Phyo Min Thant

Kaw Pad 1.JPG 

မြေနီကုန်း၊ ဒဂုန်စင်တာ(၁) မြေညီထပ်က Boat Noodle ဆိုရင် အစားကောင်းကြိုက်သူတွေ အားလုံးသိကြမှာပါ။

ထိုင်းစတိုင်လ် ပန်းကန်သေးသေးလေးတွေနဲ့ အရသာရှိရှိစားရတဲ့ ဒီဆိုင်လေးက ဆက်ဆံရေးကောင်းသလို၊ အစားအသောက်တွေကလည်း အရသာရှိလွန်းတာကြောင့် အစားတလိုင်းသမားတွေကြား ရေပန်းစားပါတယ်။

အခု Boat Noodle ကနေပြီး ကောင်းသထက်ကောင်းမယ့် Menu အသစ် ၃ မျိုးကိုထပ်မံမိတ်ဆက်ပေးလိုက်ပြန်ပါပြီ။

မေလ၊ ၄ ရက်နေ့က မိတ်ဆက်ပေးသွားတဲ့ အဲဒီ Menu အသစ် ၃ မျိုးကတော့ Pad Thai ၊ Kaw Pad နဲ့ Terer Taro တို့ပါပဲ။

Pad Thai ဆိုတာက ကိုယ်တိုင်လုပ်ထားတဲ့ ဆန်စေးကို ပုဇွန်နဲ့တွဲဖက်စားရမယ့် အရသာချိုချိုဟင်းပွဲလေးပါ။ ဈေးနှုန်းက ၃၅၀၀ ကျပ်ပဲ ရှိပါတယ်။

Pad Thai 1.JPG 

Kaw Pad ကတော့ အရသာအသစ်အဆန်းနဲ့ ထမင်းကြော်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ တုန်ယမ်းထမင်းကြော် ဖြစ်နေလို့ပါပဲ။ သူကလည်း ပုဇွန်နဲ့ပဲဖြစ်ပြီး ဈေးနှုန်းက ၄၀၀၀ ကျပ်ပါ။

Terer Taro 1.JPG 

Terer Taro ကတော့ စားလို့အပြီးမှာ ရင်အေးအောင်သောက်ရမယ့် ပိန်းဥအရသာ အအေးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းက တစ်ခွက်ကို ၂၅၀၀ ဖြစ်ပြီး ရေခဲနဲ့သောက်ရမယ့် Iced Terer Taro နဲ့ ရေခဲကိုတစ်ခါတည်းချေပေးထားတဲ့ Iced Blended Taro ဆိုပြီး ၂ မျိုးရရှိနိုင်မှာပဲ ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က