• Lifestyle
    လူတစ်ကိုယ် Messenger အကောင့် ၂ မျိုးသုံးဖို့လိုအပ်သလား
Phyo Min Thant
[Unicode Version]

mm-feature-dual-messenger-90013725.jpg 

Facebook Messenger ဟာဒီနေ့ခေတ်လူငယ်တွေအတွက် အရေးပါတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်လာတာ အားလုံးအသိပါပဲ။ ချစ်သူနဲ့စကားပြောဖို့၊ သူငယ်ချင်းတွေနဲ့အပျော်သက်သက် စကားပြောဖို့အတွက်တင်မဟုတ်ဘဲ၊ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စတွေမှာပါ Messenger ကိုတွင်တွင်ကျယ်ကျယ်သုံးနေကြတာပါ။

ဒီလိုကိစ္စအမျိုးမျိုးအတွက် Messenger အကောင့်တစ်ခုတည်းနဲ့သုံးတဲ့သူတွေရှိသလို မတူတဲ့အကောင့် ၂ မျိုးနဲ့ခွဲသုံးတဲ့သူ တွေလည်းရှိပါတယ်။ Messenger အကောင့်တစ်ခုတည်းကိုပဲ ကိစ္စအားလုံးအတွက်အသုံးပြုရင်လည်း ရပေမယ့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး Messenger အကောင့် ၂ ခုခွဲသုံးမယ်ဆိုရင် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

Messenger အကောင့်တစ်ခုတည်းနဲ့သုံးမယ်ဆိုရင် သင့်ရဲ့အကောင့်ထဲမှာ သင့်အတွက်အရေးကြီးတဲ့သူတွေ ချည်းပဲမဟုတ်ဘဲ သာမန်သိရုံပဲသိတဲ့သူတွေ၊ သင်နဲ့လုံးဝမရင်းနှီးတဲ့ သင့်သူငယ်ချင်းရဲ့သူငယ်ချင်းတွေ ရှိနေနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ မိသားစုဝင်တွေနဲ့ ၊ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူတူရှိနေချိန်၊ အေးအေးဆေးဆေးစာဖတ် အနားယူနေချိန်မှာ Messenger ကနေတဆင့်အရေးမကြီးတဲ့ မက်ဆေ့ချ်တွေဝင်လာလို့စိတ်အနှောက်အယှက်မဖြစ်ချင်ဘူး၊ ဒါပေမဲ့ သင့်အတွက် အရေးကြီးတဲ့သူတွေ၊ အလုပ်ကိစ္စအဆက်အသွယ်တွေဆီက မက်ဆေ့ချ်တွေဝင်လာရင် လွတ်သွားမှာ စိုးလို့ အင်တာနက်လိုင်းကိုပဲဖြစ်ဖြစ်၊ Messenger Noti ကိုပဲဖြစ်ဖြစ် လုံးဝပိတ်ထားလို့မဖြစ်ဘူးဆိုတဲ့ အခြေအနေမျိုးမှာ Messenger အကောင့်တစ်ခုတည်းနဲ့သုံးနေတာဆိုရင် အခက်တွေ့နိုင်ပါတယ်။

mm-feature-color-as-nature-intended-90013723.jpg 

Messenger အကောင့် ၂ မျိုးနဲ့သုံးနေတာဆိုရင်တော့ အကောင့်တစ်ခုမှာ သင်နဲ့ပုံမှန်လောက် သိတဲ့၊ခင်တဲ့သူတွေ ကိုထားလိုက်ပြီး နောက်ထပ်အကောင့်တစ်ခုမှာ သင့်အတွက်အရေးကြီးတဲ့သူတွေ၊ အလုပ်ကိစ္စအဆက်အသွယ်တွေကို ထားနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်သင့်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့အခြေအနေမျိုးမှာ သင့်အတွက်အရေးကြီးတဲ့သူတွေချည်းပဲ ရှိတဲ့ Messenger အကောင့်ကိုပဲ Noti ဖွင့်ထားပြီး တခြားအကောင့်တစ်ခုကို Notification တွေလုံးဝပိတ်ထားလိုက်တာမျိုး လုပ်လို့ ရမှာပဲ ဖြစ်ပါတယ်။

Messenger အကောင့် ၂ ခုထားသုံးဖို့အတွက် Messenger မှာ Switch Account လုပ်ဆောင်ချက်ပါဝင်ပေမယ့် အကောင့်တစ်ခုကနေတစ်ခုပြောင်းနေရတာ အလုပ်ရှုပ်ပါတယ်။ ဆမ်ဆောင်းရဲ့ Galaxy J2 Pro လိုစမတ်ဖုန်းမျိုး တွေမှာတော့ Messenger ကိုအကောင့် ၂ ခုနဲ့အလွယ်တကူအသုံးပြုလို့ရအောင် ဖန်တီးပေးထားတာကြောင့် ပိုပြီးအဆင်ပြေလွယ်ကူ မှာပါ။

Galaxy J2 Pro စမတ်ဖုန်းအကြောင်း အသေးစိတ်ကို ဒီလင့်ခ် => https://goo.gl/Ed2o61 ကနေတဆင့် သွားရောက်လေ့လာနိုင်ပါတယ်။

[Zawgyi Version]

Facebook Messenger ဟာဒီေန႔ေခတ္လူငယ္ေတြအတြက္ အေရးပါတဲ့ ဆက္သြယ္ေရးနည္းလမ္းတစ္ခုျဖစ္လာတာ အားလံုးအသိပါပဲ။ ခ်စ္သူနဲ႔စကားေျပာဖို႔၊ သူငယ္ခ်င္းေတြနဲ႔အေပ်ာ္သက္သက္ စကားေျပာဖို႔အတြက္တင္မဟုတ္ဘဲ၊ လူမႈေရးကိစၥ၊ အလုပ္ကိစၥေတြမွာပါ Messenger ကိုတြင္တြင္က်ယ္က်ယ္သံုးေနၾကတာပါ။

ဒီလိုကိစၥအမ်ိဳးမ်ိဳးအတြက္ Messenger အေကာင့္တစ္ခုတည္းနဲ႔သံုးတဲ့သူေတြရွိသလို မတူတဲ့အေကာင့္ ၂ မ်ိဳးနဲ႔ခြဲသံုးတဲ့သူ ေတြလည္းရွိပါတယ္။ Messenger အေကာင့္တစ္ခုတည္းကိုပဲ ကိစၥအားလံုးအတြက္အသံုးျပဳရင္လည္း ရေပမယ့္ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာဆိုျပီး Messenger အေကာင့္ ၂ ခုခြဲသံုးမယ္ဆုိရင္ ရလာႏိုင္မယ့္ အက်ိဳးေက်းဇူးေတြ ရွိေနပါတယ္။

Messenger အေကာင့္တစ္ခုတည္းနဲ႔သံုးမယ္ဆိုရင္ သင့္ရဲ႕အေကာင့္ထဲမွာ သင့္အတြက္အေရးၾကီးတဲ့သူေတြ ခ်ည္းပဲမဟုတ္ဘဲ သာမန္သိရံုပဲသိတဲ့သူေတြ၊ သင္နဲ႔လံုးဝမရင္းႏွီးတဲ့ သင့္သူငယ္ခ်င္းရဲ႕သူငယ္ခ်င္းေတြ ရွိေနႏိုင္ပါတယ္။

တကယ္လို႔ သင့္အေနနဲ႔ မိသားစုဝင္ေတြနဲ႔ ၊ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ အတူတူရွိေနခ်ိန္၊ ေအးေအးေဆးေဆးစာဖတ္ အနားယူေနခ်ိန္မွာ Messenger ကေနတဆင့္အေရးမၾကီးတဲ့ မက္ေဆ့ခ်္ေတြဝင္လာလို႔စိတ္အေႏွာက္အယွက္မျဖစ္ခ်င္ဘူး၊ ဒါေပမဲ့ သင့္အတြက္ အေရးၾကီးတဲ့သူေတြ၊ အလုပ္ကိစၥအဆက္အသြယ္ေတြဆီက မက္ေဆ့ခ်္ေတြဝင္လာရင္ လြတ္သြားမွာ စိုးလို႔ အင္တာနက္လိုင္းကိုပဲျဖစ္ျဖစ္၊ Messenger Noti ကိုပဲျဖစ္ျဖစ္ လံုးဝပိတ္ထားလို႔မျဖစ္ဘူးဆိုတဲ့ အေျခအေနမ်ိဳးမွာ Messenger အေကာင့္တစ္ခုတည္းနဲ႔သံုးေနတာဆိုရင္ အခက္ေတြ႕ႏုိင္ပါတယ္။

Messenger အေကာင့္ ၂ မ်ိဳးနဲ႔သံုးေနတာဆိုရင္ေတာ့ အေကာင့္တစ္ခုမွာ သင္နဲ႔ပံုမွန္ေလာက္ သိတဲ့၊ခင္တဲ့သူေတြ ကိုထားလိုက္ျပီး ေနာက္ထပ္အေကာင့္တစ္ခုမွာ သင့္အတြက္အေရးၾကီးတဲ့သူေတြ၊ အလုပ္ကိစၥအဆက္အသြယ္ေတြကို ထားႏိုင္မွာျဖစ္ပါတယ္။ ဒါဆိုရင္သင့္အေနနဲ႔ အေပၚမွာေျပာခဲ့တဲ့အေျခအေနမ်ိဳးမွာ သင့္အတြက္အေရးၾကီးတဲ့သူေတြခ်ည္းပဲ ရွိတဲ့ Messenger အေကာင့္ကိုပဲ Noti ဖြင့္ထားျပီး တျခားအေကာင့္တစ္ခုကို Notification ေတြလံုးဝပိတ္ထားလိုက္တာမ်ိဳး လုပ္လို႔ ရမွာပဲ ျဖစ္ပါတယ္။

Messenger အေကာင့္ ၂ ခုထားသံုးဖို႔အတြက္ Messenger မွာ Switch Account လုပ္ေဆာင္ခ်က္ပါဝင္ေပမယ့္ အေကာင့္တစ္ခုကေနတစ္ခုေျပာင္းေနရတာ အလုပ္ရႈပ္ပါတယ္။ ဆမ္ေဆာင္းရဲ႕ Galaxy J2 Pro လိုစမတ္ဖုန္းမ်ိဳး ေတြမွာေတာ့ Messenger ကိုအေကာင့္ ၂ ခုနဲ႔အလြယ္တကူအသံုးျပဳလို႔ရေအာင္ ဖန္တီးေပးထားတာေၾကာင့္ ပိုျပီးအဆင္ေျပလြယ္ကူ မွာပါ။

Galaxy J2 Pro စမတ္ဖုန္းအေၾကာင္း အေသးစိတ္ကို ဒီလင့္ခ္ => https://goo.gl/Ed2o61 ကေနတဆင့္ သြားေရာက္ေလ့လာႏုိင္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs