• Lifestyle
    အခက်အခဲတွေကြားက အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် (၅) ဦး
Thiha Htun
[Unicode Version]

အောင်မြင်နေတဲ့သူတွေကိုကြည့်ပြီး သူတို့တွေဘာလို့ ခုလိုအောင်မြင်နေတာလဲဆိုပြီး တွေးကြည့်ကြဖူးလား။ ဒါမှမဟုတ် သူတို့ အောင်မြင်နေတာက မိဘထောက်ပံ့မှုကောင်းလို့တို့၊ နောက်ခံ background တောင့်လို့တို့ပဲ တွေးမိတတ်ကြလား။ တကယ်တော့ အောင်မြင်သူတိုင်း ဘဝမှာ အောင်မြင်မှုကို လွယ်လွယ်လေး ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ အခက်အခဲတွေ အများကြီးကို ကြိုးစားကျော်ဖြတ်ပြီးမှသာ အောင်မြင်မှုကို ရရှိခဲ့ကြတာပါ။ အဲဒီလို အခက်အခဲများစွာကြားက အောင်မြင်လာသူတွေကတော့...

၁။ မီလ်တန် ဟာရှေ

milton-hershey.jpg 

မီလ်တန် ဟာရှေကတော့ Hershey (ဟာရှေ) ချောကလက်တွေကို ထုတ်လုပ်ခဲ့တဲ့ သူဖြစ်ပါတယ်။

သူကတော့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အတန်းပညာ လေးတန်းထိပဲ သင်ယူခဲ့ရပေမယ့် ငယ်ငယ်ကတည်းက သူ့အိမ်မက်က သကြားလုံးတွေ၊ ချောကလက်တွေကို တဝကြီးစားချင်၊ ရောင်းချင်တာပါ။ နောက်ပိုင်းမှာ သူ့အဒေါ်ရဲ့အကူအညီနဲ့ သူဟာ သကြားလုံးစက်ရုံတစ်ခုမှာ အလုပ်သင်ဝင်လုပ်ခဲ့ပါတာယ်။ နောက်ပိုင်းမှာ မအောင်မြင်ခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းနှစ်ခုကိုလည်း ထူထောင်ခဲ့ပါတယ်။

သူ့ရဲ့ဒုတိယစီးပွားရေးလုပ်ငန်း ကျရှုံးချိန်မှာ သူ့မိသားစုက သူ့ကို ကျရှုံးသူလို့ သတ်မှတ်လိုက်ပါတော့တယ်။ ဒါပေမယ့် သူကတော့ အရှုံးမပေးဘဲ ဆက်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ဟာရှေချောကလက်ဆိုပြီး သူ့ကို အောင်မြင်မှုရစေတဲ့ လုပ်ငန်းတွေကို ထူထောင်လာနိုင်ပါတော့တယ်။ စူးစမ်းလေ့လာလိုခြင်း၊ အလွယ်တကူ လက်မလျှော့တတ်ခြင်းနဲ့ ဇွဲကောင်းခြင်းတို့က သူ့ကို ချမ်းသာကြွယ်ဝ အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

၂။ Ed Sheeran

ed_sheeran.jpg 

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ၊ သီချင်းချိုချိုလေးတွေကို ရင်ထဲထိအောင် ဆိုတတ်တဲ့ အဆိုတော်တစ်ဦးကတော့ Ed Sheeran ပါပဲ။ ၂၀၁၇ ခုနှစ်မှာ အွန်လိုင်းမှာ ရေပန်းအစားဆုံး ဆယ်လီစာရင်းမှာ Ed Sheeran က ထိပ်ဆုံးကပါနေခဲ့ပါတယ်။ ဒါပေမယ့် ခုလိုမျိုးအောင်မြင်မှုတွေကို Ed Sheeran လွယ်လွယ်လေးနဲ့ သိမ်းပိုက်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။

သူ့အသက် (၁၆) နှစ်မှာ သူဟာလန်ဒန်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့မှာနေစရာနေရာ မရှိတဲ့အတွက် လမ်းမတွေပေါ်မှာ၊ ပန်းခြံတွေထဲမှာ အိပ်ခဲ့ရပါတယ်။ အစောပိုင်းမှာ သီချင်းတွေ ဖန်တီးခဲ့တယ်ဆိုပေမယ့်လည်း အများစုက အရည်အသွေး မပြည့်မီပါဘူးတဲ့။ ဒါပေမယ့် သူဟာ မဆုတ်မနစ် ဆက်လက်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ သူလိုချင်တဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိခဲ့ပါတော့တယ်။

၃။ တွမ်ခရုစ်

tom-cruise.jpg 

ဟောလီးဝုဒ် စူပါစတား မင်းသားတွမ်ခရုစ်ကတော့ စာဖတ်ရခက်ခဲတဲ့ ရောဂါရှိပါတယ်။ နောက်ပြီး သူ့ရဲ့ငယ်စဉ်ဘဝက သိပ်ချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ သူ့အဖေက သူနဲ့ သူ့အမေကို အရမ်းနှိပ်စက်တတ်ပြီး သူ့အသက် (၁၁) နှစ်အရွယ်မှာ မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်ဟာ ကျောင်းထွက်ပြီး မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ခဲ့ပါတော့တယ်။ စစချင်းမှာ သူဟာနပမ်းသမားဘဝကို ရွေးချယ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒူးဒဏ်ရာကြောင့် အဲဒီအလုပ်ကို စွန့်လွှတ်လိုက်ရပါတယ်။ သူ့ဆရာတစ်ယောက်က သူ့ကို သရုပ်ဆောင်လမ်းကြောင်းဘက် သွားဖို့တိုက်တွန်းခဲ့တဲ့အတွက် သူလည်း ဒီလမ်းကြောင်းထဲကို ရောက်လာခဲ့ပါတယ်။ Mission Impossible ဇာတ်ကားမှာ ပရိသတ်ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး ကမ္ဘာကျော်မင်းသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

၄။ Lily Singh (Super Woman)

Lilly-Singh.jpg 

သူမကတော့ Youtube ပေါ်က စူပါစတားတစ်ဦးပါ။ သူမရဲ့ဗီဒီဖိုင်လေးတွေက ကမ္ဘာတလွှားမှာ လူကြိုက်များပါတယ်။ Lily ဟာ ငယ်ငယ်ကတည်းက ရည်မှန်းချက်အလွန်ကြီးတဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် တတိယနှစ်လောက်မှာ သူမဟာ စိတ်ကျရောဂါကို ခံစားခဲ့ရပြီး သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အမျာကြီးကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။ သူမရဲ့စိတ်ကျရောဂါက သူမရဲ့ တစ်နေ့မှာ အဆိုတော် (သို့) ရုပ်ရှင်မင်းသမီး ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို သတ်ပစ်လိုက်ပြီး ဘဝကို ပုံမှန်လေးဆက်နေသွားဖို့ကိုတောင် မနည်းရုန်းကန်နေရတဲ့ အခြေစိုက်လာပါတယ်။

တစ်နေ့ကျတော့ သူမဟာ ဘဝကိုရဲရဲဝံ့ဝံ့ ပြန်လည်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး Youtube ပေါ်မှာ ဗီဒီယိုဖိုင်လေးတွေ တင်ပါတော့တယ်။ စစချင်းမှာတော့ ဝေဖန်သံတွေ ညံနေတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဟာ (၁၂) သန်းသော subscriber တွေရဲ့ အပြုံးတွေကို ဆောင်ကြဉ်းပေးနိုင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

၅။ ဝေ့ါဒစ်စနေးလ် (Walt Disney)

walt-disney.jpg 

မကြာသေးခင်ကမှ Disney ကုမ္မဏီဟာ 21st century fox ကုမ္မဏီကို ဝယ်ယူလိုက်တဲ့ သတင်းကို ကြားသိလိုက်ကြမှာပေါ့။ အဲဒီလိုဖျော်ဖြေရေးလောကမှာ ဘီလူးကြီးဖြစ်လာတဲ့ Disney ကုမ္မဏီကို စတင်တည်ထောင်ခဲ့တာကတော့ မစ်ကီမောက်စ်အပါအဝင် ကျွန်တော်တို့ အနှစ်သက်ဆုံး ကာတွန်းဇာတ်ကောင် အများအပြားကို ဖန်တီးခဲ့တဲ့ ဝေ့ါဒစ်စနေးလ် (Walt Disney) ပါပဲ။

သူဟာ စစချင်းမှာ သတင်းစာတစ်စောင်မှာ ကာတွန်းဆရာတစ်ဦးအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီမှာ အယ်ဒီတာတစ်ယောက်နဲ့ ကတောက်ကဆဖြစ်ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ်။ အကြောင်းပြချက်ကတော့ သူ့မှာအိုင်ဒီယာခေါင်းပါးပြီး တီထွင်ဖန်တီးဉာဏ်လည်း မရှိပါဘူးတဲ့။ ဒါပေမယ့် သူဟာ ငယ်ငယ်လေးကတည်းက ပုံဆွဲခြင်းကို အထူးဝါသနာထုံပြီး အမြဲမပြတ်လည်း လေ့ကျင့်နေခဲ့တာပါ။

သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းကတော့ Alice in the Wonderland ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ် ဖြန့်ချီတဲ့အချိန်မှာ စတင်ပါတော့တယ်။ ရိုက်ကူးရေးလုပ်နေစဉ်မှာပဲ ပိုက်ဆံပြတ်သွားတဲ့အတွက် ဒုက္ခတွေ အလီလီဝေခဲ့ပြီးမှ ရုံတင်ပြသနိုင်ခဲ့ပါတယ်။ အဲဒီမှာ Alice in the Wonderland ရုပ်ရှင်က အကယ်ဒမီဆု နှစ်ဆုကို ရရှိခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို တိတိပပ တက်လှမ်းနိုင်ခဲ့ပါတော့တယ်။

Source: Youngisthan

[Zawgyi Version]

ေအာင္ျမင္ေနတဲ့သူေတြကိုၾကည့္ၿပီး သူတို႔ေတြဘာလို႔ ခုလိုေအာင္ျမင္ေနတာလဲဆုိၿပီး ေတြးၾကည့္ၾကဖူးလား။ ဒါမွမဟုတ္ သူတို႔ ေအာင္ျမင္ေနတာက မိဘေထာက္ပံ့မႈေကာင္းလို႔တို႔၊ ေနာက္ခံ background ေတာင့္လို႔တို႔ပဲ ေတြးမိတတ္ၾကလား။ တကယ္ေတာ့ ေအာင္ျမင္သူတိုင္း ဘဝမွာ ေအာင္ျမင္မႈကို လြယ္လြယ္ေလး ရခဲ့ၾကတာေတာ့ မဟုတ္ပါဘူး။ အခက္အခဲေတြ အမ်ားႀကီးကို ႀကိဳးစားေက်ာ္ျဖတ္ၿပီးမွသာ ေအာင္ျမင္မႈကို ရရွိခဲ့ၾကတာပါ။ အဲဒီလို အခက္အခဲမ်ားစြာၾကားက ေအာင္ျမင္လာသူေတြကေတာ့...

၁။ မီလ္တန္ ဟာေရွ

milton-hershey.jpg 

မီလ္တန္ ဟာေရွကေတာ့ Hershey (ဟာေရွ) ေခ်ာကလက္ေတြကို ထုတ္လုပ္ခဲ့တဲ့ သူျဖစ္ပါတယ္။

သူကေတာ့ ငယ္စဥ္ေတာင္ေက်း ကေလးဘဝကတည္းက အခက္အခဲမ်ားစြာကို ရင္ဆိုင္ခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။ အတန္းပညာ ေလးတန္းထိပဲ သင္ယူခဲ့ရေပမယ့္ ငယ္ငယ္ကတည္းက သူ႔အိမ္မက္က သၾကားလံုးေတြ၊ ေခ်ာကလက္ေတြကုိ တဝႀကီးစားခ်င္၊ ေရာင္းခ်င္တာပါ။ ေနာက္ပိုင္းမွာ သူ႔အေဒၚရဲ႕အကူအညီနဲ႔ သူဟာ သၾကားလံုးစက္ရံုတစ္ခုမွာ အလုပ္သင္ဝင္လုပ္ခဲ့ပါတာယ္။ ေနာက္ပိုင္းမွာ မေအာင္ျမင္ခဲ့တဲ့ ကိုယ္ပိုင္လုပ္ငန္းႏွစ္ခုကိုလည္း ထူေထာင္ခဲ့ပါတယ္။

သူ႔ရဲ႕ဒုတိယစီးပြားေရးလုပ္ငန္း က်႐ႈံးခ်ိန္မွာ သူ႔မိသားစုက သူ႔ကို က်႐ႈံးသူလို႔ သတ္မွတ္လိုက္ပါေတာ့တယ္။ ဒါေပမယ့္ သူကေတာ့ အ႐ႈံးမေပးဘဲ ဆက္ႀကိဳးစားခဲ့ၿပီး ေနာက္ဆံုးမွာ ဟာေ႐ွေခ်ာကလက္ဆိုၿပီး သူ႔ကို ေအာင္ျမင္မႈရေစတဲ့ လုပ္ငန္းေတြကို ထူေထာင္လာႏိုင္ပါေတာ့တယ္။ စူးစမ္းေလ့လာလိုျခင္း၊ အလြယ္တကူ လက္မေလွ်ာ့တတ္ျခင္းနဲ႔ ဇြဲေကာင္းျခင္းတို႔က သူ႔ကို ခ်မ္းသာၾကြယ္ဝ ေအာင္ျမင္လာေစတာပဲ ျဖစ္ပါတယ္။

၂။ Ed Sheeran

ed_sheeran.jpg 

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲစြဲ၊ သီခ်င္းခ်ိဳခ်ိဳေလးေတြကို ရင္ထဲထိေအာင္ ဆိုတတ္တဲ့ အဆိုေတာ္တစ္ဦးကေတာ့ Ed Sheeran ပါပဲ။ ၂၀၁၇ ခုႏွစ္မွာ အြန္လိုင္းမွာ ေရပန္းအစားဆံုး ဆယ္လီစာရင္းမွာ Ed Sheeran က ထိပ္ဆံုးကပါေနခဲ့ပါတယ္။ ဒါေပမယ့္ ခုလိုမ်ိဳးေအာင္ျမင္မႈေတြကို Ed Sheeran လြယ္လြယ္ေလးနဲ႔ သိမ္းပိုက္ႏိုင္ခဲ့တာေတာ့ မဟုတ္ပါဘူး။

သူ႔အသက္ (၁၆) ႏွစ္မွာ သူဟာလန္ဒန္ကို ေျပာင္းေရႊ႕လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သူ႔မွာေနစရာေနရာ မ႐ွိတဲ့အတြက္ လမ္းမေတြေပၚမွာ၊ ပန္းျခံေတြထဲမွာ အိပ္ခဲ့ရပါတယ္။ အေစာပိုင္းမွာ သီခ်င္းေတြ ဖန္တီးခဲ့တယ္ဆိုေပမယ့္လည္း အမ်ားစုက အရည္အေသြး မျပည့္မီပါဘူးတဲ့။ ဒါေပမယ့္ သူဟာ မဆုတ္မနစ္ ဆက္လက္ႀကိဳးစားခဲ့ၿပီး ေနာက္ဆံုးမွာ သူလိုခ်င္တဲ့ ပရိသတ္အားေပးမႈကို အခိုင္အမာ ရရွိခဲ့ပါေတာ့တယ္။

၃။ တြမ္ခရုစ္

tom-cruise.jpg 

ေဟာလီးဝုဒ္ စူပါစတား မင္းသားတြမ္ခရုစ္ကေတာ့ စာဖတ္ရခက္ခဲတဲ့ ေရာဂါ႐ွိပါတယ္။ ေနာက္ၿပီး သူ႔ရဲ႕ငယ္စဥ္ဘဝက သိပ္ေခ်ာေမြ႕ခဲ့တာေတာ့ မဟုတ္ပါဘူး။ သူ႕အေဖက သူနဲ႔ သူ႔အေမကို အရမ္းႏွိပ္စက္တတ္ၿပီး သူ႔အသက္ (၁၁) ႏွစ္အရြယ္မွာ မိသားစုကို စြန္႔ခြာသြားခဲ့ပါတယ္။ ဒီလိုနဲ႔ တြမ္ဟာ ေက်ာင္းထြက္ၿပီး မိသားစုကို ေထာက္ပံ့ဖို႔ အလုပ္လုပ္ခဲ့ပါေတာ့တယ္။ စစခ်င္းမွာ သူဟာနပမ္းသမားဘဝကို ေရြးခ်ယ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ဒူးဒဏ္ရာေၾကာင့္ အဲဒီအလုပ္ကို စြန္႔လႊတ္လိုက္ရပါတယ္။ သူ႔ဆရာတစ္ေယာက္က သူ႔ကို သရုပ္ေဆာင္လမ္းေၾကာင္းဘက္ သြားဖို႔တိုက္တြန္းခဲ့တဲ့အတြက္ သူလည္း ဒီလမ္းေၾကာင္းထဲကို ေရာက္လာခဲ့ပါတယ္။ Mission Impossible ဇာတ္ကားမွာ ပရိသတ္ေထာက္ခံအားေပးမႈကို ရရွိခဲ့ၿပီး ကမၻာေက်ာ္မင္းသားတစ္ဦး ျဖစ္လာခဲ့ပါတယ္။

၄။ Lily Singh (Super Woman)

Lilly-Singh.jpg 

သူမကေတာ့ Youtube ေပၚက စူပါစတားတစ္ဦးပါ။ သူမရဲ႕ဗီဒီဖိုင္ေလးေတြက ကမၻာတလႊားမွာ လူႀကိဳက္မ်ားပါတယ္။ Lily ဟာ ငယ္ငယ္ကတည္းက ရည္မွန္းခ်က္အလြန္ႀကီးတဲ့ အမ်ိဳးသမီးတစ္ဦးပါ။ ဒါေပမယ့္ တတိယႏွစ္ေလာက္မွာ သူမဟာ စိတ္က်ေရာဂါကို ခံစားခဲ့ရၿပီး သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ အမ်ာႀကီးကိုလည္း ဆံုး႐ႈံးလိုက္ရပါတယ္။ သူမရဲ႕စိတ္က်ေရာဂါက သူမရဲ႕ တစ္ေန႔မွာ အဆိုေတာ္ (သို႔) ရုပ္ရွင္မင္းသမီး ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကို သတ္ပစ္လိုက္ၿပီး ဘဝကို ပံုမွန္ေလးဆက္ေနသြားဖို႔ကိုေတာင္ မနည္းရုန္းကန္ေနရတဲ့ အေျခစိုက္လာပါတယ္။

တစ္ေန႔က်ေတာ့ သူမဟာ ဘဝကိုရဲရဲဝံ့ဝ့ံ ျပန္လည္ရင္ဆိုင္ဖို႔ ဆံုးျဖတ္လိုက္ၿပီး Youtube ေပၚမွာ ဗီဒီယိုဖိုင္ေလးေတြ တင္ပါေတာ့တယ္။ စစခ်င္းမွာေတာ့ ေဝဖန္သံေတြ ညံေနတာေပါ့။ ဒါေပမယ့္ ေနာက္ပိုင္းမွာ သူမဟာ (၁၂) သန္းေသာ subscriber ေတြရဲ႕ အျပံဳးေတြကို ေဆာင္ၾကဥ္းေပးႏိုင္သူတစ္ဦး ျဖစ္လာခဲ့ပါတယ္။

၅။ ေဝ့ါဒစ္စေနးလ္ (Walt Disney)

walt-disney.jpg 

မၾကာေသးခင္ကမွ Disney ကုမၼဏီဟာ 21st century fox ကုမၼဏီကို ဝယ္ယူလိုက္တဲ့ သတင္းကို ၾကားသိလိုက္ၾကမွာေပါ့။ အဲဒီလိုေဖ်ာ္ေျဖေရးေလာကမွာ ဘီလူးႀကီးျဖစ္လာတဲ့ Disney ကုမၼဏီကို စတင္တည္ေထာင္ခဲ့တာကေတာ့ မစ္ကီေမာက္စ္အပါအဝင္ ကြ်န္ေတာ္တို႔ အႏွစ္သက္ဆံုး ကာတြန္းဇာတ္ေကာင္ အမ်ားအျပားကို ဖန္တီးခဲ့တဲ့ ေဝ့ါဒစ္စေနးလ္ (Walt Disney) ပါပဲ။

သူဟာ စစခ်င္းမွာ သတင္းစာတစ္ေစာင္မွာ ကာတြန္းဆရာတစ္ဦးအျဖစ္ အလုပ္ဝင္ခဲ့ပါတယ္။ အဲဒီမွာ အယ္ဒီတာတစ္ေယာက္နဲ႔ ကေတာက္ကဆျဖစ္ၿပီး အလုပ္ထုတ္ခံလိုက္ရပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ သူ႔မွာအိုင္ဒီယာေခါင္းပါးၿပီး တီထြင္ဖန္တီးဉာဏ္လည္း မ႐ွိပါဘူးတဲ့။ ဒါေပမယ့္ သူဟာ ငယ္ငယ္ေလးကတည္းက ပံုဆြဲျခင္းကို အထူးဝါသနာထံုၿပီး အျမဲမျပတ္လည္း ေလ့က်င့္ေနခဲ့တာပါ။

သူ႔ရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းကေတာ့ Alice in the Wonderland ရုပ္ရွင္ကို ကိုယ္တိုင္ထုတ္လုပ္ ျဖန္႔ခ်ီတဲ့အခ်ိန္မွာ စတင္ပါေတာ့တယ္။ ႐ိုက္ကူးေရးလုပ္ေနစဥ္မွာပဲ ပိုက္ဆံျပတ္သြားတဲ့အတြက္ ဒုကၡေတြ အလီလီေဝခဲ့ၿပီးမွ ရံုတင္ျပသႏိုင္ခဲ့ပါတယ္။ အဲဒီမွာ Alice in the Wonderland ရုပ္ရွင္က အကယ္ဒမီဆု ႏွစ္ဆုကို ရရွိခဲ့ၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚကို တိတိပပ တက္လွမ္းႏိုင္ခဲ့ပါေတာ့တယ္။

Source: Youngisthan


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs