Phyo Min Thant

0Q7A2612.jpg 

သီချင်းဆိုရတာဟာ စိတ်ဖိစီးမှုတွေနဲ့ မွန်းကျပ်လှတဲ့နေ့စဉ်ဘဝကနေ လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ ဒီနေ့ခေတ်မှာလူတော်တော်များများ သိလာကြပါပြီ။ ဒါကြောင့်ပဲ ခုနောက်ပိုင်း မွေးနေ့ပွဲ၊ Staff Party တို့လိုပွဲတွေကိုတောင် KTV တွေမှာလုပ်လာကြပြီး လူကြီးတွေရော၊လူငယ်တွေပါ KTV သွားပြီးသီချင်းဆိုတာကို အားလပ်ချိန်မှာ အပန်းဖြေမှုတစ်ခုအနေနဲ့ လုပ်လာကြတာကိုတွေ့ရပါတယ်။

ဒါပေမဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ KTV ကစိတ်တိုင်းကျစရာမဖြစ်ရင် စိတ်ပင်ပန်းမှုတွေမပျောက်ဘဲ ပိုပြီး စိတ်တိုဒေါသထွက် စရာ ဖြစ်နိုင်တာကြောင့် KTV ရွေးချယ်တဲ့နေရာမှာ အကောင်းဆုံးကိုရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ အကောင်းဆုံး KTV တွေထဲကတစ်ခုဖြစ်တဲ့အပြင် အခြား KTV တွေထက်အားသာချက်တွေရှိနေတဲ့ Voice Industry နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိလို့ သွားလာရလွယ်ကူတဲ့နေရာမှာတည်ရှိပြီး ကားပါကင်လည်း လုံလုံ လောက်လောက်ရှိတဲ့ Voice Industry ဟာ အခန်းအပြင်အဆင်နဲ့အသံစနစ်ကစလို့ အစားအသောက်တွေထိ တခြား KTV တွေထက်အားသာချက်တွေရှိနေတာပါ။

0Q7A3015.jpg 

Voice Industry ရဲ့ကာရာအိုကေခန်းတွေဟာ တခြား KTV တွေနဲ့လုံးဝကွဲပြားဆန်းသစ်ပါတယ်။ ဂီတအမျိုးအစားတွေ ဖြစ်တဲ့ Rock ၊ Pop ၊ Rap စတာတွေအပေါ်အခြေခံပြီး အခန်းအပြင်အဆင်တွေကိုမွမ်းမံထားတာကြောင့် ကိုယ်နှစ်သက်တဲ့ ဂီတအမျိုးအစားနဲ့လိုက်ဖက်တဲ့အခန်းကိုရွေးပြီး သီဆိုမယ်ဆိုရင် တကယ့်ကို Mood အပြည့်နဲ့ဆိုနိုင်မှာပါ။ အခန်းအကျယ်အဝန်းအနေနဲ့လည်း ကိုယ်သွားတဲ့လူအရေအတွက်အလိုက် လူနည်းနည်းနဲ့ဆိုလို့အဆင်ပြေတဲ့ အခန်းကနေ လူ ၂၅ ယောက်ထိဆန့်တဲ့ VIP/VVIP အခန်းတွေထိရှိတာကြောင့် မွေးနေ့ပွဲ၊ Stuff Party တို့လို ပါတီပွဲတွေလုပ်ဖို့လည်း အဆင်ပြေမှာပဲ ဖြစ်ပါတယ်။

အသံစနစ်အတွက် အခန်းတိုင်းမှာ EV Sound System သုံးထားပြီး မိုက်တွေကလည်း အမျိုးအစားကောင်းတဲ့ Wireless မိုက်တွေဖြစ်တာကြောင့် သီဆိုရတာစိတ်ကျေနပ်မှုအပြည့်အဝရရှိမှာပါ။ Voice Industry မှာသီချင်းထည့်ဖို့အတွက် သုံးထားတဲ့ Tablet နဲ့ဆော့ဖ်ဝဲတွေက သီချင်းရွေးချယ်ထည့်သွင်းရာမှာ လွယ်ကူမြန်ဆန်လှပါတယ်။ ဒါ့အပြင်တခြား KTV တွေနဲ့မတူ ထူးထူးခြားခြားရရှိနိုင်တဲ့နည်းပညာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ မိုက်ခဲ(Mic Khae) ဆိုတဲ့ App ကို ကိုယ့်ဖုန်းထဲမှာဒေါင်းလုဒ်လုပ်ထားပြီး ဆိုချင်တဲ့သီချင်းတွေကို ကြိုတင် list လုပ်ထားလို့ရတာပါပဲ။ ဒါကြောင့် ဘာဆိုရကောင်းမလဲ စဉ်းစားနေရလို့အချိန်ကုန်တာ၊ ဆိုချင်နေတဲ့သီချင်းကို ထည့်ဖို့မေ့သွားလို့ မဆိုလိုက်ရတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဆိုချင်တဲ့သီချင်းရှာမရမှာ၊ မရှိမှာကိုလည်း လုံးဝစိတ်ပူစရာမလိုပါဘူး။ Voice Industry မှာက ခေတ်အလိုက်မြန်မာသီချင်းတွေစုံစုံလင်လင်ရှိတဲ့အပြင်၊ အင်္ဂလိပ်သီချင်း၊ကိုရီးယားသီချင်းနဲ့ တရုတ်သီချင်းတွေပါအများ ကြီးရှိနေတာကြောင့် ဘာသီချင်းပဲဆိုချင်ဆိုချင် ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

1JhCoQEgi1JhejaTCH029DqTqLGasCR1t.jpg 

နောက်ပြီး Voice Industry မှာလာရောက်သီဆိုတဲ့ Customer တွေအကုန်အကျသက်သာစေမယ့် စိတ်ဝင်စားစရာ ပရိုမိုးရှင်းတွေလည်း ရှိနေပါတယ်။ မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအတွင်းမှာဆိုရင် Food Set Menu မှာလိုက်ရုံနဲ့ အခန်းခ Free ရမယ့် Happy Hour Combo ၊ သောက်စရာယမကာပုလင်းလက်ဆောင်ပြန်ပေးတဲ့ Special Combo ၊ အစားအသောက်တွေမှာစားလိုက်ရင် သီချင်းဆိုဖို့ အချိန်ပိုမိနစ်တွေရမယ့် Meal Combo တို့တွေက Customer တွေအတွက် စားရင်းသောက်ရင်း သီချင်းဆိုမယ့် Customer တွေကို အမှန်တကယ်အကုန်အကျသက်သာစေမှာပါ။ ဒါ့အပြင် မိုးရာသီအတွက် နောက်ထပ်ထူးခြားတဲ့ Special Promotion တွေလည်းလာဦးမှာ ဖြစ်တာကြောင့် ကိုယ့်ဘော်ဒါတွေထဲက မိုက်ခဲတွေကို Mention ခေါ်ပြီးဒီ Post ကိုသာ Share ထားလိုက်တော့လို့ ပြောချင်ပါတယ်။

Voice Industry ရဲ့လိပ်စာက Asia Business Center ၊ပထမထပ် (Training Ground ဘေး) ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်ပါ။ အခန်း Booking လုပ်ဖို့ ဖုန်းနံပါတ်က- 09458889292 ဖြစ်ပြီး Voice Industry ရဲ့ ပရိုမိုးရှင်းတွေ၊ ဈေးနှုန်းတွေနဲ့တခြားအသေးစိတ်အချက်အလက်တွေကို သိချင်ရင်တော့ Voice Industry ရဲ့ တရားဝင် Facebook Page => www.facebook.com/voiceindustryfamilyktv မှာဝင်ရောက်လေ့လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က