သင်္ကြန်ပြီးသွားပေမယ့် သားသား၊မီးမီးတို့ ကျောင်းပိတ်ရက်အားလပ်ရက်မှာ ဆက်ပြီးပျော်ပျော် ရွှင်ရွှင်ကစားနိုင်ဖို့ MomoPlay က Capital Hypermarket မှာ ကစားကွင်းနဲ့ဂိမ်းအစီအစဉ်တွေ ပါဝင်တဲ့ပွဲကို ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။
ပွဲက ဧပြီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့ (၇) ရက်တောင်လုပ်မယ့် အပြင် မနက် ၉ နာရီ မှ ည ၉ နာရီဆိုတော့ ကလေးတို့ စိတ်ကြိုက်လွတ်လွတ်လပ်လပ် ကစားခွင့် ရမှာပါ။
ပျော်ရွှင်စရာဂိမ်းအစီ အစဉ်တွေ ရှိဦးမှာမို့ သာကေတ မြို့နယ်ရှိ Capital Hypermarket ကို သားသား၊မီးမီး တို့ ပြေးလာလိုက်ကြတော့နော်။
ဂိမ်းတွေအနေနဲ့
ပျော့ပျော့အိဂိမ်း ၁ ယောက်ကို 1500 ကျပ်
သဲနဲ့ဆော့လို့ရတဲ့ဂိမ်း= 1500 ထောင် ကျပ်
Lego အရုပ်လေးတွေနဲ့ဆော့လို့ရတဲ့ဂိမ်း = 1500 ကျပ်
ဒါအပြင့် အနုပညာကိုဝါသနာပါတဲ့ကလေးတို့အတွက်
သဲပန်းချီဆေးခြယ်= 1000 ထောင်ကျပ်
အရုပ်ဆေးခြယ် = 5000ကျပ်
တို့ပါဝင်ပါတယ်။
ဈေးလည်းအရမ်းမကြီးသလို MomoPlayက ကလေး တို့ကို ပျော်ဖို့အတွက်လုပ်ပေးတာမို့ ကလေးတွေရဲ့ပျော်ရွှင်မှုအတွက်တော့ အပြည့်အဝတာဝန်ယူထားပါတယ်။
သာကေတ Capital မှာ ဧပြီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့အထိ (၇ ) တိုင်အောင်ပြုလုပ်သွားမှာဆိုတော့ အခုပဲစတင်နေပြီဖြစ်တာကြောင့် ဆက်ဆက်သွားဖြစ်အောင်သွားလိုက်ကြနော်။