• Lifestyle
    ဝက်သား ကတ်သလိတ်ကို အိမ်မှာ ချက်စားမယ်
Phyo Min Thant
[Unicode Version]

article 23.jpg 

ဟင်းအနေနဲ့ချက်စားဖို့ပဲ ဖြစ်ဖြစ်၊ အားလပ်ရက်အိမ်မှာ မိသားစုဝင်တွေစုံတုန်း အပျော်လုပ်စားဖို့ဖြစ်ဖြစ် သင့်လျော်တဲ့ ဝက်သားကင် ကတ်တလိတ်လုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ခန့်မှန်းချေ ၁ ကီလိုဂရမ် ရှိ ဝက်နံရိုး အတုံးကြီး ၂ တုံး (အမွှေးအမျှင်ဖယ်ရှားထားပါ)

၂။ ဆား

၃။ ရှာလကာရည်

၄။ စမုန်နက် စားပွဲတင်ဇွန်း ၂ ဇွန်း

၅။ ဆီ ၁၂၀ မီလီ

၆။ မုန်လာဥနီ ၈ ဥ ( အခွံနွှာထားပါ)

၇။ အာလူး ၈၀၀ ဂရမ် (အခွံနွှာပြီး ထက်ခြမ်းခြမ်းထားပါ)

၈။ ကြက်သွန်ဖြူ ၂ ဥ (တစ်မွှာစီနွှာထားပါ)

၉။ ရို့စ်မယ်ရီ ၅ ပင် (အခြား နှစ်သက်ရာဟင်းခတ်အမွှေးအကြိုင်ပင်ထည့်လည်းရပါတယ်)

၁၁။ ပန်းဂေါ်ဖီ ၁ ထုပ် (ပန်းဂေါ်ဖီပွင့်တစ်ပွင့်စီ သင်ထားပါ)

၁၂။ တရုတ်နံနံ (သင်ထားပါ)

၁၃။ Dijon ဟင်းအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

 

ပြုလုပ်ပုံ

ဝက်နံရိုးသားအတုံးတွေကို သန့်ရှင်းအောင်ဆေးထားတဲ့ လက်ဆေးကန်ထဲထည့်ပြီး အပေါ်ကနေ ပွက်ပွက်ဆူထားတဲ့ ရေနွေးနဲ့လောင်းပေးပါ။ အဲဒီနောက် သန့်ရှင်းတဲ့မီးဖိုချောင်သုံးအဝတ်စနဲ့ခြောက်အောင်သုတ်ပြီး ရေခဲသေတ္တာထဲ ၂ နာရီလောက်ထည့်ပြီး အအေးခံထားရပါမယ်။

အအေးခံထားတဲ့ ဝက်နံရိုးသားအတုံးတွေကို ဆားနယ်ပြီး ရှာလကာရည်ဆမ်းပါ။ စမုန်နက်သင့်ရုံနဲ့ ဆီ ၁၂၀ မီလီရဲ့ တစ်ဝက်ကိုလည်း ထည့်ပြီး နှံ့အောင်နယ်ပေးပါ။

ပြီးရင် အပူ ၂၂၀ ဒီဂရီဆဲလ်စီးယက်စ်နဲ့ မိနစ် ၂၀ ခန့်ကင်ပါ။ မိနစ် ၂၀ ကင်ပြီးတဲ့နောက်မှာ အပူချိန်ကို ၁၈၀ ဒီဂရီလောက်ကိုလျှော့ချပြီး မိနစ် ၄၀ ၊ ၄၅ မိနစ်လောက်ဆက်ကင်ပါ။ ကင်နေတုန်းမှာ အကျတ်ညီအောင် လှည့်ပေးနေဖို့ လိုပါတယ်။ ကင်ပြီးတဲ့နောက်မှာ ခဲစက္ကူနဲ့ပတ်ပြီး မိနစ် ၂၀ လောက်အအေးခံထားပါ။

အဲဒီအချိန်မှာ မုန့်လာဥနီ၊ အာလူး၊ ပန်းဂေါ်ဖီ နဲ့ ကြက်သွန်ဖြူတို့ကို အကင်ဗန်းထဲဖြန့်ထည့်ပါ။ ကျန်တဲ့ဆီနဲ့ ရို့စ်မေရီ (ဒါမှမဟုတ် တခြားဟင်းခတ်အမွှေးအကြိုင်အရွက်တစ်မျိုးမျိုး) တို့ကို အပေါ်က ဖြူးပြီး အပူချိန် ၁၈၀ ဒီဂရီလောက်နဲ့ ၁၅ မိနစ်လောက်ကင်ပါ။ အသီးအရွက်တွေ ရွှေညိုရောင်သမ်းလာပြီဆိုရင် မီးဖိုပေါ်ကချလို့ရပါပြီ။ အပေါ့၊အငန် နဲ့ ဆီကို လိုအပ်သလို ထပ်မံပြုပြင်နိုင်ပါတယ်။

အဲဒီနောက်မှာတော့ ဝက်နံရိုးသားကို ခဲပတ်စက္ကူဖြည်ပြီး အတုံးလေးတွေလှီးကာ ပန်းကန်ပြားထဲမှာ အသီးအရွက်တွေနဲ့ အတူတူထည့်လို့ သုံးဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီ ဝက်သားကင်ကတ်သလိတ်ကို နှစ်သက်ရာ Jacob's Creek ဝိုင်တစ်မျိုးမျိုးနဲ့တွဲဖက်သုံးဆောင်မယ်ဆိုရင်တော့ အထူးလိုက်ဖက်တဲ့အရသာကို ခံစားရမှာပဲ ဖြစ်ပါတယ်။

[Zawgyi Version]

ဟင္းအေနနဲ႔ခ်က္စားဖို႔ပဲ ျဖစ္ျဖစ္၊ အားလပ္ရက္အိမ္မွာ မိသားစုဝင္ေတြစံုတုန္း အေပ်ာ္လုပ္စားဖို႔ျဖစ္ျဖစ္ သင့္ေလ်ာ္တဲ့ ဝက္သားကင္ ကတ္တလိတ္လုပ္နည္းကို ေဖာ္ျပေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

၁။ ခန္႔မွန္းေခ် ၁ ကီလိုဂရမ္ ရွိ ဝက္နံရိုး အတုံးၾကီး ၂ တံုး (အေမႊးအမွ်င္ဖယ္ရွားထားပါ)

၂။ ဆား

၃။ ရွာလကာရည္

၄။ စမုန္နက္ စားပြဲတင္ဇြန္း ၂ ဇြန္း

၅။ ဆီ ၁၂၀ မီလီ

၆။ မုန္လာဥနီ ၈ ဥ ( အခြံႏႊာထားပါ)

၇။ အာလူး ၈၀၀ ဂရမ္ (အခြံႏႊာျပီး ထက္ျခမ္းျခမ္းထားပါ)

၈။ ၾကက္သြန္ျဖဴ ၂ ဥ (တစ္မႊာစီႏႊာထားပါ)

၉။ ရို႕စ္မယ္ရီ ၅ ပင္ (အျခား ႏွစ္သက္ရာဟင္းခတ္အေမႊးအၾကိဳင္ပင္ထည့္လည္းရပါတယ္)

၁၁။ ပန္းေဂၚဖီ ၁ ထုပ္ (ပန္းေဂၚဖီပြင့္တစ္ပြင့္စီ သင္ထားပါ)

၁၂။ တရုတ္နံနံ (သင္ထားပါ)

၁၃။ Dijon ဟင္းအႏွစ္ စားပြဲတင္ဇြန္း ၂ ဇြန္း

 

ျပဳလုပ္ပံု

ဝက္နံရိုးသားအတံုးေတြကို သန္႔ရွင္းေအာင္ေဆးထားတဲ့ လက္ေဆးကန္ထဲထည့္ျပီး အေပၚကေန ပြက္ပြက္ဆူထားတဲ့ ေရေႏြးနဲ႔ေလာင္းေပးပါ။ အဲဒီေနာက္ သန္႔ရွင္းတဲ့မီးဖိုေခ်ာင္သံုးအဝတ္စနဲ႔ေျခာက္ေအာင္သုတ္ျပီး ေရခဲေသတၱာထဲ ၂ နာရီေလာက္ထည့္ျပီး အေအးခံထားရပါမယ္။

အေအးခံထားတဲ့ ဝက္နံရိုးသားအတံုးေတြကို ဆားနယ္ျပီး ရွာလကာရည္ဆမ္းပါ။ စမုန္နက္သင့္ရံုနဲ႔ ဆီ ၁၂၀ မီလီရဲ႕ တစ္ဝက္ကိုလည္း ထည့္ျပီး ႏွံ႔ေအာင္နယ္ေပးပါ။

ျပီးရင္ အပူ ၂၂၀ ဒီဂရီဆဲလ္စီးယက္စ္နဲ႔ မိနစ္ ၂၀ ခန္႔ကင္ပါ။ မိနစ္ ၂၀ ကင္ျပီးတဲ့ေနာက္မွာ အပူခ်ိန္ကို ၁၈၀ ဒီဂရီေလာက္ကိုေလွ်ာ့ခ်ျပီး မိနစ္ ၄၀ ၊ ၄၅ မိနစ္ေလာက္ဆက္ကင္ပါ။ ကင္ေနတုန္းမွာ အက်တ္ညီေအာင္ လွည့္ေပးေနဖို႔ လိုပါတယ္။ ကင္ျပီးတဲ့ေနာက္မွာ ခဲစကၠဴနဲ႔ပတ္ျပီး မိနစ္ ၂၀ ေလာက္အေအးခံထားပါ။

အဲဒီအခ်ိ္န္မွာ မုန္႔လာဥနီ၊ အာလူး၊ ပန္းေဂၚဖီ နဲ႔ ၾကက္သြန္ျဖဴတုိ႔ကို အကင္ဗန္းထဲျဖန္႔ထည့္ပါ။ က်န္တဲ့ဆီနဲ႔ ရို႕စ္ေမရီ (ဒါမွမဟုတ္ တျခားဟင္းခတ္အေမႊးအၾကိဳင္အရြက္တစ္မ်ိဳးမ်ိဳး) တို႕ကို အေပၚက ျဖဴးျပီး အပူခ်ိန္ ၁၈၀ ဒီဂရီေလာက္နဲ႔ ၁၅ မိနစ္ေလာက္ကင္ပါ။ အသီးအရြက္ေတြ ေရႊညိဳေရာင္သမ္းလာျပီဆိုရင္ မီးဖိုေပၚကခ်လို႔ရပါျပီ။ အေပါ့၊အငန္ နဲ႔ ဆီကို လိုအပ္သလို ထပ္မံျပဳျပင္ႏုိင္ပါတယ္။

အဲဒီေနာက္မွာေတာ့ ဝက္နံရိုးသားကို ခဲပတ္စကၠဴျဖည္ျပီး အတံုးေလးေတြလွီးကာ ပန္းကန္ျပားထဲမွာ အသီးအရြက္ေတြနဲ႔ အတူတူထည့္လုိ႔ သံုးေဆာင္ႏုိင္ျပီပဲ ျဖစ္ပါတယ္။

ဒီ ဝက္သားကင္ကတ္သလိတ္ကို ႏွစ္သက္ရာ Jacob's Creek ဝိုင္တစ္မ်ိဳးမ်ိဳးနဲ႔တြဲဖက္သံုးေဆာင္မယ္ဆုိရင္ေတာ့ အထူးလိုက္ဖက္တဲ့အရသာကို ခံစားရမွာပဲ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs