• Lifestyle
    အားလပ်ရက်ကုန်ဆုံးလို့ ရုံးပြန်တက်ရတော့မယ်ဆိုရင် ဒါတွေမလုပ်သင့်ပါဘူး
Thiha Htun
[Unicode Version]

ဒီတစ်ပတ် ရုံးပိတ်ရက်က ကရင်နှစ်သစ်ကူးပိတ်ရက်နဲ့ ဆက်နေတော့ ဝန်ထမ်းတော်တော်များများ သောကြာနေ့ညနေ ကတည်းက ခရီးသွားကြတာများပါတယ်။ ပြည်တွင်းခရီး ထွက်တဲ့သူကထွက်၊ ပြည်ပခရီး ထွက်တဲ့သူကထွက်နဲ့ နှစ်ကုန်ခါနီးလေး စိတ်အပန်းဖြေကြပါတယ်။ ဒါပေမယ့် ရုံးဖွင့်ရက်ပြန်ရောက်လို့ ရုံးပြန်တက်ရတော့မယ်ဆိုရင် မလုပ်သင့်တဲ့အချက်လေးတွေကိုလည်း သိထားဖို့ လိုမယ်နော။

၁။ အလုပ်ကြွေးတွေ ပုံနေမယ်

01_Pile_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_349534082_Rawpixel.com_-760x506.jpg 

အားလပ်ရက်အပန်းဖြေတာတော့ ဖြေတာပေါ့။ အားလပ်ရက်ကုန်ဆုံးလို့ ရုံးပြန်ဖွင့်တော့မယ်ဆိုမှ အလုပ်ကြွေးတွေ တပုံတပင်၊ followup လုပ်ရမယ့် အီးမေးလ်တွေ တပုံတပင်ဖြစ်နေတာ မကောင်းပါဘူး။ ဒါက အားလပ်ရက်မှာ အနားယူထားလို့ ကြည်လင်နေတဲ့စိတ်လေးကို ပျောက်သွားစေနိုင်တဲ့အပြင် အလုပ်ကြွေးတွေကြောင့် စိတ်တောင်ပိုညစ်သွားပါလိမ့်မယ်။ ဒါကြောင့် အနားယူနေတုန်း အလုပ်အကြောင်း မတွေးချင်တာ သဘာဝဆိုပေမယ့် အလုပ်ပြန်ဝင်ရင် ရှင်းရမယ့်အလုပ်ကြွေးတွေ၊ အီးမေးလ်တွေကို ခရီးသွားနေရင်း အစီအစဉ်တကျ ဖြစ်အောင်စဉ်ထားလိုက်မယ်ဆိုရင် ရုံးပိတ်ဖွင့်ရင် ပျာယာခတ်မနေတော့ဘူးပေါ့။

၂။ ဘာပလန်မှမရှိဘဲ အလုပ်ပြန်ဝင်မယ်

02_Plan_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_221595727_conejota-760x506.jpg 

ရုံးပိတ်ရက်လေးတွေပြီးလို့ ရုံးပိတ်တက်ရင် အလုပ်စားပွဲပေါ်မှာ ပုံနေမယ့် ရှင်းစရာအထပ်လိုက်ကြီးက Monday blues (တနင်္လာနေ့မှာ အလုပ်လုပ်လိုစိတ် ကင်းမဲ့ခြင်း) ထက်ဆိုးတဲ့ စိတ်ခံစားချက်တွေကို ရရှိစေနိုင်မှာပါ။ ဒီတော့ ရုံးပြန်မဝင်ခင် ညကတည်းက နောက်နေ့မှာ ရှင်းရမယ့် ဦးစားပေးလုပ်ဆောင်ဖွယ်တွေကို စာရင်းပြုစုပြီး ပလန်ဆွဲပါ။ ဘာပဲပြောပြော ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ကြိုသိထားခြင်းက အလုပ်တစ်ဝက်လောက် ပြီးမြောက်နေခြင်းနဲ့ည အတူတူပါပဲတဲ့။

၃။ အပြောင်းအလဲတွေလုပ်နိုင်မယ့် အခွင့်အရေးတွေကို လက်လွှတ်ခံတယ်

03_Changes_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_678225592_UfaBizPhoto-760x506.jpg

တကယ်တော့ အားလပ်ရက်လေးတွေကို မိမိရဲ့စိတ်နဲ့ခန္ဓာအတွက် အသုံးချတာကောင်းပါတယ်။ အဲဒီလို လန်းဆန်းတက်ကြွလာတဲ့ စိတ်နဲ့ခန္ဓာကြောင့် ရရှိလာတဲ့ အတွေးသစ်၊ အမြင်သစ်၊ အိုင်ဒီယာသစ်တွေကို မိမိရဲ့အလုပ်အတွက် အသုံးချနိုင်တာ ပိုကောင်းပါတယ်။ ဥပမာ အရင်တုန်းက မမြင်သေးတဲ့ ရှုထောင့်သစ်တွေကို ခရီးကပြန်လာပြီးမှ မြင်လာတာမျိုးပေါ့။ ဒါမျိုး အခွင့်အရေးတွေကို လက်လွှတ်ခံလိုက်တာ နှမျောဖို့ကောင်းပါတယ်။

၄။ အလုပ်ကြိုးစားပေမယ့် လူမသိလိုက်ဘူး

16.jpg 

ကိုယ်ကတော့ အားလပ်ရက်အနားယူပြီး စိတ်သစ်ကိုယ်သစ်နဲ့ အလုပ်တွေ အသေလုပ်ပါတယ်။ ဒါပေမယ့် အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ မသိဘူးဆိုရင်တော့ အလကားပါပဲ။ ဒါကြောင့် မိမိရဲ့ တက်ကြွတဲ့ စိတ်ထားနဲ့ ပြောင်းလဲလာတဲ့ အလုပ်ကြိုးစားလိုစိတ်ကို လုပ်ဖော်ကိုင်ဖက်တွေ မြင်အောင်ပြပါ။ ဒီနည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ စိတ်ဓာတ်မြှင့်တင်ရာရောက်ပြီး အဖွဲ့အစည်းလိုက် လုပ်ရည်ကိုင်ရည်ကိုလည်း တက်လာစေနိုင်မှာပါ။

၅။ အလုပ်ထဲမှာ အာရုံစိုက်လို့မရဘူး

8.jpg

ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ အားလပ်ရက်တုန်းက ပျော်ရွှင်ကြည်နူးခဲ့တဲ့ အမှတ်တရလေးတွေကိုပဲ ထိုင်တွေးနေမိပြီး ရုံးပြန်တက်တက်ချင်းနေ့မှာ ဘာအလုပ်မှလုပ်လို့ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့်လည်း ဒါဟာကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ ရုံးပြန်တက်လို့ အလုပ်တွေနဲ့ ပြန်ပြီး connect လုပ်ရမယ့်အချိန်မှာ ကိုယ်က အတိတ်ရဲ့ကြည်နူးစရာတွေထဲမှာပဲ မျောကျန်နေခဲ့မယ်ဆိုရင် အလုပ်ထဲမှာ လုပ်ရည်ကိုင်ရည်ကျဆင်းမှာ အမှန်ပါပဲ။

Source: Reader's Digest

[Zawgyi Version]

ဒီတစ္ပတ္ ႐ံုးပိတ္ရက္က ကရင္ႏွစ္သစ္ကူးပိတ္ရက္နဲ႔ ဆက္ေနေတာ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ား ေသာၾကာေန႔ညေန ကတည္းက ခရီးသြားၾကတာမ်ားပါတယ္။ ျပည္တြင္းခရီး ထြက္တဲ့သူကထြက္၊ ျပည္ပခရီး ထြက္တဲ့သူကထြက္နဲ႔ ႏွစ္ကုန္ခါနီးေလး စိတ္အပန္းေျဖၾကပါတယ္။ ဒါေပမယ့္ ႐ံုးဖြင့္ရက္ျပန္ေရာက္လို႔ ႐ံုးျပန္တက္ရေတာ့မယ္ဆိုရင္ မလုပ္သင့္တဲ့အခ်က္ေလးေတြကုိလည္း သိထားဖို႔ လိုမယ္ေနာ။

၁။ အလုပ္ေၾကြးေတြ ပံုေနမယ္

01_Pile_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_349534082_Rawpixel.com_-760x506.jpg 

အားလပ္ရက္အပန္းေျဖတာေတာ့ ေျဖတာေပါ့။ အားလပ္ရက္ကုန္ဆံုးလို႔ ႐ံုးျပန္ဖြင့္ေတာ့မယ္ဆိုမွ အလုပ္ေၾကြးေတြ တပံုတပင္၊ followup လုပ္ရမယ့္ အီးေမးလ္ေတြ တပံုတပင္ျဖစ္ေနတာ မေကာင္းပါဘူး။ ဒါက အားလပ္ရက္မွာ အနားယူထားလို႔ ၾကည္လင္ေနတဲ့စိတ္ေလးကို ေပ်ာက္သြားေစႏိုင္တဲ့အျပင္ အလုပ္ေၾကြးေတြေၾကာင့္ စိတ္ေတာင္ပိုညစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ အနားယူေနတုန္း အလုပ္အေၾကာင္း မေတြးခ်င္တာ သဘာဝဆိုေပမယ့္ အလုပ္ျပန္ဝင္ရင္ ႐ွင္းရမယ့္အလုပ္ေၾကြးေတြ၊ အီးေမးလ္ေတြကို ခရီးသြားေနရင္း အစီအစဥ္တက် ျဖစ္ေအာင္စဥ္ထားလိုက္မယ္ဆိုရင္ ႐ံုးပိ္တ္ဖြင့္ရင္ ပ်ာယာခတ္မေနေတာ့ဘူးေပါ့။

၂။ ဘာပလန္မွမ႐ွိဘဲ အလုပ္ျပန္ဝင္မယ္

02_Plan_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_221595727_conejota-760x506.jpg 

႐ံုးပိတ္ရက္ေလးေတြၿပီးလို႔ ႐ံုးပိတ္တက္ရင္ အလုပ္စားပြဲေပၚမွာ ပံုေနမယ့္ ႐ွင္းစရာအထပ္လိုက္ႀကီးက Monday blues (တနလၤာေန႔မွာ အလုပ္လုပ္လိုစိတ္ ကင္းမဲ့ျခင္း) ထက္ဆိုးတဲ့ စိတ္ခံစားခ်က္ေတြကို ရ႐ွိေစႏိုင္မွာပါ။ ဒီေတာ့ ႐ံုးျပန္မဝင္ခင္ ညကတည္းက ေနာက္ေန႔မွာ ႐ွင္းရမယ့္ ဦးစားေပးလုပ္ေဆာင္ဖြယ္ေတြကို စာရင္းျပဳစုၿပီး ပလန္ဆြဲပါ။ ဘာပဲေျပာေျပာ ကိုယ္ဘာလုပ္ရမယ္ဆိုတာကို ႀကိဳသိထားျခင္းက အလုပ္တစ္ဝက္ေလာက္ ၿပီးေျမာက္ေနျခင္းနဲ႔ည အတူတူပါပဲတဲ့။

၃။ အေျပာင္းအလဲေတြလုပ္ႏိုင္မယ့္ အခြင့္အေရးေတြကို လက္လႊတ္ခံတယ္

03_Changes_Things-You-Should-Never-Do-When-You-Come-Back-From-Holiday-Break_678225592_UfaBizPhoto-760x506.jpg

တကယ္ေတာ့ အားလပ္ရက္ေလးေတြကို မိမိရဲ႕စိတ္နဲ႔ခႏၶာအတြက္ အသံုးခ်တာေကာင္းပါတယ္။ အဲဒီလို လန္းဆန္းတက္ၾကြလာတဲ့ စိတ္နဲ႔ခႏၶာေၾကာင့္ ရ႐ွိလာတဲ့ အေတြးသစ္၊ အျမင္သစ္၊ အိုင္ဒီယာသစ္ေတြကို မိမိရဲ႕အလုပ္အတြက္ အသံုးခ်ႏိုင္တာ ပိုေကာင္းပါတယ္။ ဥပမာ အရင္တုန္းက မျမင္ေသးတဲ့ ႐ႈေထာင့္သစ္ေတြကို ခရီးကျပန္လာၿပီးမွ ျမင္လာတာမ်ိဳးေပါ့။ ဒါမ်ိဳး အခြင့္အေရးေတြကို လက္လႊတ္ခံလိုက္တာ ႏွေမ်ာဖို႔ေကာင္းပါတယ္။

၄။ အလုပ္ႀကိဳးစားေပမယ့္ လူမသိလိုက္ဘူး

16.jpg 

ကိုယ္ကေတာ့ အားလပ္ရက္အနားယူၿပီး စိတ္သစ္ကိုယ္သစ္နဲ႔ အလုပ္ေတြ အေသလုပ္ပါတယ္။ ဒါေပမယ့္ အထက္လူႀကီးနဲ႔ လုပ္ေဖာ္ကုိင္ဖက္ေတြ မသိဘူးဆိုရင္ေတာ့ အလကားပါပဲ။ ဒါေၾကာင့္ မိမိရဲ႕ တက္ၾကြတဲ့ စိတ္ထားနဲ႔ ေျပာင္းလဲလာတဲ့ အလုပ္ႀကိဳးစားလိုစိတ္ကို လုပ္ေဖာ္ကိုင္ဖက္ေတြ ျမင္ေအာင္ျပပါ။ ဒီနည္းနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကိုပါ စိတ္ဓာတ္ျမွင့္တင္ရာေရာက္ၿပီး အဖြဲ႕အစည္းလိုက္ လုပ္ရည္ကိုင္ရည္ကုိလည္း တက္လာေစႏိုင္မွာပါ။

၅။ အလုပ္ထဲမွာ အာ႐ံုစိုက္လိို႔မရဘူး

8.jpg

ဒါကေတာ့ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ အရာတစ္ခုပါ။ အားလပ္ရက္တုန္းက ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့တဲ့ အမွတ္တရေလးေတြကိုပဲ ထိုင္ေတြးေနမိၿပီး ႐ံုးျပန္တက္တက္ခ်င္းေန႔မွာ ဘာအလုပ္မွလုပ္လို႔ အဆင္မေျပတာမ်ိဳး ျဖစ္တတ္ပါတယ္။ ျဖစ္ေလ့ျဖစ္ထ႐ွိတယ္ဆိုေပမယ့္လည္း ဒါဟာေကာင္းတဲ့ အရာေတာ့မဟုတ္ပါဘူး။ ႐ံုးျပန္တက္လို႔ အလုပ္ေတြနဲ႔ ျပန္ၿပီး connect လုပ္ရမယ့္အခ်ိန္မွာ ကိုယ္က အတိတ္ရဲ႕ၾကည္ႏူးစရာေတြထဲမွာပဲ ေမ်ာက်န္ေနခဲ့မယ္ဆိုရင္ အလုပ္ထဲမွာ လုပ္ရည္ကိုင္ရည္က်ဆင္းမွာ အမွန္ပါပဲ။

Source: Reader's Digest


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs