ကိုယ်ရှာထားတဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘတွေကို ပြန်သိတတ်ဖို့ကိုကော သတိရမိကြလား။
Thiha Htun

ကျောင်းပြီးလို့၊ ဘွဲ့ရပြီးလို့ အလုပ်ဝင်တော့မယ်ဆိုရင် လုပ်ရမှာတွေက အများကြီးပါပဲ။ ကိုယ်ပိုင်ဝင်ငွေလေး ရှိလာပြီဆိုတော့ အရင်တုန်းက ဝယ်ချင်လျက်နဲ့ မဝယ်နိုင်လို့ အောင့်ထားရတာတွေကို ဝယ်သုံးမိမယ်။ စားချင်လျက်နဲ့ မစားနိုင်လို့ အောင့်ထားရတာတွေကို ဝယ်စားမိမယ်။ ဒါပေမယ့် ကိုယ်ရှာထားတဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘတွေကို ပြန်သိတတ်ဖို့ကိုကော သတိရမိကြလား။ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ပြီဆိုရင် မိဘတွေကို ပြန်သိတတ်ဖို့ အောက်ပါအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။

၁။ အိမ်ကပိုက်ဆံ ပြန်မတောင်းပါနဲ့တော့

161012_coll_whoispaying.jpg 

ကိုယ့်ဝင်ငွေကိုယ် ရှာနိုင်ပြီဆိုတာနဲ့ ပထမဦးဆုံး လုပ်သင့်တာကတော့ မိဘတွေဆီက လက်ဖြန့်တောင်းနေတာကို ရပ်တန့်လိုက်ပါ။ ပထမဦးှဆုံးရတဲ့ လစာက ဘယ်လောက်ပဲနည်းပါစေ။ အဲဒီလစာနဲ့ လောက်အောင်သုံးပါ။ မိဘတွေအနေနဲ့ သင်အခုလိုမျိုး ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တဲ့ အနေအထားထိရောက်အောင် ကျောင်းတွေထားပေး၊ ကျူရှင်တွေထားပေးနဲ့ တတ်နိုင်သမျှ ပညာအမွေ ပေးပြီးပါပြီ။ ဒါကြောင့် အလုပ်စဝင်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ပြီဆိုတာနဲ့ မိဘတွေဆီက လက်ဖြန့်တောင်းနေဖို့ မသင့်တော့ပါဘူး။ ဘာပဲပြောပြော ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့အရွယ် ရောက်ပြီဆိုရင် မိဘတွေအပေါ် ဝန်ပိုမပိစေသင့်တော့ပါဘူး။

၂။ ပြန်ကန်တော့ပါ

ပထမဦးဆုံး လစာရပြီဆိုတာနဲ့ ကိုယ်သုံးဖို့ပမာဏတစ်ခုချန်ပြီး ကျန်တဲ့ပိုက်ဆံကို မိဘတွေကို ကန်တော့လိုက်ပါ။ မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သားသမီးတွေ သိတတ်တဲ့အခါ သူတို့ရင်ထဲမှာ ပီတိတစ်ခုဖြစ်ရပြီး အဲဒီပီတက ဘာနဲ့မှလဲလို့ မရပါဘူး။

ဒါကြောင့် မိဘတွေအတွက် ကိုယ်ပထမဦးဆုံး ရတဲ့လစာရဲ့ ရာခိုင်နှုန်း တော်တော်များများကို ကန်တော့ဖို့ မမေ့ပါနဲ့။ ဒါဟာ သင်အရွယ်ရောက်ပြီဖြစ်ကြောင်း သက်သေပြချက်တစ်ခု ဖြစ်သလို သူတို့သင့်အပေါ် လုပ်ပေးခဲ့သမျှ ကျေးဇူးတွေကို သိနားလည်ပါတယ်လို့ အသံတိတ်ပြောတာနဲ့ အတူတူပါပဲ။

၃။ ငွေရေးကြေးရေးအကြောင်း ဆွေးနွေးပါ

discussfinaces.jpg 

မိဘတွေက သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေတွေကို သားသမီးတွေရှေ့မှာ မဆွေးနွေးတတ်ကြပါဘူး။ အရမ်းခက်ခဲတဲ့ အခြေအနေ တွေကလွဲလို့ ကိစ္စတော်တော်များများကို သူတို့ဘာသာပဲ ဖြေရှင်းလိုက်တာ များပါတယ်။ တစ်ခါတလေမှာ အခြေအနေတွေက မှန်းထားသလို မဖြစ်တတ်ဘဲ မိဘတွေရဲ့ ဘဏ္ဍာရေးအခြေအနေမှာလည်း အခက်အခဲတွေ ကြုံနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မိဘတွေရဲ့ ဘဏ္ဍာရေးအခက်အခဲကို ကိုယ်တတ်နိုင်သလောက် ဝင်ရှင်းပေးဖို့ လိုလာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ ငွေရေးကြေးရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။

၄။ ပိုက်ဆံစုပါ

startsaving.jpg 

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ကိုဖတ်ဖူးမယ်ဆိုရင် ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံကို စုဖို့ဆိုတာ ချမ်းသာခြင်းရဲ့ အခြေခံအကျဆုံး ဥပဒေသဆိုတာကို သိမှာပါ။ ဒါတင်မကသေးပါဘူး။ ကိုယ့်မှာသာ ဝင်ငွေကို စုဆောင်းတတ်တဲ့ အလေ့အထရှိမယ်ဆိုရင် မိဘတွေ အခက်အခဲကြုံရတဲ့အခါ ဝင်ရှင်းပေးနိုင်တာပေါ့။

အလုပ်စ ဝင်ဝင်ချင်းမှာ မစုနိုင်သေးရင်တောင် လုပ်သက်နဲ့ ကျွမ်းကျင်မှု တဖြည်းဖြည်း များပြားလာတာနဲ့အမျှ လစာဝင်ငွေလည်း များပြားလာပြီး ဝင်ငွေရဲ့ပမာဏတစ်ခုကို စုဆောင်းနိုင်လာမှာပါ။ ဒါဟာလည်း မိဘတွေအတွက် တစ်ဖက်တစ်လမ်းက လုပ်ပေးခြင်းတစ်မျိုးပါပဲ။

၅။ အလည်အပတ်ခရီး ပို့ပေးပါ

takethemoaholiday.jpg 

မိဘတွေလည်း စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့လိုတယ်ဆိုတာကို မမေ့ပါနဲ့။ မိဘဖြစ်သွားပြီဆိုရင် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးအတွက် ကုန်ကျစရိတ်တွေက သူတို့အတွက် အဓိကဦးစားပေး ဖြစ်လာပြီး အပျော်အပါးတွေ၊ အပန်းဖြေခရီးတွေအတွက် ပိုက်ဆံမဖြုန်းနိုင်တော့ပါဘူး။ ကိုယ့်မှာ ဝင်ငွေရှာနိုင်ပြီဆိုတာနဲ့ မိဘနှစ်ပါး ပင်ပန်းခဲ့ရသမျှကို အတိုင်းအတာ တစ်ခုထိ လျော့ပါးစေဖို့ အပန်းဖြေခရီးတစ်ခု စီစဉ်ပေးဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။

၆။ သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးပါ

လူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်တွေ ကိုယ်စီရှိကြပါတယ်။ မိဘတွေကတော့ သူတို့ရဲ့အိမ်မက်တွေကို မေ့ထားပြီး သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တာပါ။ သင့်ရဲ့အနာဂတ် တောက်ပစေဖို့အတွက် သူတို့ရဲ့အချိန်တွေ၊ ငွေတွေကိုရင်းပြီး စွန့်လွှတ်အနစ်နာ ခံခဲ့ရတာပါ။ သူတို့ရဲ့အိမ်မက်တွေ တကယ်ဖြစ်လာစေဖို့အတွက်လည်း ပြန်လည်အကောင်အထည် ဖော်ပေးဖို့ မမေ့ပါစေနဲ့။ သူတို့ဖြစ်ချင်တဲ့ အိမ်မက်တွေကို ပွင့်ပွင့်လင်းလင်းမေးထားလိုက်ပါ။ လက်ငင်းအကောင်အထည် မဖော်ပေးနိုင်သေးရင်တောင် တစ်နေ့မှာ လက်တွေ့ြ့ဖစ်လာစေဖို့ အစီအစဉ် ဆွဲထားလိုက်ပါ။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ


က္က