• Lifestyle
    ကိုယ်ပိုင် Code Name နဲ့သူငယ်ချင်းတွေကို Grab စီးဖို့ဖိတ်ခေါ်ပြီး ဆုကြေးရမယ့် အစီအစဉ်ကို Grab ကပြုလုပ်လျက်ရှိ
Phyo Min Thant
[Unicode Version]

Native.png 

မြန်မာနိုင်ငံမှာဈေးကွက်အခိုင်အမာတည်ဆောက်ထားနိုင်ပြီဖြစ်တဲ့ တက္ကစီဝန်ဆောင်မှုကုမ္ပဏီ Grab ကနေပြီး ထူးခြားတဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ခု ပြုလုပ်လျက်ရှိပါတယ်။

အဲဒါကတော့ လက်ရှိ Grab နဲ့စီးနေတဲ့သူတွေအနေနဲ့ Grab App နဲ့ Grab ဝန်ဆောင်မှုကိုမသုံးဖူးသေးတဲ့ ကိုယ့်ရဲ့ အသိမိတ်ဆွေတွေကို Grab သုံးကြည့်ဖို့ဖိတ်ခေါ်ပြီး ဖိတ်ခေါ်သူရော၊ ဖိတ်ခေါ်ခံရသူပါ ဆုကြေးတွေရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

လုပ်ရမယ့်နည်းလမ်းကလည်း လွယ်ပါတယ်။ ပထမဆုံး ဖိတ်ခေါ်မယ့်သူက ကိုယ့်ရဲ့ Grab App ထဲက Free Ride ကိုနှိပ်။ Referral Code နေရာမှာကိုယ်ကြိုက်တဲ့ နာမည်တစ်ခုထည့်။ ပြီးရင် SMS ဒါမှမဟုတ် Messenger လို Social Media တစ်ခုခုကနေသူငယ်ချင်းတွေဆီ Share လိုက်ရပါမယ်။

ဒါဆိုရင် ကိုယ့်သူငယ်ချင်းဆီကို ကိုယ့်ရဲ့ Referral Code နဲ့လင့်ခ်တစ်ခု မက်ဆေ့ချ်ဝင်သွားမှာပါ။ ကိုယ့်ရဲ့သူငယ်ချင်းက ရောက်လာတဲ့ လင့်ခ်ကို နှိပ်ပြီးတော့ Register လုပ်လို့ရသလို Grab App ကိုဒေါင်းလုဒ်လုပ်ပြီး Referral Code နေရာမှာ မက်ဆေ့ချ်ဝင်လာတဲ့ Code ကိုထည့်ပြီးတော့လည်း Register လုပ်လို့ရပါတယ်။

Register လုပ်ရမယ့်အဆင့်တွေအတိုင်းအဆင့်ဆင့်လုပ်ပြီးသွားပြီဆိုရင် Grab ကိုပထမဆုံးစစီးတဲ့ ကိုယ့်သူငယ်ချင်းက ခရီးစဉ်တစ်ကြောင်းကို ၁၅၀၀ ကျပ်နဲ့ ခရီးစဉ် ၃ ကြောင်းအထိသက်သာခွင့်ရမယ့် Reward ကိုရရှိမှာဖြစ်ပြီး အဲဒီသူငယ်ချင်း ပထမဆုံးခရီးစဉ်တစ်ကြောင်းစတင်စီးပြီးပြီဆိုတာနဲ့ ဖိတ်ခေါ်တဲ့သူကလည်း ၁၅၀၀ ကျပ် သက်သာမယ့် Reward ကိုရရှိမှာပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေများများဖိတ်ခေါ်လေ Reward ကလည်းများများရရှိလေပါပဲ။ ဒါကြောင့် အခုပဲ Grab App ကိုဖွင့်လို့ သူငယ်ချင်းတွေကို တက္ကစီစီးရင် ဈေးဆစ်စရာမလို၊ လမ်းမပေါ်ထွက်ငှားစရာမလိုဘဲ စမတ်ကျကျစီးလို့ရတဲ့ Grab စီးဖို့ ဖိတ်ခေါ်ရင်း Reward တွေကိုရယူလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

[Zawgyi Version]




ဒါဆိုရင် ကိုယ့်သူငယ်ချင်းဆီကို ကိုယ့်ရဲ့ Referral Code နဲ့လင့်ခ်တစ်ခု မက်ဆေ့ခ်ျဝင်သွားမှာပါ။ ကိုယ့်ရဲ့သူငယ်ချင်းက ရောက်လာတဲ့ လင့်ခ်ကို နှိပ်ပြီးတော့ Register လုပ်လို့ရသလို Grab App ကိုဒေါင်းလုဒ်လုပ်ပြီး Referral Code နေရာမှာ မက်ဆေ့ခ်ျဝင်လာတဲ့ Code ကိုထည့်ပြီးတော့လည်း Register လုပ်လို့ရပါတယ်။




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs