• Lifestyle
    အထပ်မြင့်မိုးမျှော်တိုက် ဆောက်လုပ်မှုမှာ လွှမ်းမိုးလာနေတဲ့ တရုတ်နိုင်ငံ
Pyae Phyo Thein
[Unicode Version]

လူသားတွေအတွက်တော့ လိုအပ်ချက်တွေက ဒုနဲ့ဒေးပါပဲ။ အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ဖို့ဆိုတဲ့ အရာတွေကို ခုထိ ပြီးပြည့်စုံအောင် မရရှိနိုင်သေးတဲ့ လူတွေဆိုတာ အများကြီးပါပဲ။ အထူးသဖြင့် ကမ္ဘာ့လူဦးရေးတိုးပွားလာမှု လျှင်မြန်လာတာနဲ့အမျှ စားနပ်ရိက္ခာဖူလုံဖို့နဲ့ နေထိုင်စရာလိုအပ်ချက်တွေက စဉ်ဆက်မပြတ်ကို ရှိနေခဲ့တာပါ။ ဒီလိုတွေကြောင့်လည်း အခုဆိုရင် နည်းပညာထွန်းကားမှုကို အသုံးချပြီးတော့ လူသားတို့ နေထိုင်ဖို့အတွက် မိုးမျှော်တိုက်ကြီးတွေ ဆောက်လုပ်မှုက ကမ္ဘာပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ ကျဉ်းမြောင်းတဲ့ မြေကွက်ပေါ်မှာ အထပ်မြင့်အဆောက်အဦကြီးတွေကို မိုးထိလုခမန်း ဆောက်လုပ်နေပီးတော့ လုပ်ငန်းခွင်သုံး၊ ရုံးသုံးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကနေ နေထိုင်ဖို့အတွက်ပါ ဦးတည်ပြီးတော့ အပြိုင်အဆိုင်ဆောက်လုပ်မှုတွေ ဖြစ်လာခဲ့တာပါ။

Screenshot-2017-12-14 2017 A record year for skyscrapers(1).png 

၂၀၁၇ ခုနှစ်အတွင်း မိုးမျှော်တိုက်အဆောက်အဦတွေကို ဆောက်လုပ်ခဲ့မှုမှာ တရုတ်နိုင်ငံက လွှမ်းမိုးနိုင်ခဲ့ပါတယ်။ မိုးမျှော်တိုက်အဆောက်အဦတွေကို တိုင်းထွာသုတေသနလုပ်တဲ့ အဖွဲ့အစည်း Council of TAll Buildings and Urban Habitat (CTBUH) ရဲ့ဖော်ပြချက်အရမှာတော့ တရုတ်နိုင်ငံရဲ့ မြို့ပေါင်း ၃၆ မြို့က မိုးမျှော်တိုက် ၇၇ ခုထိ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ အနည်းဆုံး မီတာ ၂၀၀ အမြင့်ရှိတဲ့ အဆောက်အဦ ၁၄၄ ခုကို တိုင်းထွာခဲ့တာဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်က အရေအတွက်ထက် ၁၃ ရာခိုင်နှုန်း ပိုမိုများပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအချက်ကပဲ ကမ္ဘာပေါ်မှာ မိုးမျှော်တိုက်တွေ ဆောက်လုပ်မှုက အလျင်အမြန်တိုးပွားလာတာကို သိသာစေနိုင်ခဲ့ပါတယ်။

http_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F171213101306-marina101.jpg 

တရုတ်ပြည်တောင်ပိုင်းက အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ Shenzhen မှာဆိုရင် ၂၀၁၇ ခုနှစ်အတွင်းမှာ အမေရိကန်ထက် ပိုမိုများပြားမှုအဖြစ် မိုးမျှော်တိုက် ၁၂လုံးအထိ ဆောက်လုပ်ခဲ့ပြီးတော့ ၅၉၉ မီတာအမြင့်ရှိတဲ့ Ping An Finance Center တစ်ခုပါ ပါဝင်ခဲ့ပါတယ်။ အဲဒီအဆောက်အဦက ကမ္ဘာပေါ်မှာဆိုရင် နံပါတ် (၄) အဆင့်ရှိတဲ့ အမြင့်ဆုံးအဆောက်အဦအဖြစ် စာရင်း ဝင်ခဲ့ပါတယ်။ ဒါ့အပြင် Shenzhen မှာ ရှိတဲ့ မိုးမျှော်တိုက်တွေရဲ့ ကြံ့ခိုင်မှုနဲ့ဆောက်လုပ်မှုတွေက ယုံကြည်စိတ်ချရမှု အပြည့်အဝလည်း ရှိကြောင်း CTBUH က ဖော်ပြခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ အခြားမြို့တစ်ခုဖြစ်တဲ့ Nanning မှာဆိုရင်တော့ အသစ်တည်ဆောက်ခဲ့တဲ့ မိုးမျှော်တိုက်အဆောက်အဦ (၇) ခုအထိ ရှိခဲ့ပြီးတော့ အမြင့်ဆုံးအဆင့်မှာ နံပါတ် ၂ ရခဲ့တာက တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ နယူးယော့ခ်၊ တိုရွန်တို၊ တောင်ကိုရီးယားမှ ဘူဆန် နဲ့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်တို့အပြင် တရုတ်ပြည်မှ Changsha နဲ့ Wuhan မြို့တို့က CTBUH ရဲ့ စာရင်းမှာ ပါဝင်လာခဲ့တာပါ။

Screenshot-2017-12-14 2017 A record year for skyscrapers(2).png 

မိုးမျှော်တိုက်တွေ ဆောက်လုပ်လာမှုဟာ ကမ္ဘာတလွှားရေပန်းစားလာခဲ့ပြီးတော့ ဈေးကွက်အတွင်းမှာဆိုရင်လည်း ဈေးနှုန်းတွေက တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တယ်လို့ CTBHU ရဲ့ ဒေတာတွေကတဆင့် သိရပါတယ်။ " အနည်းဆုံး မီတာ ၂၀၀ အမြင့်ရှိတဲ့ မိုးမျှော်တိုက်ဆောက်လုပ်မှုတွေက မြင့်မားလာတယ်" လို့ CTBUH မှ Shawn Ursini က ဖုန်းအင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။ " ၂၀ ရာစုကို ပြန်ပြီးတော့ ပြန်လှည့်ကြည့်မယ်ဆိုရင် အဆောက်အဦတွေ အကုန်လုံးနီးပါးဟာ ရုံးခန်းတွေ အသုံးပြုဖို့ အတွက်လောက်ပဲ ရှိခဲ့တာ" လို့ သူက ထပ်ပြောခဲ့ပါသေးတယ်။ သူဆိုလိုချင် တာကတော့ ၂၁ရာစုမှာ ပေါ်ထွက်လာခဲ့တဲ့ မိုးမျှော်တိုက်တွေဟာ လူသားတွေနေထိုင်ဖို့အတွက် ရည်ရွယ်တာမျိုးဖြစ်ကြောင်း ဆိုလိုချင်တာဖြစ်ပါတယ်။

Screenshot-2017-12-14 2017 A record year for skyscrapers(3).png 

၂၀၁၇ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့တဲ့ မိုးမျှော်တိုက် ၁၀လုံးမှာဆိုရင် ၅လုံးက နေထိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီးတော့ ဒူဘိုင်းမှာရှိတဲ့ ၄၂၅ မီတာ မြင့်တဲ့ Marina 101 လို့ အမည်ရ အဆောက်အဦလည်း ပါဝင်ခဲပါတယ်။ CTBUH ရဲ့  အစီရင်ခံစာမှာတော့ နိုင်ငံပေါင်း ၂၃ နိုင်ငံ ပါဝင်ခဲ့ပြီးတော့ သီရိလင်္ကာ၊ ကင်ညာနိုင်ငံတို့ကတော့ မီတာ ၂၀၀ အထက် အဆောက်အဦရှိတဲ့ စာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။ အစ္စတန်ဘူလ် နဲ့ ကနေဒါမှ Calgary မြို့မှလည်း ပါဝင်ခဲ့ပြီးတော့ တောင်ကိုရီးယားရဲ့ အမြင့်ဆုံးအဆောက်အဦဖြစ်လာခဲ့တဲ့ Seoul's Lotte World Tower လည်း ပါဝင်ခဲ့ပြီး နံပါတ် (၅) အဆင့်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Los Angeles မှ Wilshire Center လည်း ဒီစာရင်းမှာ ပါဝင်ခဲ့ပြီးတော့  အဲဒီ Center ကတော့ အမေရိကန်မှာ အမြင့်ဆုံးအဖြစ် အဆင့် (၁၀)နေရာ ရခဲ့ပါတယ်။

Screenshot-2017-12-14 2017 A record year for skyscrapers.png 

ဒီလိုမျိုး မိုးမျှော်တိုက်တွေ ဆောက်လုပ်ခဲ့မှုဟာ စီးပွားရေးဆန်မှုတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်မှာဆိုရင် အရေအတွက် ၁၃၀ ကနေ ၁၆၀အတွင်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့်လည်း ဒီအရေအတွက် ပြည့်မှီဖို့အတွက်ဆိုရင်တော့ တရုတ်နိုင်ငံကို အဓိကထား စောင့်ကြည့်ပြီး မှီခိုရမှာဖြစ်ကြောင်း CTBUH က သုံးသပ်ခဲ့ပါတယ်။ " တရုတ်ရဲ့ မိုးမျှော်တိုက် ဆောက်လုပ်မှုတွေမှာ ငွေကြေးသုံးစွဲမှုတွေက အတိုင်းအဆမရှိ များပြားနေပါတယ်၊ တခြားနိုင်ငံတွေထက်ပေါ့" ဟု Ursini က ပြောခဲ့သည်။

Source : BBC

[Zawgyi Version]

လူသားေတြအတြက္ေတာ့ လိုအပ္ခ်က္ေတြက ဒုနဲ႕ေဒးပါပဲ။ အစားအေသာက္၊ အ၀တ္အထည္၊ ေနထိုင္ဖို႕ဆိုတဲ့ အရာေတြကို ခုထိ ျပီးျပည့္စံုေအာင္ မရရွိႏိုင္ေသးတဲ့ လူေတြဆိုတာ အမ်ားၾကီးပါပဲ။ အထူးသျဖင့္ ကမၻာ့လူဦးေရးတိုးပြားလာမႈ လွ်င္ျမန္လာတာနဲ႕အမွ် စားနပ္ရိကၡာဖူလံုဖို႕နဲ႕ ေနထိုင္စရာလိုအပ္ခ်က္ေတြက စဥ္ဆက္မျပတ္ကို ရွိေနခဲ့တာပါ။ ဒီလိုေတြေၾကာင့္လည္း အခုဆိုရင္ နည္းပညာထြန္းကားမႈကို အသံုးခ်ျပီးေတာ့ လူသားတို႕ ေနထိုင္ဖို႕အတြက္ မိုးေမွ်ာ္တိုက္ၾကီးေတြ ေဆာက္လုပ္မႈက ကမၻာေပၚမွာ ေရပန္းစားလာခဲ့ပါတယ္။ က်ဥ္းေျမာင္းတဲ့ ေျမကြက္ေပၚမွာ အထပ္ျမင့္အေဆာက္အဦၾကီးေတြကို မိုးထိလုခမန္း ေဆာက္လုပ္ေနပီးေတာ့ လုပ္ငန္းခြင္သံုး၊ ရံုးသံုးဖို႕ဆိုတဲ့ ရည္ရြယ္ခ်က္ကေန ေနထိုင္ဖို႕အတြက္ပါ ဦးတည္ျပီးေတာ့ အျပိဳင္အဆိုင္ေဆာက္လုပ္မႈေတြ ျဖစ္လာခဲ့တာပါ။

၂၀၁၇ ခုႏွစ္အတြင္း မိုးေမွ်ာ္တိုက္အေဆာက္အဦေတြကို ေဆာက္လုပ္ခဲ့မႈမွာ တရုတ္ႏိုင္ငံက လႊမ္းမိုးႏိုင္ခဲ့ပါတယ္။ မိုးေမွ်ာ္တိုက္အေဆာက္အဦေတြကို တိုင္းထြာသုေတသနလုပ္တဲ့ အဖြဲ႕အစည္း Council of TAll Buildings and Urban Habitat (CTBUH) ရဲ႕ေဖာ္ျပခ်က္အရမွာေတာ့ တရုတ္ႏိုင္ငံရဲ႕ ျမိဳ႕ေပါင္း ၃၆ ျမိဳ႕က မိုးေမွ်ာ္တိုက္ ၇၇ ခုထိ တည္ေဆာက္ခဲ့တယ္လို႕ သိရပါတယ္။ အနည္းဆံုး မီတာ ၂၀၀ အျမင့္ရွိတဲ့ အေဆာက္အဦ ၁၄၄ ခုကို တိုင္းထြာခဲ့တာျဖစ္ျပီးေတာ့ ၂၀၁၆ ခုႏွစ္က အေရအတြက္ထက္ ၁၃ ရာခိုင္ႏႈန္း ပိုမိုမ်ားျပားခဲ့တာလည္း ျဖစ္ပါတယ္။ ဒီအခ်က္ကပဲ ကမၻာေပၚမွာ မိုးေမွ်ာ္တိုက္ေတြ ေဆာက္လုပ္မႈက အလ်င္အျမန္တိုးပြားလာတာကို သိသာေစႏိုင္ခဲ့ပါတယ္။

တရုတ္ျပည္ေတာင္ပိုင္းက အဓိကျမိဳ႕ၾကီးတစ္ျမိဳ႕ျဖစ္တဲ့ Shenzhen မွာဆိုရင္ ၂၀၁၇ ခုႏွစ္အတြင္းမွာ အေမရိကန္ထက္ ပိုမိုမ်ားျပားမႈအျဖစ္ မိုးေမွ်ာ္တိုက္ ၁၂လံုးအထိ ေဆာက္လုပ္ခဲ့ျပီးေတာ့ ၅၉၉ မီတာအျမင့္ရွိတဲ့ Ping An Finance Center တစ္ခုပါ ပါ၀င္ခဲ့ပါတယ္။ အဲဒီအေဆာက္အဦက ကမၻာေပၚမွာဆိုရင္ နံပါတ္ (၄) အဆင့္ရွိတဲ့ အျမင့္ဆံုးအေဆာက္အဦအျဖစ္ စာရင္း ၀င္ခဲ့ပါတယ္။ ဒါ့အျပင္ Shenzhen မွာ ရွိတဲ့ မိုးေမွ်ာ္တိုက္ေတြရဲ႕ ၾကံ့ခိုင္မႈနဲ႕ေဆာက္လုပ္မႈေတြက ယံုၾကည္စိတ္ခ်ရမႈ အျပည့္အ၀လည္း ရွိေၾကာင္း CTBUH က ေဖာ္ျပခဲ့ပါတယ္။ တရုတ္ျပည္ရဲ႕ အျခားျမိဳ႕တစ္ခုျဖစ္တဲ့ Nanning မွာဆိုရင္ေတာ့ အသစ္တည္ေဆာက္ခဲ့တဲ့ မိုးေမွ်ာ္တိုက္အေဆာက္အဦ (၇) ခုအထိ ရွိခဲ့ျပီးေတာ့ အျမင့္ဆံုးအဆင့္မွာ နံပါတ္ ၂ ရခဲ့တာက တစ္ခုအပါအ၀င္ျဖစ္ခဲ့ပါတယ္။ အင္ဒိုနီးရွား၊ နယူးေယာ့ခ္၊ တိုရြန္တို၊ ေတာင္ကိုရီးယားမွ ဘူဆန္ နဲ႕ ေျမာက္ကိုရီးယားျမိဳ႕ေတာ္ ျပံဳးယမ္တို႕အျပင္ တရုတ္ျပည္မွ Changsha နဲ႕ Wuhan ျမိဳ႕တို႕က CTBUH ရဲ႕ စာရင္းမွာ ပါ၀င္လာခဲ့တာပါ။

မိုးေမွ်ာ္တိုက္ေတြ ေဆာက္လုပ္လာမႈဟာ ကမၻာတလႊားေရပန္းစားလာခဲ့ျပီးေတာ့ ေစ်းကြက္အတြင္းမွာဆိုရင္လည္း ေစ်းႏႈန္းေတြက တရိပ္ရိပ္နဲ႕ ျမင့္တက္လာခဲ့တယ္လို႕ CTBHU ရဲ႕ ေဒတာေတြကတဆင့္ သိရပါတယ္။ " အနည္းဆံုး မီတာ ၂၀၀ အျမင့္ရွိတဲ့ မိုးေမွ်ာ္တိုက္ေဆာက္လုပ္မႈေတြက ျမင့္မားလာတယ္" လို႕ CTBUH မွ Shawn Ursini က ဖုန္းအင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါေသးတယ္။ " ၂၀ ရာစုကို ျပန္ျပီးေတာ့ ျပန္လွည့္ၾကည့္မယ္ဆိုရင္ အေဆာက္အဦေတြ အကုန္လံုးနီးပါးဟာ ရံုးခန္းေတြ အသံုးျပဳဖို႕ အတြက္ေလာက္ပဲ ရွိခဲ့တာ" လို႕ သူက ထပ္ေျပာခဲ့ပါေသးတယ္။ သူဆိုလိုခ်င္ တာကေတာ့ ၂၁ရာစုမွာ ေပၚထြက္လာခဲ့တဲ့ မိုးေမွ်ာ္တိုက္ေတြဟာ လူသားေတြေနထုိင္ဖို႕အတြက္ ရည္ရြယ္တာမ်ိဳးျဖစ္ေၾကာင္း ဆိုလိုခ်င္တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ေဆာက္လုပ္ခဲ့တဲ့ မိုးေမွ်ာ္တိုက္ ၁၀လံုးမွာဆိုရင္ ၅လံုးက ေနထိုင္ဖို႕အတြက္ ရည္ရြယ္ခဲ့တာျဖစ္ျပီးေတာ့ ဒူဘိုင္းမွာရွိတဲ့ ၄၂၅ မီတာ ျမင့္တဲ့ Marina 101 လို႕ အမည္ရ အေဆာက္အဦလည္း ပါ၀င္ခဲပါတယ္။ CTBUH ရဲ႕  အစီရင္ခံစာမွာေတာ့ ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံ ပါ၀င္ခဲ့ျပီးေတာ့ သီရိလကၤာ၊ ကင္ညာႏိုင္ငံတုိ႕ကေတာ့ မီတာ ၂၀၀ အထက္ အေဆာက္အဦရွိတဲ့ စာရင္းမွာ ပထမဆံုးအၾကိမ္ ပါ၀င္လာခဲ့ပါတယ္။ အစၥတန္ဘူလ္ နဲ႕ ကေနဒါမွ Calgary ျမိဳ႕မွလည္း ပါ၀င္ခဲ့ျပီးေတာ့ ေတာင္ကိုရီးယားရဲ႕ အျမင့္ဆံုးအေဆာက္အဦျဖစ္လာခဲ့တဲ့ Seoul's Lotte World Tower လည္း ပါ၀င္ခဲ့ျပီး နံပါတ္ (၅) အဆင့္မွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ Los Angeles မွ Wilshire Center လည္း ဒီစာရင္းမွာ ပါ၀င္ခဲ့ျပီးေတာ့  အဲဒီ Center ကေတာ့ အေမရိကန္မွာ အျမင့္ဆံုးအျဖစ္ အဆင့္ (၁၀)ေနရာ ရခဲ့ပါတယ္။

ဒီလိုမ်ိဳး မိုးေမွ်ာ္တိုက္ေတြ ေဆာက္လုပ္ခဲ့မႈဟာ စီးပြားေရးဆန္မႈေတြေၾကာင့္ ျဖစ္တယ္လို႕ သံုးသပ္ခဲ့ျပီးေတာ့ ၂၀၁၈ ခုႏွစ္မွာဆိုရင္ အေရအတြက္ ၁၃၀ ကေန ၁၆၀အတြင္း ရွိမယ္လုိ႕ ခန္႕မွန္းၾကပါတယ္။ ဒါေပမယ့္လည္း ဒီအေရအတြက္ ျပည့္မွီဖို႕အတြက္ဆိုရင္ေတာ့ တရုတ္ႏိုင္ငံကို အဓိကထား ေစာင့္ၾကည့္ျပီး မွီခိုရမွာျဖစ္ေၾကာင္း CTBUH က သံုးသပ္ခဲ့ပါတယ္။ " တရုတ္ရဲ႕ မိုးေမွ်ာ္တိုက္ ေဆာက္လုပ္မႈေတြမွာ ေငြေၾကးသံုးစြဲမႈေတြက အတိုင္းအဆမရွိ မ်ားျပားေနပါတယ္၊ တျခားႏိုင္ငံေတြထက္ေပါ့" ဟု Ursini က ေျပာခဲ့သည္။

Source : BBC


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs