• Lifestyle
    နှစ်သစ်ကို ကြိုဆိုနိုင်မယ့် ရန်ကုန်မြို့က နှစ်ကူးပွဲတော် event များအကြောင်း
Thiha Htun
[Unicode Version]

၂၀၁၇ ကုန်လို့ ၂၀၁၈ ကိုတောင် ရောက်တော့မယ်နော်။ နှစ်သစ်အတွက် new year resolution တွေကော ထုတ်ပြီးကြပြီလား။ နှစ်သစ်ကူးပွဲတော်ဆိုတာ ကမ္ဘာတဝှမ်းလုံးမှာ ကျင်းပကြတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း နှစ်တိုင်းလိုလို နှစ်ကူးခါနီးရင် count down လုပ်ကြတာထုံးစံပါ။

New-Years-fireworks-image.jpg 

ဒီနှစ်ကော ဘယ်နေရာမှာ new year count down လုပ်ကြမှာလဲ။ ဘယ်မှာလုပ်ရမှန်း မသိသူတွေအတွက် ၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက် (ဒီဇင်ဘာလ (၃၁) ရက်) နေ့ညမှာ ကျင်းပတဲ့ နှစ်သစ်ကြိုဆိုပွဲလေးတွေကို တစုတစည်းတည်း ဖော်ပြပေးလိုက်ပါတာယ်နော်။

၁။ Myanmar Countdown 2018

25353800_1588757601214840_2078111020668696890_n.jpg 

(၃၁) ရက်နေ့ညမှာ ဘိုင်ပြတ်နေတာပဲဖြစ်ဖြစ်၊ ပိုက်ဆံကို ရှပ်ကီဖိုး၊ မုန့်ဖိုးပဲဖိုးအတွက် ပိုသုံးချင်တာပဲဖြစ်ဖြစ် free show တစ်ခုကို တက်ချင်တယ်ဆိုရင်တော့ ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပမဲ့ Myanmar Countdown 2018 ပွဲကို တက်လို့ရပါတယ်။ Forever Group နဲ့ MRTV-4 က ကြီးမှူးကျင်းပတာဖြစ်ပြီး  နိုင်ငံကျော်တေးသံရှင်တွေ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ လင်းလင်း ၊ ဂျီလတ် ၊ AR-T၊ Snare၊ Bunny Phyo ၊ ရဲရင့်အောင် ၊ G-Fatt ၊ ချစ်သုေ၀ ၊ အိမ့်ချစ်၊ ဝိုင်းစုခိုင်သိန်း ၊ Bobby Soxer ၊ လိမ္မော်သီး ၊ The X Factor Winner- ထွန်းနောင်ဆင့် ၊ David Derrick တို့အပြင် DJ Icez ၊ Dream Lover Band တို့နဲ့အတူ အနုပညာရှင်ပေါင်းများစွာရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ညနေ (၅) နာရီမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မနက် (၁) နာရီထိဖြစ်ပါတယ်။ 

၂။ The Night Market- Count Down Party

24774959_310662739437728_9000220837416494037_n.jpg 

ပြည်သူ့ရင်ပြင်ထဲက ရိုလာကိုစတာကွင်းထဲမှာ ပြုလုပ်ကျင်းပမဲ့ နောက်ထပ် Count Down Party ပွဲတစ်ခုကတော့ The Night Market- Count Down Party ပါ။ ပြည်တွင်း ဒီဂျေတွေဖြစ်တဲ့  Lance, L Maverick, ReTr0, GAMBOL, YA Kout, Zealot, PM တို့ရဲ့မြူးကြွတဲ့ EDM ဂီတသံတွေနဲ့အတူ ကဲရမဲ့ပွဲလေးပါ။ ဒါတင်မကသေးပါဘူး။ နိုင်ငံတကာ အစားအသောက်နဲ့ ဖက်ရှင်ကဏ္ဍ၊ ဓာတ်ပုံရိုက်ပွဲ၊ ဂီတဖျော်ဖြေပွဲတွေအပြင် ကံစမ်းမဲအစီအစဉ်တွေလည်း ပါရှိသေးတာမို့ နှစ်သစ်ကို မြူးြုမူးကြွကြွ ကဲချင်သူတွေအတွက်တော့ အသင့်တော်ဆုံး ပွဲလေးပါပဲ။

၃။ New Year Countdown Iron Cross Live Show

SSS.jpg 

IC ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ မြို့မကွင်း/ မိုင်ဒါကွင်းမှာ ကျင်းပပြုလုပ်မယ့် Iron Cross တီးဝိုင်းရဲ့ တေးသီချင်းတွေကို ကိုယ်တိုင်သွားကြည့်ပြီး new year countdown တူတူလုပ်လို့ရသလို သွားမကြည့်နိုင်သူတွေအတွက်လည်း Big 9 Online TV (facebook page) နဲ့ MRTV တီဗီချန်နယ်တို့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတွေကို တူတူလိုက်ဆိုရင်း နှစ်ကူးချင်တယ်ဆိုရင်တော့ မြို့မကွင်း/ မိုင်ဒါကွင်းကိုသာ ည (၉) နာရီမခွဲခင် ရောက်အောင်သွားပါတော့။

၄။ 90's New Year Countdown Party

26000983_139880730061264_7316954106660545604_n.jpg 

ဒါလေးကတော့ နှစ်ကူးကို လူကြားသူကြားထဲ မတိုးဝှေ့ချင်ဘဲ ကိုယ်ဖီးလ်လေးနဲ့ကိုယ် ငြိမ့်ချင်သူတွေအတွက်ပါ။ ကျောက်မြောင်း၊ အောင်မင်္ဂလာလမ်းနဲ့ ဒဂုံသီရိလမ်းထောင့်က ၉၀'s Bar ဆိုတဲ့ ဘားလေးမှာ ၉၀ ပြည့်နှစ်တွေတုန်းက ခံစားချက်တွေကို ပြန်ရနိုင်တဲ့ event လေးတစ်ခုရှိပါတယ်။ ကြက်ကာလသားချက်ကို အိုးလိုက်ချက်ပြီး တစ်ဝိုင်းကို တစ်ပွဲချပေးမှာ ဖြစ်သလို ၉၀ ပြည့်နှစ်က သီချင်းဟောင်းလေးတွေနဲ့ ဖီးလ်ရအောင် ဒီဂျေကလည်း အသင့်ရှိနေမှာပါ။ အဲဒီ event လေးကို စိတ်ဝင်စားရင်တော့ သူတို့ရဲ့ facebook စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

၅။ Myanmar Premium New Year Countdown Yangon 2018

23559873_2028381157377850_184498804232302916_n.jpg 

နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့်ပွဲလေးကတော့ နိုင်ငံတကာ ဒီဂျေတွေနဲ့အတူ ကဲလို့ရမယ့် EDM ပွဲကြီးပါပဲ။ ၃၁ ရက်နေ့ညကျရင် The One Entertainment Park ထဲမှာ  Carnage, SAY MY NAME, Breathe Carolina, Cesqeaux, Dynamite တို့လို နိုင်ငံတကာ အနုပညာရှင်တွေအပြင် Terror Bass နဲ့ The Bugbears တို့လို နိုင်ငံတကာထိ ထိုးဖောက်နိုင်တဲ့ ပြည်တွင်းဒီဂျေတွေရဲ့ ဖျော်ဖြေမှုတွေကိုပါ ခံစားနိုင်မှာပါ။ ရိုးရိုးလက်မှတ်ဈေးက (၃၅၀၀၀) ဖြစ်ပြီး VIP လက်မှတ်ဈေးကတော့ (၆၅၀၀၀) ကျပ်ပါ။

[Zawgyi Version]

၂၀၁၇ ကုန္လို႔ ၂၀၁၈ ကိုေတာင္ ေရာက္ေတာ့မယ္ေနာ္။ ႏွစ္သစ္အတြက္ new year resolution ေတြေကာ ထုတ္ၿပီးၾကၿပီလား။ ႏွစ္သစ္ကူးပြဲေတာ္ဆိုတာ ကမၻာတဝွမ္းလံုးမွာ က်င္းပၾကတဲ့ ပြဲေတာ္တစ္ခုျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာလည္း ႏွစ္တိုင္းလိုလို ႏွစ္ကူးခါနီးရင္ count down လုပ္ၾကတာထံုးစံပါ။

ဒီႏွစ္ေကာ ဘယ္ေနရာမွာ new year count down လုပ္ၾကမွာလဲ။ ဘယ္မွာလုပ္ရမွန္း မသိသူေတြအတြက္ ၂၀၁၇ ခုႏွစ္ရဲ႕ ေနာက္ဆံုးေန႔ရက္ (ဒီဇင္ဘာလ (၃၁) ရက္) ေန႔ညမွာ က်င္းပတဲ့ ႏွစ္သစ္ႀကိဳဆိုပြဲေလးေတြကို တစုတစည္းတည္း ေဖာ္ျပေပးလိုက္ပါတာယ္ေနာ္။

၁။ Myanmar Countdown 2018

25353800_1588757601214840_2078111020668696890_n.jpg 

(၃၁) ရက္ေန႔ညမွာ ဘိုင္ျပတ္ေနတာပဲျဖစ္ျဖစ္၊ ပိုက္ဆံကို ႐ွပ္ကီဖိုး၊ မုန္႔ဖိုးပဲဖိုးအတြက္ ပိုသံုးခ်င္တာပဲျဖစ္ျဖစ္ free show တစ္ခုကို တက္ခ်င္တယ္ဆိုရင္ေတာ့ က်ိဳကၠဆံအားကစားကြင္းမွာ က်င္းပမဲ့ Myanmar Countdown 2018 ပြဲကို တက္လို႔ရပါတယ္။ Forever Group နဲ႔ MRTV-4 က ႀကီးမွဴးက်င္းပတာျဖစ္ၿပီး  ႏိုင္ငံေက်ာ္ေတးသံရွင္ေတြ ျဖစ္ၾကတဲ႔ စိုင္းစိုင္းခမ္းလႈိင္၊ လင္းလင္း ၊ ဂ်ီလတ္ ၊ AR-T၊ Snare၊ Bunny Phyo ၊ ရဲရင္႔ေအာင္ ၊ G-Fatt ၊ ခ်စ္သုေ၀ ၊ အိမ္႔ခ်စ္၊ ၀ိုင္းစုခိုင္သိန္း ၊ Bobby Soxer ၊ လိေမၼာ္သီး ၊ The X Factor Winner- ထြန္းေနာင္ဆင္႔ ၊ David Derrick တို႔အျပင္ DJ Icez ၊ Dream Lover Band တို႔နဲ႔အတူ အႏုပညာ႐ွင္ေပါင္းမ်ားစြာရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈေတြကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ အခ်ိန္ကေတာ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔ ညေန (၅) နာရီမွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔ မနက္ (၁) နာရီထိျဖစ္ပါတယ္။ 

၂။ The Night Market- Count Down Party

24774959_310662739437728_9000220837416494037_n.jpg 

ျပည္သူ႔ရင္ျပင္ထဲက ႐ိုလာကိုစတာကြင္းထဲမွာ ျပဳလုပ္က်င္းပမဲ့ ေနာက္ထပ္ Count Down Party ပြဲတစ္ခုကေတာ့ The Night Market- Count Down Party ပါ။ ျပည္တြင္း ဒီေဂ်ေတြျဖစ္တဲ့  Lance, L Maverick, ReTr0, GAMBOL, YA Kout, Zealot, PM တို႔ရဲ႕ျမဴးၾကြတဲ့ EDM ဂီတသံေတြနဲ႔အတူ ကဲရမဲ့ပြဲေလးပါ။ ဒါတင္မကေသးပါဘူး။ ႏိုင္ငံတကာ အစားအေသာက္နဲ႔ ဖက္႐ွင္က႑၊ ဓာတ္ပံု႐ိုက္ပြဲ၊ ဂီတေဖ်ာ္ေျဖပြဲေတြအျပင္ ကံစမ္းမဲအစီအစဥ္ေတြလည္း ပါ႐ွိေသးတာမို႔ ႏွစ္သစ္ကို ျမဴးျုမဴးၾကြၾကြ ကဲခ်င္သူေတြအတြက္ေတာ့ အသင့္ေတာ္ဆံုး ပြဲေလးပါပဲ။

၃။ New Year Countdown Iron Cross Live Show

SSS.jpg 

IC ပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။ ၿမိဳ႕မကြင္း/ မိုင္ဒါကြင္းမွာ က်င္းပျပဳလုပ္မယ့္ Iron Cross တီးဝိုင္းရဲ႕ ေတးသီခ်င္းေတြကို ကိုယ္တိုင္သြားၾကည့္ၿပီး new year countdown တူတူလုပ္လို႔ရသလို သြားမၾကည့္ႏိုင္သူေတြအတြက္လည္း Big 9 Online TV (facebook page) နဲ႔ MRTV တီဗီခ်န္နယ္တို႔မွာ တိုက္႐ိုက္ထုတ္လႊင့္ျပသမႈကို ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ ေလးျဖဴ၊ အငဲ၊ မ်ိဳးႀကီး၊ ဝိုင္ဝိုင္းတို႔ရဲ႕ ေက်ာ္ၾကားခဲ့တဲ့ သီခ်င္းေတြကို တူတူလိုက္ဆိုရင္း ႏွစ္ကူးခ်င္တယ္ဆိုရင္ေတာ့ ၿမိဳ႕မကြင္း/ မိုင္ဒါကြင္းကိုသာ ည (၉) နာရီမခြဲခင္ ေရာက္ေအာင္သြားပါေတာ့။

၄။ 90's New Year Countdown Party

26000983_139880730061264_7316954106660545604_n.jpg 

ဒါေလးကေတာ့ ႏွစ္ကူးကို လူၾကားသူၾကားထဲ မတိုးေဝွ႔ခ်င္ဘဲ ကိုယ္ဖီးလ္ေလးနဲ႔ကိုယ္ ၿငိမ့္ခ်င္သူေတြအတြက္ပါ။ ေက်ာက္ေျမာင္း၊ ေအာင္မဂၤလာလမ္းနဲ႔ ဒဂံုသီရိလမ္းေထာင့္က ၉၀'s Bar ဆိုတဲ့ ဘားေလးမွာ ၉၀ ျပည့္ႏွစ္ေတြတုန္းက ခံစားခ်က္ေတြကို ျပန္ရႏိုင္တဲ့ event ေလးတစ္ခု႐ွိပါတယ္။ ၾကက္ကာလသားခ်က္ကို အိုးလိုက္ခ်က္ၿပီး တစ္ဝိုင္းကို တစ္ပြဲခ်ေပးမွာ ျဖစ္သလို ၉၀ ျပည့္ႏွစ္က သီခ်င္းေဟာင္းေလးေတြနဲ႔ ဖီးလ္ရေအာင္ ဒီေဂ်ကလည္း အသင့္႐ွိေနမွာပါ။ အဲဒီ event ေလးကို စိတ္ဝင္စားရင္ေတာ့ သူတို႔ရဲ႕ facebook စာမ်က္ႏွာမွာ သြားေရာက္ေလ့လာႏိုင္ပါတယ္။

၅။ Myanmar Premium New Year Countdown Yangon 2018

23559873_2028381157377850_184498804232302916_n.jpg 

ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္မယ့္ပြဲေလးကေတာ့ ႏိုင္ငံတကာ ဒီေဂ်ေတြနဲ႔အတူ ကဲလို႔ရမယ့္ EDM ပြဲႀကီးပါပဲ။ ၃၁ ရက္ေန႔ညက်ရင္ The One Entertainment Park ထဲမွာ  Carnage, SAY MY NAME, Breathe Carolina, Cesqeaux, Dynamite တို႔လို ႏိုင္ငံတကာ အႏုပညာ႐ွင္ေတြအျပင္ Terror Bass နဲ႔ The Bugbears တို႔လို ႏိုင္ငံတကာထိ ထိုးေဖာက္ႏိုင္တဲ့ ျပည္တြင္းဒီေဂ်ေတြရဲ႕ ေဖ်ာ္ေျဖမႈေတြကိုပါ ခံစားႏိုင္မွာပါ။ ႐ိုး႐ိုးလက္မွတ္ေစ်းက (၃၅၀၀၀) ျဖစ္ၿပီး VIP လက္မွတ္ေစ်းကေတာ့ (၆၅၀၀၀) က်ပ္ပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs