ရန်ကုန်မြို့ရှိ ကမ္ဘာ့အဆင့်မီ Fitness Center တစ်ခုဖြစ်တဲ့ Training Ground The Premier Fitness Club မှာ နည်းပညာမြင့် ကြံ့ခိုင်မှုတိုင်းတာမှတ်တမ်းတင်စက် myzone ကို Gym ကစားသူတွေအတွက် အသုံးပြုလျက်ရှိပါတယ်။
myzone ဟာဆိုရင် Gym ကစားသူတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေကို တိတိကျကျ တိုင်းတာပြီး အချိန်နဲ့တပြေးညီ ဖော်ပြပေးနိုင်ရုံသာမကဘဲ စိတ်ဓါတ်တက်ကြွလာအောင်လည်း လှုံ့ဆော်ပေးနိုင်စွမ်းရှိပြီး ကမ္ဘာတဝှမ်းက Gym ကစားသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလျက်လည်း ရှိပါတယ်။
myzone ဆိုတာဘာလဲ
myzone ဆိုတာကလက်ရှိဈေးကွက်ထဲမှာ အတိကျဆုံးနဲ့ စွယ်စုံသုံးနိုင်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုထောက်လှမ်းအာရုံခံစက် တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ နှလုံးခုန်နှုန်းတိုင်းတာစက်တွေ၊ Fitness Tracker တွေအများကြီးရှိပေမယ့် တကယ်တမ်းခန္ဓာကိုယ်ရဲ့အခြေအနေကို အချိန်နဲ့အမျှ အတိအကျထောက်လှမ်းတိုင်တာပေးနိုင်၊ အတိအကျမှတ်တမ်းတင်ပေးနိုင်တဲ့စက်မျိုးကတော့ အနည်းငယ်ပဲရှိလို့ပါ။ အဲဒီလို အနည်းငယ်ပဲရှိတဲ့ စက်တွေထဲမှာ myzone ကထိပ်တန်းနေရာကပါဝင်ပါတယ်။ myzone က ကိုယ့်ရဲ့နှလုံးခုန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှု၊ အားစိုက်ထုတ်ရမှုတွေကို အချိန်နဲ့အမျှ တိုင်းတာမှတ်တမ်းတင်ထားပြီး ပြန်လည်ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ စိတ်ဓါတ်ပိုမိုတက်ကြွဖို့အတွက် ရည်မှန်းချက်ချမှတ်ပြီး လုပ်ဆောင်ဖို့၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုရလဒ်တွေကို အခြား Gym ကစားတဲ့ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့မျှဝေယှဉ်ပြိုင်ဖို့ အတွက်လည်း ကူညီလုပ်ဆောင်ပေးနိုင်ပါသေးတယ်။ Gym အတွင်းအုပ်စုလိုက်လေ့ကျင့်တဲ့အချိန်မှာ လေ့ကျင့်နေတဲ့သူတွေရဲ့ နှလုံးခုန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှု၊ အားစိုက်ထုတ်မှုတွေကို မော်နီတာမှာဖော်ပြပေးနေမှာပဲ ဖြစ်ပါတယ်။
myzone ကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲ
- ကိုယ့်ရဲ့လေ့ကျင့်မှုတွေနဲ့ ခန္ဓာကိုယ်အခြေအနေတွေကို မှတ်တမ်းတင်ထားပြီး အချိန်မရွေး၊ နေရာမရွေး အွန်လိုင်းကနေ တဆင့် ကြည့်ရှုနိုင်ပါတယ်။
- Social Platform ပါဝင်တဲ့အတွက် သူငယ်ချင်းတွေနဲ့ချိတ်ဆက်ပြီး လေ့ကျင့်မှုပိုမိုတိုးတက်ဖို့အတွက် တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်တာမျိုးတွေလည်း လုပ်ဆောင် နိုင်စေပါတယ်။
- ရည်မှန်းချက်ချမှတ်ပြီး ပြည့်မီအောင် လေ့ကျင့်နိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
- ကိုယ့်ရဲ့ခန္ဓာကိုယ်အခြေအနေကို အမြဲမပြတ်သိရှိနေတာကြောင့် ကိုယ့်ရဲ့လေ့ကျင့်မှုပုံစံကိုလည်း များစွာအထောက်အကူပြုစေပါတယ်။
Training Ground The Premier Fitness Club မှာတော့ myzone ကို သူတို့ရဲ့တစ်နှစ်ပြည့်အခမ်းအနားတုန်းက ထည့်သွင်းမိတ်ဆက်သွားခဲ့ပြီး အုပ်စုလိုက် Functional လေ့ကျင့်ခန်းတွေလုပ်ဆောင်ရာမှာ လိုချင်တဲ့ပန်းတိုင်ရောက်ရှိ အောင်၊ စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်ဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။
Training Ground ဟာဆိုရင် နိုင်ငံတကာအဆင့်မီ Facility တွေနဲ့ပြည့်စုံပြီး ကမ္ဘာ့ထိပ်တန်း Hammer Strength နဲ့ Life Fitness အမှတ်တံဆိပ်လေ့ကျင့်ရေးစက်တွေ၊ ကျွမ်းကျင် Trainer တွေနဲ့ လာရောက်လေ့ကျင့်သူတွေကို လေ့ကျင့်ပေးနေပြီး ထူးခြားဆန်းသစ်တဲ့ လေ့ကျင့်ရေးပရိုဂရမ်အမျိုးမျိုးကိုလည်း အားလုံးအတွက်အဆင်ပြေအောင် ဖန်တီးထားရှိတဲ့ Fitness Club တစ်ခုပဲဖြစ်ပါတယ်။
Training Ground အကြောင်းကိုပိုမိုသိရှိလိုတယ်ဆိုရင် သူတို့ရဲ့ တရားဝင် Facebook Page => https://www.facebook.com/tgroundmm/ ကိုဝင်ရောက်လေ့လာနိုင်သလို ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ info@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေဆက်သွယ်စုံစမ်းလို့လည်းရပါတယ်။ လူကိုယ်တိုင်သွားရောက်လေ့လာစုံစမ်းချင်တဲ့သူတွေကတော့ Training Ground တည်ရှိရာ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ကိုသွားရောက်လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။
Share