနည်းငယ်ပြန်ခါပေးပါ။ ပြီးနောက် ကြက်ဥထဲနှစ်ပါ၊နောက်ဆုံးမှာ ဒတ်ခါမှုန့်ထဲနှစ်ပါ။ ပြီးလျှင် လင်ပန်း၊ဒါမှမဟုတ် ပန်းကန်ပြားတစ်ခုပေါ်တင်ထားပါ။ ကျန်သိုးသားလွှာတွေကိုလည်း အဲဒီ နည်းအတိုင်းတစ်ခုစီလုပ်ပါ။

၃။ ဒယ်အိုးပြားတစ်ခုထဲဆီထည့်ပြီး မီးအနေတော်ပေးပါ။ တစ်ကြိမ်ကို သိုးသားလွှာ ၂ ခု၊ ၃ ခုလောက်သာထည့်ပြီးကြော်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက်ကြော်ပြီးရင် ဟိုဘက်၊ဒီဘက်လှန်ပေးပါ။ ပြီးရင်ဆီစုပ်မယ့်စက္ကူပေါ်တင်ထားလိုက်ပါ။

၄။ အိုးထဲရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ပဲစိမ်းစေ့တွေကို ရေနွေးထဲထည့်ပြီး ၂ မိနစ်ခန့်ပြုတ်ပါ။ ပြီးရင် ပဲစိမ်းစေ့တွေကို ဆယ်ကာရေစစ်ပြီး ပန်းကန်လုံးတစ်ခုထဲထည့်ပါ။ ပူဒီနာရွက်တွေကို သေးသွားအောင်သင်ပြီး ပဲစိမ်းစေ့ထည့်ထားတဲ့ ပန်းကန်လုံးထဲထည့်ပါ။ ချိစ်ကိုအတုံးသေးသေးလေးတွေတုံးပြီး ပန်းကန်လုံးထဲထည့်ပါ။ ဆီအနည်းငယ်လောင်းထည့်ပါ။ အဲဒီနောက်သမအောင်မွှေပေးပါ။

၅။ ပဲစေ့၊ပူဒီနာရွက်တို့ရောနယ်ထားတဲ့ အနှစ်ကိုပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး အပေါ်ကနေသိုးသားလွှာကြော်တွေကို တင်လိုက်ရင်တော့ နာမည်ကျော်စားဖိုမှူး ဘီလီလောရဲ့ အီဂျစ်သိုးသားလွှာကြော်ကိုရပါပြီ။ ဒီဟင်းလျာကို Jacob’s Creek Reserve Shiraz ဝိုင်နဲ့တွဲဖက်သုံးဆောင်လိုက်ရင်တော့ တကယ့်ကိုလိုက်ဖက်ပြီးလျှာလည်သွားမှာ အသေအချာပါပဲ။

[Zawgyi Version]

သိုးသားဟာႏူးညံ့ျပီးက်က္လြယ္တာေၾကာင့္ သူ႔ခ်ည္းပဲေၾကာ္ရင္ တူးသြားတတ္ပါတယ္။ ဒါေၾကာင့္ ဟင္းခတ္အေမႊးအၾကိဳင္ အမႈန္႔တစ္မ်ိဳးမ်ိဳးနဲ႔အေပၚကအုပ္ျပီးေၾကာ္တာကပိုအဆင္ေျပမွာပါ။ ဒီလိုေၾကာ္မယ္ဆုိရင္ အရသားထူးထူးျခားျခားေလးျဖစ္ သြားေစမယ့္ ကမၻာေက်ာ္ၾသစေၾတးလ်စားဖိုမွဴး ဘီလီေလာရဲ႕ အီဂ်စ္သိုးသားလႊာေၾကာ္နည္းကို ေဖာ္ျပေပးခ်င္ပါတယ္။ အီဂ်စ္ဟင္းခတ္အေမႊးအၾကိဳင္တစ္မ်ိဳးျဖစ္တဲ့ ဒတ္ခါ(dukkah) နဲ႔ကပ္ျပီးေၾကာ္တဲ့နည္းျဖစ္ပါတယ္။ ဒတ္ခါ ဆိုတာက အေမႊးအၾကိဳင္ရြက္၊အခြံမာသီး၊ အျခားအေမႊးအၾကိဳင္ေတြေရာေႏွာထားတဲ့ ဟင္းခတ္အေမႊးအၾကိဳင္တစ္မ်ိဳးပါ။ ဆူပါမားကတ္ေတြမွာရွာေဖြဝယ္ယူလို႔ရႏုိင္ပါတယ္။ ဒတ္ခါအေၾကာင္းျပီးတဲ့ေနာက္ ဘီလီေလာရဲ႕ အီဂ်စ္သိုးသား လႊာေၾကာ္နည္းကိုဆက္လက္ ေဖာ္ျပရရင္ေတာ့ -

ပါဝင္ပစၥည္းမ်ား

၁။ သိုးသားလႊာ - ၁၂ ခု

၂။ ၾကက္ဥ  - ၁ လံုး (အနည္းငယ္ခေလာက္ထားပါ)

၃။ ဂ်ံမႈန္႔  - ထမင္းေပါင္းအိုးဆန္ခ်င္ခြက္အေသးႏွင့္ ၁ ခြက္

၄။ ဒတ္ခါ  - ၁  ခြက္

၅။ ဆား ႏွင့္ ငရုတ္ေကာင္း

၆။ ဆီ - ၂ ဇြန္း

၇။ ပူဒီနာရြက္ - လက္တစ္ဆုပ္စာ

၈။ ပဲစိမ္းေစ့ - ၅၀၀ ဂရမ္

၉။ ဒိန္ခဲခ်ိစ္  - ၁၀၀ ဂရမ္

SEE ALSO: 

 

ျပဳလုပ္ပံု

၁။ ၾကက္ဥ ၊ ဂ်ံဳမႈန္႔ ႏွင့္ ဒတ္ခါ တို႔ကို ပန္းကန္လံုးတစ္ခုစီတြင္ သီးျခားစီထည့္ထားပါ။

၂။ ပထမဆံုး သိုးသားလႊာကို ဂ်ံဳမႈန္႔ပန္းကန္ထဲႏွစ္ျပီး အနည္းငယ္ျပန္ခါေပးပါ။ ျပီးေနာက္ ၾကက္ဥထဲႏွစ္ပါ၊ေနာက္ဆံုးမွာ ဒတ္ခါမႈန္႔ထဲႏွစ္ပါ။ ျပီးလွ်င္ လင္ပန္း၊ဒါမွမဟုတ္ ပန္းကန္ျပားတစ္ခုေပၚတင္ထားပါ။ က်န္သိုးသားလႊာေတြကိုလည္း အဲဒီ နည္းအတိုင္းတစ္ခုစီလုပ္ပါ။

၃။ ဒယ္အိုးျပားတစ္ခုထဲဆီထည့္ျပီး မီးအေနေတာ္ေပးပါ။ တစ္ၾကိမ္ကို သိုးသားလႊာ ၂ ခု၊ ၃ ခုေလာက္သာထည့္ျပီးေၾကာ္ပါ။ ၂ မိနစ္၊ ၃ မိနစ္ေလာက္ေၾကာ္ျပီးရင္ ဟိုဘက္၊ဒီဘက္လွန္ေပးပါ။ ျပီးရင္ဆီစုပ္မယ့္စကၠဴေပၚတင္ထားလိုက္ပါ။

၄။ အိုးထဲေရထည့္ျပီး ပြက္ပြက္ဆူေအာင္တည္ပါ။ ပဲစိမ္းေစ့ေတြကို ေရေႏြးထဲထည့္ျပီး ၂ မိနစ္ခန္႔ျပဳတ္ပါ။ ျပီးရင္ ပဲစိမ္းေစ့ေတြကို ဆယ္ကာေရစစ္ျပီး ပန္းကန္လံုးတစ္ခုထဲထည့္ပါ။ ပူဒီနာရြက္ေတြကို ေသးသြားေအာင္သင္ျပီး ပဲစိမ္းေစ့ထည့္ထားတဲ့ ပန္းကန္လံုးထဲထည့္ပါ။ ခ်ိစ္ကိုအတံုးေသးေသးေလးေတြတံုးျပီး ပန္းကန္လံုးထဲထည့္ပါ။ ဆီအနည္းငယ္ေလာင္းထည့္ပါ။ အဲဒီေနာက္သမေအာင္ေမႊေပးပါ။

၅။ ပဲေစ့၊ပူဒီနာရြက္တို႔ေရာနယ္ထားတဲ့ အႏွစ္ကိုပန္းကန္ျပားတစ္ခ်ပ္ထဲထည့္ျပီး အေပၚကေနသိုးသားလႊာေၾကာ္ေတြကို တင္လိုက္ရင္ေတာ့ နာမည္ေက်ာ္စားဖိုမွဴး ဘီလီေလာရဲ႕ အီဂ်စ္သိုးသားလႊာေၾကာ္ကိုရပါျပီ။ ဒီဟင္းလ်ာကို Jacob’s Creek Reserve Shiraz ဝိုင္နဲ႔တြဲဖက္သံုးေဆာင္လိုက္ရင္ေတာ့ တကယ့္ကိုလိုက္ဖက္ျပီးလွ်ာလည္သြားမွာ အေသအခ်ာပါပဲ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs