• Lifestyle
    အိမ်မွေးခွေးလေးတွေအတွက် အိန္ဒိယနိုင်ငံက ဇိမ်ခံဟိုတယ်
Thiha Htun
[Unicode Version]

ကတ္တီပါမွေ့ယာ၊ ဇိမ်ယူဖို့ spa ၊ (၂၄) နာရီ ဆေးဝါးကုသစောင့်ရှောက်မှု၊ ဘယ်လ်ဂျီယမ်နိုင်ငံက တင်သွင်းတဲ့ အယ်လ်ကိုဟော မပါဝင်တဲ့ဘီယာ.... အစရှိတဲ့ စကားလုံးတွေကို ကြားလိုက်ရရင် သန်းကြွယ်သူေဋ္ဌးကြီးတစ်ယောက်ရဲ့ လူနေမှုပုံစံလို့ ထင်မိကြပါလိမ့်မယ်။ တကယ်တော့ ဒါတွေဟာ ပိုးမွေးသလိုမွေးထားတဲ့ အိန္ဒိယနိုင်ငံက အိမ်မွေးခွေးလေးတွေရဲ့ နေထိုင်မှုပုံစံပါပဲ။ နည်းနည်းတော့ မနာလိုဖြစ်သွားတယ် ဟုတ်။

 critterati-dog-hotel-1.jpg

Critterati ဟာ တောင်အာရှမှာတော့ အိမ်မွေးခွေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ပထမဦးဆုံး ဇိမ်ခံဟိုတယ်တစ်လုံး ဖြစ်ပါတယ်။ အခန်းခတွေကတော့ တစ်ညကို အမေရိကန်ဒေါ်လာ (၇၀) ဝန်းကျင်ရှိပြီး သူတို့ရဲ့ပျော်ရွှင်မှုနဲ့ သက်တောင့်သက်သာ ရှိမှုတို့ကိုသာ အလေးထားတဲ့ ပိုင်ရှင်တွေကတော့ သူတို့အတွက် ပိုက်ဆံကို ရက်ရက်ရောရောသုံးပြီး ထားပေးကြပါတယ်။

critterati-dog-hotel-6.jpg 

အိန္ဒိယနိုင်ငံမှာ လမ်းဘေးခွေး သန်း (၃၀) လောက် တစ်နေ့တစ်နေ့ ငတ်မသေအောင် ရုန်းကန်နေရချိန်မှာ St Bernards တို့၊ Labrador တို့၊ Lhasa Apsos တို့လို ခွေးတွေကတော့ အိမ်မွေးတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်မှု စနစ်ကောင်းကောင်းအောက်မှာ တော်ရုံလူတွေထက်တောင် ဇိမ်ကျနေပါသေးတယ်။

Critterati ဟိုတယ်ရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Deepak Chawla ကတော့ ဟိုတယ်ကို နယူးဒေလီမြို့မှာ ဖွင့်လှစ်ခဲ့ခြင်းက ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တွေအတွက် ပုံမှန်ထက်သာတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ "ကိုယ့်ခွေးကိုယ် ချစ်တဲ့ဘယ်လိုသခင်မျိုးကမှ ကိုယ့်ခွေးကိုယ် သာမန်ခွေးစောင့်ရှောက်ရေးဂေဟာတွေမှာ ထားခဲ့ချင်မှာလဲဗျာ" လို့လည်း သူကဆိုပါတယ်။

critterati-dog-hotel-3.jpg 

အာရှတိုက်ရဲ့စီးပွားရေးဘီလူးကြီးတစ်ကောင်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ စီးပွားရေးကဏ္ဍမှာ တိုးတက်လာတဲ့အတွက် မိမိတို့ရဲ့ အိမ်မွေးခွေးတွေကို အခုလိုမျိုး ဇိမ်ခံဟိုတယ်တွေမှာ ထားမယ်ဆိုလည်း အခက်အခဲမရှိ ထားနိုင်နေကြပါပြီ။ အိန္ဒိယနိုင်ငံရဲ့ အိမ်မွေးခွေးအရေအတွက်ဟာဆိုရင် ၂၀၀၂ ခုနှစ်မှာ ကောင်ရေ (၂) သန်း၊ ၂၀၁၆ ခုနှစ်မှာ ကောင်ရေ (၁၅) သန်း ဖြစ်လာခဲ့ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ ကောင်ရေ (၂၆) သန်းထိ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Critterati ဟိုတယ်ရဲ့အကောင်းဆုံးအခန်းဟာဆိုရင် ပိုးဖဲကတ္တီပါ မွေ့ယာ၊ တယ်လီဗီးရှင်းတို့အပြင် လေသာဆောင်ဆီထွက်လို့ရတဲ့ သီးခြားခွေးတိုးပေါက်တောင် ပါဝင်ပါသေးတယ်။ နောက်ပြီး ခွေးတွေ ရေဆင်းကူးနိုင်မယ့် ခွေးရေကူးကန်ရယ်၊ ခွေးတွေအတွက် ဆီလူးအနှိပ်ခန်းရယ်၊ (၂၄) နာရီ ဆေးဝါးကုသစောင့်ရှောက်မှုရယ်လည်း ပါဝင်ပါသေးတယ်။ ထမင်းနဲ့ကြက်သားအပြင် မက်ဖင်မုန့်၊ ပန်ကိတ်၊ ရေခဲမုန့်၊ အယ်လ်ကိုဟောမပါဝင်တဲ့ ဘယ်လ်ဂျီယံဘီယာတို့ကို ရရှိနိုင်တဲ့ ခွေးကဖေးတွေလည်း ပါရှိပါသေးတယ်။

critterati-dog-hotel-2.jpg 

ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့အိမ်မွေးခွေးလေးတွေကို နာရီပေါင်းများစွာကြာအောင် ထားခဲ့လို့လည်းရပါတယ်လို့ Chawla က ဆိုပါတယ်။ "မနက် (၇) နာရီမှာ အိမ်သာသွားဖို့အချိန်ပေးတယ်။ ပြီးရင် မနက်စာကျွေးတယ်။ ပြီးရင် အိမ်သာပြန်သွားခိုင်းတယ်။ ပြီးရင် နှစ်နာရီလောက် ပေးဆော့ခိုင်းတယ်။ ပြီးရင်တော့ ရေကူးခိုင်းတယ်။ ပြီးရင်ပြန်ဆော့ခိုင်းပြီး ကဖေးဆိုင်အတွက် အချိန်ပေးပါတယ်" လို့ Chawla က ဆိုပါတယ်။

critterati-dog-hotel-4.jpg 

အစာအကြွင်းအကျန်လေးတွေကို မျက်နှာငယ်လေးတွေနဲ့ စောင့်မျှော်နေတဲ့ လမ်းဘေးခွေးတွေနဲ့ ကွဲပြားတာက Critterati ရဲ့ ဖောက်သည်တွေ (ချမ်းသာတဲ့ သခင်ရဲ့ အိမ်မွေးခွေးလေးတွေ) ဟာ သူတို့လိုအပ်သမျှကို ရရှိနိုင်သလို သူတို့ကိုယ်သူတို့ မိဘတွေလို့ ယူဆကြတဲ့ သခင်တွေကလည်း သူတို့ရဲ့ သားသမီးလေးတွေ (ခွေးလေးတွေ) အတွက် သုံးလိုက်ရတဲ့ ပိုက်ဆံကို ထိုက်တန်တယ်လို့ ယူဆကြပါတယ်။

Source: channelnewsasia

[Zawgyi Version]

ကတၱီပါေမြ႕ယာ၊ ဇိမ္ယူဖို႔ spa ၊ (၂၄) နာရီ ေဆးဝါးကုသေစာင့္ေ႐ွာက္မႈ၊ ဘယ္လ္ဂ်ီယမ္ႏိုင္ငံက တင္သြင္းတဲ့ အယ္လ္ကိုေဟာ မပါဝင္တဲ့ဘီယာ.... အစ႐ွိတဲ့ စကားလံုးေတြကို ၾကားလိုက္ရရင္ သန္းၾကြယ္သူေ႒းႀကီးတစ္ေယာက္ရဲ႕ လူေနမႈပံုစံလို႔ ထင္မိၾကပါလိမ့္မယ္။ တကယ္ေတာ့ ဒါေတြဟာ ပိုးေမြးသလိုေမြးထားတဲ့ အိႏၵိယႏိုင္ငံက အိမ္ေမြးေခြးေလးေတြရဲ႕ ေနထိုင္မႈပံုစံပါပဲ။ နည္းနည္းေတာ့ မနာလိုျဖစ္သြားတယ္ ဟုတ္။

 critterati-dog-hotel-1.jpg

Critterati ဟာ ေတာင္အာရွမွာေတာ့ အိမ္ေမြးေခြးေတြအတြက္ ရည္ရြယ္ဖြင့္လွစ္ထားတဲ့ ပထမဦးဆံုး ဇိမ္ခံဟုိတယ္တစ္လံုး ျဖစ္ပါတယ္။ အခန္းခေတြကေတာ့ တစ္ညကို အေမရိကန္ေဒၚလာ (၇၀) ဝန္းက်င္႐ွိၿပီး သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ သက္ေတာင့္သက္သာ ႐ွိမႈတို႔ကိုသာ အေလးထားတဲ့ ပိုင္႐ွင္ေတြကေတာ့ သူတို႔အတြက္ ပိုက္ဆံကို ရက္ရက္ေရာေရာသံုးၿပီး ထားေပးၾကပါတယ္။

အိႏၵိယႏိုင္ငံမွာ လမ္းေဘးေခြး သန္း (၃၀) ေလာက္ တစ္ေန႔တစ္ေန႔ ငတ္မေသေအာင္ ႐ုန္းကန္ေနရခ်ိန္မွာ St Bernards တို႔၊ Labrador တို႔၊ Lhasa Apsos တို႔လို ေခြးေတြကေတာ့ အိမ္ေမြးတိရစၦာန္ ထိန္းသိမ္းေစာင့္ေ႐ွာက္မႈ စနစ္ေကာင္းေကာင္းေအာက္မွာ ေတာ္႐ံုလူေတြထက္ေတာင္ ဇိမ္က်ေနပါေသးတယ္။

Critterati ဟုိတယ္ရဲ႕အမႈေဆာင္အရာ႐ွိခ်ဳပ္ျဖစ္တဲ့ Deepak Chawla ကေတာ့ ဟိုတယ္ကို နယူးေဒလီၿမိဳ႕မွာ ဖြင့္လွစ္ခဲ့ျခင္းက ခ်မ္းသာၾကြယ္ဝတဲ့ မိသားစုဝင္ေတြအတြက္ ပံုမွန္ထက္သာတဲ့ ဝန္ေဆာင္မႈေတြကို ေပးစြမ္းလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ပဲ ျဖစ္ပါတယ္လို႔ ဆိုထားပါတယ္။ "ကိုယ့္ေခြးကိုယ္ ခ်စ္တဲ့ဘယ္လိုသခင္မ်ိဳးကမွ ကိုယ့္ေခြးကိုယ္ သာမန္ေခြးေစာင့္ေ႐ွာက္ေရးေဂဟာေတြမွာ ထားခဲ့ခ်င္မွာလဲဗ်ာ" လို႔လည္း သူကဆိုပါတယ္။

အာ႐ွတိုက္ရဲ႕စီးပြားေရးဘီလူးႀကီးတစ္ေကာင္ျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ စီးပြားေရးက႑မွာ တိုးတက္လာတဲ့အတြက္ မိမိတို႔ရဲ႔ အိမ္ေမြးေခြးေတြကို အခုလိုမ်ိဳး ဇိမ္ခံဟိုတယ္ေတြမွာ ထားမယ္ဆိုလည္း အခက္အခဲမ႐ွိ ထားႏိုင္ေနၾကပါၿပီ။ အိႏၵိယႏိုင္ငံရဲ႔ အိမ္ေမြးေခြးအေရအတြက္ဟာဆိုရင္ ၂၀၀၂ ခုႏွစ္မွာ ေကာင္ေရ (၂) သန္း၊ ၂၀၁၆ ခုႏွစ္မွာ ေကာင္ေရ (၁၅) သန္း ျဖစ္လာခဲ့ၿပီး လာမယ့္ ၂၀၂၁ ခုႏွစ္မွာ ေကာင္ေရ (၂၆) သန္းထိ ျဖစ္လာလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Critterati ဟိုတယ္ရဲ႕အေကာင္းဆံုးအခန္းဟာဆိုရင္ ပိုးဖဲကတၱီပါ ေမြ႕ယာ၊ တယ္လီဗီး႐ွင္းတို႔အျပင္ ေလသာေဆာင္ဆီထြက္လို႔ရတဲ့ သီးျခားေခြးတိုးေပါက္ေတာင္ ပါဝင္ပါေသးတယ္။ ေနာက္ၿပီး ေခြးေတြ ေရဆင္းကူးႏိုင္မယ့္ ေခြးေရကူးကန္ရယ္၊ ေခြးေတြအတြက္ ဆီလူးအႏွိပ္ခန္းရယ္၊ (၂၄) နာရီ ေဆးဝါးကုသေစာင့္ေ႐ွာက္မႈရယ္လည္း ပါဝင္ပါေသးတယ္။ ထမင္းနဲ႔ၾကက္သားအျပင္ မက္ဖင္မုန္႔၊ ပန္ကိတ္၊ ေရခဲမုန္႔၊ အယ္လ္ကိုေဟာမပါဝင္တဲ့ ဘယ္လ္ဂ်ီယံဘီယာတို႔ကို ရရွိႏိုင္တဲ့ ေခြးကေဖးေတြလည္း ပါရွိပါေသးတယ္။

ပိုင္႐ွင္ေတြအေနနဲ႔ မိမိတုိ႔ရဲ႕အိမ္ေမြးေခြးေလးေတြကို နာရီေပါင္းမ်ားစြာၾကာေအာင္ ထားခဲ့လို႔လည္းရပါတယ္လို႔ Chawla က ဆိုပါတယ္။ "မနက္ (၇) နာရီမွာ အိမ္သာသြားဖို႔အခ်ိန္ေပးတယ္။ ၿပီးရင္ မနက္စာေကြ်းတယ္။ ၿပီးရင္ အိမ္သာျပန္သြားခိုင္းတယ္။ ၿပီးရင္ ႏွစ္နာရီေလာက္ ေပးေဆာ့ခိုင္းတယ္။ ၿပီးရင္ေတာ့ ေရကူးခိုင္းတယ္။ ၿပီးရင္ျပန္ေဆာ့ခိုင္းၿပီး ကေဖးဆိုင္အတြက္ အခ်ိန္ေပးပါတယ္" လို႔ Chawla က ဆိုပါတယ္။

အစာအၾကြင္းအက်န္ေလးေတြကို မ်က္ႏွာငယ္ေလးေတြနဲ႔ ေစာင့္ေမွ်ာ္ေနတဲ့ လမ္းေဘးေခြးေတြနဲ႔ ကြဲျပားတာက Critterati ရဲ႔ ေဖာက္သည္ေတြ (ခ်မ္းသာတဲ့ သခင္ရဲ႕ အိမ္ေမြးေခြးေလးေတြ) ဟာ သူတို႔လိုအပ္သမွ်ကို ရရွိႏိုင္သလို သူတို႔ကိုယ္သူတို႔ မိဘေတြလို႔ ယူဆၾကတဲ့ သခင္ေတြကလည္း သူတို႔ရဲ႕ သားသမီးေလးေတြ (ေခြးေလးေတြ) အတြက္ သံုးလိုက္ရတဲ့ ပိုက္ဆံကို ထိုက္တန္တယ္လို႔ ယူဆၾကပါတယ္။

Source: channelnewsasia


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs