• Lifestyle
    ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဈေးလမ်းမကြီးများ
Thiha Htun
[Unicode Version]

ကုန်စည်ရောင်းဝယ် ဖောက်ကားတဲ့ စနစ်ကို လူတွေတီထွင်အသုံးပြု လာကြပြီးကတည်းက ဈေးကွက်ဆိုတာ ပေါ်ပေါက်လာတာပါ။ ဈေးဝယ်ခြင်း၊ ဈေးရောင်းခြင်းဆိုတာ နှစ်ပေါင်းထောင်ချီကတည်းက ပေါ်ပေါက်လာခဲ့ပြီးဖြစ်လို့ ကမ္ဘာပေါ်မှာ ရှေးဟောင်းအကျဆုံး ဈေးလမ်းမကြီးတွေလည်း များစွာပေါ်ပေါက်ခဲ့ပြီးပါပြီ။

ကမ္ဘာလှည့်ခရီးသည်တွေ နိုင်ငံခြားတိုင်းပြည်တစ်ခုကို လည်ပတ်ရင် သေချာပေါက် သွားလည်ဖြစ်မှာ အဲဒီနိုင်ငံရဲ့ အစည်ကားဆုံး ဈေးလမ်းမပါပဲ။ ဒါမှသာ အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးလမ်းတွေကို အနီးကပ်ဆုံး မြင်တွေ့နိုင်မှာမဟုတ်ပါလား။ ဒေသထွက် ကုန်ပစ္စည်းတွေကို ဝယ်ချင်တာလည်း ပါတာပေါ့လေ။ သင်သာ တစ်နေ့နေ့မှာ ကမ္ဘာလှည့်ပြီး ဈေးဝယ်ထွက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ကမ္ဘာ့ရှေးဟောင်းအကျဆုံး ဈေးလမ်းမကြီးတွေကိုလည်း သိထားဖို့ လိုလိမ့်မယ်နော။

၁။ Avenue Montaigne (ပဲရစ်)

Avenue-Montaigne-Paris-France.jpg 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က Avenue Montaigne ဟာ ကမ္ဘာပေါ်မှာ ရှေးဟောင်းအကျဆုံး ဈေးလမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ လမ်းမကြီးရဲ့မူလနာမည်က Allée des Veuves (မုဆိုးမလမ်းကြား) ဖြစ်ပါတယ်။ (၁၇) ရာစုနှစ်တုန်းက အမျိုးသမီးတွေဟာ ဒီလမ်းကြားထဲမှာ စုဝေးပြီး ပူဆွေးသောကတွေကို ရင်ဖွင့်တိုင်ပင်ကြပါတယ်။ ဒါပေမယ့် (၁၈) ရာစုမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး ရောင်းဝယ်ဖောက်ကားမှုတွေကို စတင်ပြုလုပ်လာပါတယ်။

နောက်ဆုံးမှာတော့  Avenue Montaigne ဟာ Louis Vuitton, Dior, Chanel, Fendi, Valentino and Ralph Lauren အစရှိတဲ့ ကမ္ဘာကျော်ဖက်ရှင် brand ကြီးတွေ စုဝေးရာအရပ် ဖြစ်လာပါတော့တယ်။ ကမ္ဘာတလွှားက ဆယ်လီတွေ ဈေးဝယ်ချင်ရင်လည်း ဒီလမ်းကို မဖြစ်မနေလာရပါတယ်။

၂။ Bond Street (လန်ဒန်)

Bond-Street-London-England.jpg 

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အနောက်ဘက်မှာ တည်ရှိတဲ့ Bond Street ကလည်း သမိုုင်းမှာ ရှေးအကျဆုံး ဈေးလမ်းမကြီးတစ်ခုပါ။ (၁၈) ရာစုကတည်းက စတင်အခြေတည်ခဲ့တဲ့ Bond Street ဟာ သမိုင်းကြောင်းဆိုင်ရာ အရေးပါမှုလည်း ကြီးမားပါတယ်။ လန်ဒန်မြို့သားတွေကိုယ်နှိုက်လည်း ဒီဈေးလမ်းမကြီးပေါ်မှာပဲ ဈေးဝယ်ထွက်ကြပါတယ်။ (၁၈) ရာစု အစောပိုင်းတုန်းကတော့ ဒီနေရာမှာ ကုန်စုံဆိုင်တွေနဲ့ အထည်ဆိုင်အချို့ပဲရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပိုမိုစည်ကားလာပြီး အခုလို အဓိက ဈေးလမ်းမကြီးအဖြစ် ကမ္ဘာ့အနှံ့က နာမည်ကျော်ပုဂ္ဂိုလ်တွေပါ အာရုံစိုက်ရာ ဖြစ်လာပါတော့တယ်။

၃။ Fifth Avenue (နယူးယောက်)

Fifth-Avenuenyc.jpg 

အမေရိကန်နိုင်ငံမှာ ဈေးလမ်းမကြီးပေါင်းများစွာ ရှိပါတယ်။ အဲဒီထဲမှာမှ နယူးယောက်မြို့က အမှတ်ငါးလမ်းမကြီး (Fifth Avenue) ဟာ လူ့သမိုင်းကြောင်းတလျှောက်မှာ ရှေးအကျဆုံး ကုန်သွယ်လမ်းမကြီးတစ်ခုပါပဲ။ မန်ဟက်တန်မှာတည်ရှိတဲ့ ဒီလမ်းမကြီးပေါ်မှာ brand တွေချည်းပဲ ရောင်းတဲ့စတိုးဆိုင်တွေနဲ့ ဒီဇိုင်နာအထူးထုတ် အဝတ်အစားဆိုင်တွေ ရှိပါတယ်။ ခရစ္စမတ်ရာသီ ဆိုရင်တော့ Fifth Avenue ပေါ်မှာ တကယ့်ပွဲလမ်းသဘင်ကြီးလိုပါပဲ။ ဒါကြောင့်လည်း (၁၉) ရာစုကတည်းက ဆယ်လီတွေ ဒီမှာပဲ ဈေးဝယ်ခဲ့ကြတာနေမှာ။

၄။ Rodeo Drive (Beverly Hills)

Rodeo-Drive.jpg 

Beverly Hills ဒေသက (၁၈၆၅) ခုနှစ်ကတည်းက ကုန်သွယ်လမ်းမကြီး ဖြစ်ခဲ့တာပါ။ Beverly Hills ဟိုတယ်ကို ဒီလမ်းမကြီးပေါ်မှာ ဆောက်တော့ မွန်းမံပြင်ဆင်မှုလေးတွေ လုပ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီလမ်းမကြီးပေါ်မှာ ဒီဟိုတယ်ရှိနေတာကိုက လမ်းရဲ့ တန်ဖိုးကို မြင့်တက်သွားစေခဲ့ပါတယ်။

နောက်ပိုင်းမှာ တန်ဖိုးကြီးဖက်ရှင် brand တော်တော်များများ ဒီလမ်းပေါ်မှာ ဆိုင်ဖွင့်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Rodeo Drive (Beverly Hills) ဟာ (၁၉) ရာစုနှစ်ကတည်းက ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဈေးလမ်းမကြီး ဖြစ်လာခဲ့ပါတယ်။

Source: Youngisthan

[Zawgyi Version]

ကုန္စည္ေရာင္းဝယ္ ေဖာက္ကားတဲ့ စနစ္ကို လူေတြတီထြင္အသံုးျပဳ လာၾကၿပီးကတည္းက ေစ်းကြက္ဆိုတာ ေပၚေပါက္လာတာပါ။ ေစ်းဝယ္ျခင္း၊ ေစ်းေရာင္းျခင္းဆိုတာ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက ေပၚေပါက္လာခဲ့ၿပီးျဖစ္လို႔ ကမၻာေပၚမွာ ေရွးေဟာင္းအက်ဆံုး ေစ်းလမ္းမႀကီးေတြလည္း မ်ားစြာေပၚေပါက္ခဲ့ၿပီးပါၿပီ။

ကမၻာလွည့္ခရီးသည္ေတြ ႏိုင္ငံျခားတိုင္းျပည္တစ္ခုကို လည္ပတ္ရင္ ေသခ်ာေပါက္ သြားလည္ျဖစ္မွာ အဲဒီႏိုင္ငံရဲ႕ အစည္ကားဆံုး ေစ်းလမ္းမပါပဲ။ ဒါမွသာ အဲဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈနဲ႔ ဓေလ့ထံုးလမ္းေတြကို အနီးကပ္ဆံုး ျမင္ေတြ႕ႏုိင္မွာမဟုတ္ပါလား။ ေဒသထြက္ ကုန္ပစၥည္းေတြကို ဝယ္ခ်င္တာလည္း ပါတာေပါ့ေလ။ သင္သာ တစ္ေန႔ေန႔မွာ ကမၻာလွည့္ၿပီး ေစ်းဝယ္ထြက္ဖို႔ စိတ္ကူးရွိတယ္ဆိုရင္ ကမၻာ့ေရွးေဟာင္းအက်ဆံုး ေစ်းလမ္းမႀကီးေတြကိုလည္း သိထားဖို႔ လိုလိမ့္မယ္ေနာ။

၁။ Avenue Montaigne (ပဲရစ္)

Avenue-Montaigne-Paris-France.jpg 

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕က Avenue Montaigne ဟာ ကမၻာေပၚမွာ ေရွးေဟာင္းအက်ဆံုး ေစ်းလမ္းမႀကီးတစ္ခု ျဖစ္ပါတယ္။ လမ္းမႀကီးရဲ႕မူလနာမည္က Allée des Veuves (မုဆိုးမလမ္းၾကား) ျဖစ္ပါတယ္။ (၁၇) ရာစုႏွစ္တုန္းက အမ်ိဳးသမီးေတြဟာ ဒီလမ္းၾကားထဲမွာ စုေဝးၿပီး ပူေဆြးေသာကေတြကို ရင္ဖြင့္တိုင္ပင္ၾကပါတယ္။ ဒါေပမယ့္ (၁၈) ရာစုမွာ အေျပာင္းအလဲေတြ ျဖစ္ေပၚလာၿပီး ေရာင္းဝယ္ေဖာက္ကားမႈေတြကို စတင္ျပဳလုပ္လာပါတယ္။

ေနာက္ဆံုးမွာေတာ့  Avenue Montaigne ဟာ Louis Vuitton, Dior, Chanel, Fendi, Valentino and Ralph Lauren အစရွိတဲ့ ကမၻာေက်ာ္ဖက္ရွင္ brand ႀကီးေတြ စုေဝးရာအရပ္ ျဖစ္လာပါေတာ့တယ္။ ကမၻာတလႊားက ဆယ္လီေတြ ေစ်းဝယ္ခ်င္ရင္လည္း ဒီလမ္းကို မျဖစ္မေနလာရပါတယ္။

၂။ Bond Street (လန္ဒန္)

Bond-Street-London-England.jpg 

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕အေနာက္ဘက္မွာ တည္ရွိတဲ့ Bond Street ကလည္း သမိုုင္းမွာ ေရွးအက်ဆံုး ေစ်းလမ္းမႀကီးတစ္ခုပါ။ (၁၈) ရာစုကတည္းက စတင္အေျခတည္ခဲ့တဲ့ Bond Street ဟာ သမိုင္းေၾကာင္းဆိုင္ရာ အေရးပါမႈလည္း ႀကီးမားပါတယ္။ လန္ဒန္ၿမိဳ႕သားေတြကိုယ္ႏႈိက္လည္း ဒီေစ်းလမ္းမႀကီးေပၚမွာပဲ ေစ်းဝယ္ထြက္ၾကပါတယ္။ (၁၈) ရာစု အေစာပိုင္းတုန္းကေတာ့ ဒီေနရာမွာ ကုန္စံုဆိုင္ေတြနဲ႔ အထည္ဆိုင္အခ်ိဳ႕ပဲရွိပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ပိုမိုစည္ကားလာၿပီး အခုလို အဓိက ေစ်းလမ္းမႀကီးအျဖစ္ ကမၻာ့အႏွံ႕က နာမည္ေက်ာ္ပုဂၢိဳလ္ေတြပါ အာရံုစိုက္ရာ ျဖစ္လာပါေတာ့တယ္။

၃။ Fifth Avenue (နယူးေယာက္)

Fifth-Avenuenyc.jpg 

အေမရိကန္ႏုိင္ငံမွာ ေစ်းလမ္းမႀကီးေပါင္းမ်ားစြာ ရွိပါတယ္။ အဲဒီထဲမွာမွ နယူးေယာက္ၿမိဳ႕က အမွတ္ငါးလမ္းမႀကီး (Fifth Avenue) ဟာ လူ႕သမုိင္းေၾကာင္းတေလွ်ာက္မွာ ေရွးအက်ဆံုး ကုန္သြယ္လမ္းမႀကီးတစ္ခုပါပဲ။ မန္ဟက္တန္မွာတည္ရွိတဲ့ ဒီလမ္းမႀကီးေပၚမွာ brand ေတြခ်ည္းပဲ ေရာင္းတဲ့စတိုးဆိုင္ေတြနဲ႔ ဒီဇိုင္နာအထူးထုတ္ အဝတ္အစားဆိုင္ေတြ ရွိပါတယ္။ ခရစၥမတ္ရာသီ ဆိုရင္ေတာ့ Fifth Avenue ေပၚမွာ တကယ့္ပြဲလမ္းသဘင္ႀကီးလိုပါပဲ။ ဒါေၾကာင့္လည္း (၁၉) ရာစုကတည္းက ဆယ္လီေတြ ဒီမွာပဲ ေစ်းဝယ္ခဲ့ၾကတာေနမွာ။

၄။ Rodeo Drive (Beverly Hills)

Rodeo-Drive.jpg 

Beverly Hills ေဒသက (၁၈၆၅) ခုႏွစ္ကတည္းက ကုန္သြယ္လမ္းမႀကီး ျဖစ္ခဲ့တာပါ။ Beverly Hills ဟိုတယ္ကို ဒီလမ္းမႀကီးေပၚမွာ ေဆာက္ေတာ့ မြန္းမံျပင္ဆင္မႈေလးေတြ လုပ္ခဲ့ရပါေသးတယ္။ ဒါေပမယ့္ ဒီလမ္းမႀကီးေပၚမွာ ဒီဟိုတယ္ရွိေနတာကိုက လမ္းရဲ႔ တန္ဖိုးကို ျမင့္တက္သြားေစခဲ့ပါတယ္။

ေနာက္ပိုင္းမွာ တန္ဖိုးႀကီးဖက္ရွင္ brand ေတာ္ေတာ္မ်ားမ်ား ဒီလမ္းေပၚမွာ ဆိုင္ဖြင့္ခဲ့ၾကပါတယ္။ ဒီလိုနဲ႔ Rodeo Drive (Beverly Hills) ဟာ (၁၉) ရာစုႏွစ္ကတည္းက ကမၻာ့သက္တမ္းအရင့္ဆံုး ေစ်းလမ္းမႀကီး ျဖစ္လာခဲ့ပါတယ္။

Source: Youngisthan


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs