Phyo Min Thant

Fitness_Center-02.jpg 

ဖေဖော်ဝါရီ နဲ့ မတ်လအတွင်းမှာ LOTTE Hotel Yangon Fitness Center မှာ Member ဝင်မယ်ဆိုရင် ဗလာမပါကံစမ်းမဲ အစီအစဉ်မှာပါဝင်ကံစမ်းပြီး ဆုလက်ဆောင်တွေရရှိနိုင်မယ့် အထူးအစီအစဉ်တစ်ခုရှိနေပါတယ်။

အဲဒါကတော့ LOTTE Hotel Yangon Fitness Center က ကမ္ဘာကျော် NIKE ကုမ္ပဏီနဲ့ပူးပေါင်းစီစဉ်ထားတဲ့ Spring Lucky Draw (ဗလာမပါကံစမ်းမဲ) အစီအစဉ်ပဲဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လ အတွင်း Member ဝင်သူတွေအနေနဲ့ NIKE အမှတ်တံဆိပ် Sport Ware တွေဆုလက်ဆောင်ရရှိမှာပဲ ဖြစ်ပါတယ်။

Member ဝင်တဲ့နေ့မှာတင် တန်းပြီး ကံစမ်းနိုင်မှာဖြစ်ကာ ဒီအစီအစဉ်က ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လတည်းသာ ဖြစ်တာကြောင့် အမြန်ဆုံးစာရင်းသွားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။

LOTTE Hotel Yangon Fitness Center မှာ Member ဝင်ဖို့အတွက် သိလိုတဲ့အသေးစိတ်အချက်အလက်တွေနဲ့ Spring Lucky Draw အကြောင်းပိုပြီးသိရှိချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် - ၀၁ ၉၃၅၁၁၆၀ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

fitness center promo.jpg 

ဒီနေ့ခေတ်မှာ Gym ကစားတာကို မော်ဒယ်တွေ၊ မင်းသား၊မင်းသမီးတွေမှ လုပ်ကြတဲ့အရာတစ်ခုမဟုတ်တော့ဘဲ လှဖို့၊ပဖို့သာမက ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက်ပါ လူကြီး၊လူငယ်အတော်များများ လုပ်နေကြပါပြီ။

Gym ကစားတဲ့နေရာမှာ Facility ကောင်းကောင်း၊ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ပတ်ဝန်းကျင် ကောင်းကောင်းမှာကစား ရရင်တော့ ခန္ဓာကိုယ်ရော၊ စိတ်ပါ ပိုမိုကျန်းမာလန်းဆန်းမှာအသေအချာပါပဲ။ ကိုရီးယားအကြီးဆုံးဟိုတယ်လုပ်ငန်းစုကြီး ဖြစ်တဲ့ Lotte Hotels Group ကနေ ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ကြယ် ၅ ပွင့်အဆင့်ရှိ Lotte Hotels Yangon ရဲ့ Fitness Center ဆိုရင် ဒီလိုအချက်တွေနဲ့အားလုံးပြည့်စုံနေမယ်ဆိုတာ အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။

Lotte Hotel ရဲ့ Gym မှာဆိုရင် Gym ကစားဖို့၊ ယောဂကစားဖို့အတွက် Tread Mill ၊ Skill Mill၊ Climb၊ Bike ၊ Dumbbells Set စတဲ့ နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့အပြင် ရေကူးကန်အနေနဲ့လည်း Indoor Pool ၊ Outdoor Pool ၊ ကလေးတွေအတွက်သီးသန့်ရေကူးကန်၊ ရေနွေးစိမ်ကန်၊ နေပူဆာလှုံဖို့ Sunbed တွေ လုံလုံလောက်လောက်ရှိတဲ့အပြင် အမျိုးသားနဲ့အမျိုးသမီးအတွက် သီးခြားအဝတ်လဲခန်းတွေ ပါဝင်ပါတယ်။

Indoor_Pool-03.jpg 

ဒါ့အပြင် Gym ကစားပြီးတဲ့နောက် ကြွက်သားနာကျင်၊ကိုက်ခဲမှုတွေပြေပျောက်ပြီး အားအင်ပြည့်ဝလန်းဆန်းစေမယ့် ချွေးထုတ်ခန်း(Sauna) လည်းရှိပြီး Dry Sauna ၊ Basalt Sauna ၊ Waterfall Shower တို့စုံစုံလင်လင်ရှိပါတယ်။

ရေချိုးခန်းဆိုရင်လည်း အမျိုးသားသီးသန့်၊အမျိုးသမီးသီးသန့်ခွဲခြားထားပြီး ရေပူ၊ရေအေး ရေစိမ်ကန်တွေနဲ့ လုံလုံလောက်လောက်ဖြစ်အောင်စီစဉ်ပေးထားလို့ စောင့်နေရတာမျိုးမရှိဘဲ အေးဆေးသက်သာ အနားယူရေချိုးနိုင်မှာပါ။

လုံခြုံရေးမြင့်မားတဲ့ Locker ခန်းတွေလည်းဝန်ဆောင်မှုပေးထားပါတယ်။ Locker ခန်းတွေက တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေထည့်ဖို့၊ ဖိနပ်ထည့်ဖို့ နဲ့ အဝတ်အစားထည့်ဖို့ဆိုပြီးသီးခြားခွဲပေးထားတာကြောင့် ပစ္စည်းတွေအကုန်စုပြုံထည့်စရာမလိုဘဲ အဆင်ပြေတာကိုတွေ့ရမှာပါ။ Lotte Hotel Yangon ရဲ့လိပ်စာကတော့ အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာ၊ ပြည်လမ်း၊ ရန်ကုန်မြို့ ပါ။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က