• Lifestyle
    Microsoft Excel ကိုသုံးပြီး အံ့ဖွယ်ပန်းချီကားတွေကို ဖန်တီးခဲ့တဲ့ အသက် (၇၇) အရွယ် အဘိုးကြီး
Thiha Htun
[Unicode Version]

တကယ်လို့ သင်သာ ရုံးလုပ်ငန်းတွေနဲ့ အမြဲလိုလို ထိတွေ့နေရမယ်ဆိုရင် Microsoft Excel လို စာရင်းဇယားတွက်ချက်တဲ့ ဆော့ဖ်ဝဲလ်မျိုးနဲ့ အမြဲလိုလို ထိတွေ့နေရမှာပါပဲ။ Microsoft Excel ကို ဘယ်သူမဆို စာရင်းသတ်မှတ်ဖို့နဲ့ စာရင်းဇယားတွေ ထုတ်ဖို့အတွက်ပဲ အသုံးပြုမိကြမှာပါ။

excel-8-768x4322x.jpg 

ဒါပေမယ့် အသက် (၇၇) နှစ်အရွယ် ဂျပန်အဘိုးကြီးတစ်ဦးဖြစ်တဲ့ Tatsuo Horiuchi ကတော့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတိုင်းရဲ့  လက်စွဲတော်ဖြစ်တဲ့ Microsoft excel ရဲ့ လူသူမသိသေးတဲ့ နယ်ပယ်တစ်ခုကို ချဲ့ထွင်လိုက်ပါတယ်။ အဲဒါကတော့ Microsoft Excel ကိုသုံးပြီး ဂျပန်ရိုးရာ ရှုခင်းပုံ ပန်းချီကားတွေကို ရေးဆွဲပြခဲ့တာပါပဲ။ သူပင်စင်မယူခင် (၁၅) နှစ်အလိုကတည်းက တောက်လျှောက်ကြိုးစားလာခဲ့ပြီးနောက် Horiuchi ဟာ ထူးဆန်းအံ့ဖွယ် လက်ရာကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ အနုပညာလက်ရာတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

excel-6.jpg 

ဒီလိုစိတ်ကူးစိတ်သန်း ဘယ်ကရခဲ့လဲဆိုတော့ ဂျပန်လူမျိုးတွေရဲ့ စီစစ်တတ်တဲ့ အလေ့အထကိုပဲ ချီးမွမ်းရမယ်ထင်ပါတယ်။ Horiuchi ဟာ ပန်းချီဆွဲလိုစိတ် ဖြစ်ပေါ်လာခဲ့ပေမယ့် ဈေးကြီးတယ်လို့ သူခံစားရတဲ့ ပန်းချီပစ္စည်းတွေ (ပိတ်ကား၊ ဆီဆေး၊ ရေဆေး၊ စုတ်တံ) ပေါ်မှာ ပိုက်ဆံမဖြုန်းချင်ခဲ့ပါဘူး။ နောက်ပြီး ကွန်ပျူတာပေါ်မှာ ပန်းချီဆွဲလို့ရမယ့် adobe illustrator လိုမျိုး ဆော့ဖ်ဝဲလ်ကိုလည်း ငွေကုန်ခံပြီး မဝယ်လိုပါဘူး။

 

ဒါနဲ့သူဟာ သူ့မှာရှိနေတဲ့ ပစ္စည်းကိရိယာတွေကိုပဲ အသုံးပြုပြီး သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကတော့ သူ့ရဲ့ကွန်ပျူတာထဲမှာ ရှိနေနှင့်ပြီးသားဖြစ်တဲ့ Microsoft Excel ပါပဲ။ Horiuchi ဟာ Excel အသုံးပြုရာမှာ ကျွမ်းကျင်လွန်းလို့ ၂၀၀၆ ခုနှစ်တုန်းက Excel Autoshape Art Contest ဆိုတဲ့ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါသေးတယ်။

excel-7.jpg 

တောင်တန်းတွေ၊ ချယ်ရီပန်းတွေ၊ နှင်းဖုံးနေတဲ့တောအုပ်တွေ၊ သာယာပြန့်ဖြူးတဲ့ မြစ်ကမ်းလေးတွေ စသဖြင့် Horiuchi ဟာ ဒီပရိုဂရမ်ကိုသုံးပြီး စိတ်ကူးတည့်ရာ မှန်သမျှကို လက်တည့်စမ်းခဲ့ပါတယ်။ သူဟာ Microsoft Paint ထက်တောင် Microsoft Excel ကို ပိုသဘောတွေ့ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Excel ပေါ်မှာ သူ့အတွက် သုံးစရာ function ပိုစုံတဲ့အပြင် သုံးရတာလည်း ပိုလွယ်လို့ပါပဲတဲ့။

excel-4.jpg 

တိကျတဲ့ဖန်တီးမှုတွေကို ရရှိဖို့အတွက် ပန်းချီဆရာအိုကြီးဟာ ဆော့ဖ်ဝဲလ်ထဲက မျဉ်းဖြောင့်ပုံဆွဲကိရိယာတွေကိုပဲ သုံးသွားခဲ့ပါတယ်။ အဲဒီကိရိယာတွေကို ပုံမှန်ဆို graph တွေ ရေးဆွဲဖို့အတွက် အသုံးပြုတာပါ။ နောက်ပြီး သူဟာ ဂျပန်တောပိုင်း အလှတရားတွေကို ပုံဖော်ခြယ်မှုန်း သွားခဲ့ပါတယ်။ ဘာပဲပြောပြော အခုလို အသက်အရွယ်ကြီးရင့်တာတောင် ဝါသနာတစ်ခုအတွက် အချိန်ပေးပြီး တီထွင်ဖော်ထုတ်သွားနိုင်တဲ့ Horiuchi ကိုကြည့်ပြီး စိတ်အားထက်သန်ရတာတော့ အမှန်ပါပဲ။

Source: theculturetrip

[Zawgyi Version]

တကယ္လို႔ သင္သာ ႐ံုးလုပ္ငန္းေတြနဲ႔ အျမဲလိုလို ထိေတြ႕ေနရမယ္ဆိုရင္ Microsoft Excel လို စာရင္းဇယားတြက္ခ်က္တဲ့ ေဆာ့ဖ္ဝဲလ္မ်ိဳးနဲ႔ အျမဲလိုလုိ ထိေတြ႕ေနရမွာပါပဲ။ Microsoft Excel ကို ဘယ္သူမဆို စာရင္းသတ္မွတ္ဖို႔နဲ႔ စာရင္းဇယားေတြ ထုတ္ဖို႔အတြက္ပဲ အသံုးျပဳမိၾကမွာပါ။

ဒါေပမယ့္ အသက္ (၇၇) ႏွစ္အ႐ြယ္ ဂ်ပန္အဘိုးႀကီးတစ္ဦးျဖစ္တဲ့ Tatsuo Horiuchi ကေတာ့ စီးပြားေရး လုပ္ငန္း လုပ္ကိုင္ေနသူတိုင္းရဲ႔  လက္စြဲေတာ္ျဖစ္တဲ့ Microsoft excel ရဲ႔ လူသူမသိေသးတဲ့ နယ္ပယ္တစ္ခုကို ခ်ဲ႕ထြင္လိုက္ပါတယ္။ အဲဒါကေတာ့ Microsoft Excel ကိုသံုးၿပီး ဂ်ပန္႐ိုးရာ ႐ႈခင္းပံု ပန္းခ်ီကားေတြြကို ေရးဆြဲျပခဲ့တာပါပဲ။ သူပင္စင္မယူခင္ (၁၅) ႏွစ္အလိုကတည္းက ေတာက္ေလွ်ာက္ႀကိဳးစားလာခဲ့ၿပီးေနာက္ Horiuchi ဟာ ထူးဆန္းအံ့ဖြယ္ လက္ရာကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ၿပီးျပည့္စံုတဲ့ အႏုပညာလက္ရာတစ္ရပ္ကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ဒီလိုစိတ္ကူးစိတ္သန္း ဘယ္ကရခဲ့လဲဆိုေတာ့ ဂ်ပန္လူမ်ိဳးေတြရဲ႕ စီစစ္တတ္တဲ့ အေလ့အထကိုပဲ ခ်ီးမြမ္းရမယ္ထင္ပါတယ္။ Horiuchi ဟာ ပန္းခ်ီဆြဲလိုစိတ္ ျဖစ္ေပၚလာခဲ့ေပမယ့္ ေစ်းႀကီးတယ္လို႔ သူခံစားရတဲ့ ပန္းခ်ီပစၥည္းေတြ (ပိတ္ကား၊ ဆီေဆး၊ ေရေဆး၊ စုတ္တံ) ေပၚမွာ ပိုက္ဆံမျဖဳန္းခ်င္ခဲ့ပါဘူး။ ေနာက္ၿပီး ကြန္ပ်ဴတာေပၚမွာ ပန္းခ်ီဆြဲလို႔ရမယ့္ adobe illustrator လိုမ်ိဳး ေဆာ့ဖ္ဝဲလ္ကိုလည္း ေငြကုန္ခံၿပီး မဝယ္လိုပါဘူး။

 

ဒါနဲ႔သူဟာ သူ႔မွာ႐ွိေနတဲ့ ပစၥည္းကိရိယာေတြကိုပဲ အသံုးျပဳၿပီး သူ႔ရဲ႕အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ အဲဒါကေတာ့ သူ႔ရဲ႕ကြန္ပ်ဴတာထဲမွာ ႐ွိေနႏွင့္ၿပီးသားျဖစ္တဲ့ Microsoft Excel ပါပဲ။ Horiuchi ဟာ Excel အသံုးျပဳရာမွာ ကြ်မ္းက်င္လြန္းလို႔ ၂၀၀၆ ခုႏွစ္တုန္းက Excel Autoshape Art Contest ဆိုတဲ့ၿပိဳင္ပြဲမွာ ပထမဆုရ႐ွိခဲ့ပါေသးတယ္။

ေတာင္တန္းေတြ၊ ခ်ယ္ရီပန္းေတြ၊ ႏွင္းဖံုးေနတဲ့ေတာအုပ္ေတြ၊ သာယာျပန္႔ျဖဴးတဲ့ ျမစ္ကမ္းေလးေတြ စသျဖင့္ Horiuchi ဟာ ဒီပ႐ိုဂရမ္ကိုသံုးၿပီး စိတ္ကူးတည့္ရာ မွန္သမွ်ကို လက္တည့္စမ္းခဲ့ပါတယ္။ သူဟာ Microsoft Paint ထက္ေတာင္ Microsoft Excel ကို ပိုသေဘာေတြ႔ခဲ့ပါတယ္။ ဘာလုိ႔လဲဆိုေတာ့ Excel ေပၚမွာ သူ႔အတြက္ သံုးစရာ function ပိုစံုတဲ့အျပင္ သံုးရတာလည္း ပိုလြယ္လို႔ပါပဲတဲ့။

တိက်တဲ့ဖန္တီးမႈေတြကို ရ႐ွိဖို႔အတြက္ ပန္းခ်ီဆရာအိုႀကီးဟာ ေဆာ့ဖ္ဝဲလ္ထဲက မ်ဥ္းေျဖာင့္ပံုဆြဲကိရိယာေတြကိုပဲ သံုးသြားခဲ့ပါတယ္။ အဲဒီကိရိယာေတြကို ပံုမွန္ဆို graph ေတြ ေရးဆြဲဖို႔အတြက္ အသံုးျပဳတာပါ။ ေနာက္ၿပီး သူဟာ ဂ်ပန္ေတာပိုင္း အလွတရားေတြကို ပံုေဖာ္ျခယ္မႈန္း သြားခဲ့ပါတယ္။ ဘာပဲေျပာေျပာ အခုလို အသက္အ႐ြယ္ႀကီးရင့္တာေတာင္ ဝါသနာတစ္ခုအတြက္ အခ်ိန္ေပးၿပီး တီထြင္ေဖာ္ထုတ္သြားႏိုင္တဲ့ Horiuchi ကိုၾကည့္ၿပီး စိတ္အားထက္သန္ရတာေတာ့ အမွန္ပါပဲ။

Source: theculturetrip


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs