ညစာအပြီးမှာ စားနေကျ မုန့်အချိုပွဲတွေကိုပဲ အချိုတည်းနေရတာပျင်းစရာကောင်းပါတယ်။ တစ်ခါတစ်လေမှာ အပြောင်းအလဲလေးဖြစ်သွားအောင် ဘိုဆန်ဆန်ဝိုင်နဲ့ အရသာထူးကဲ့တဲ့အချိုပွဲလေးသုံးဆောင်ကြည့်ရင်မကောင်းဘူးလား။ ဒီအတွက် သြစတြေးလျရဲ့နာမည်ကျော် Jacob's Creek ဝိုင်အမျိုးမျိုးထဲကမှ Shiraz ဝိုင်နဲ့လိုက်ဖက်လှပြီး အရသာထူးကဲတဲ့ မက်မန်းသီးမုန့်အချိုပွဲလုပ်နည်းလေး ပေးချင်ပါတယ်။ ဒီနည်းဟာဆိုရင် နာမည်ကျော် ဖက်ရှင်ဓါတ်ပုံနဲ့ ရုပ်ရှင်ဓါတ်ပုံပညာရှင် Nayantara Parikh ကိုယ်တိုင် Jacob's Creek Wine Table မှာဝေမျှပေးခဲ့တဲ့နည်းပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
မက်မန်းသီးအနှစ်အတွက်
- မက်မန်းသီးမှည့် - ၈၀၀ ဂရမ် (ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ)
- သကြား - ၅၀ ဂရမ်
- လိမ္မော်သီးအခွံခြစ် ( လိမ္မော်သီးတစ်လံုံးရဲ့အပြင်ခွံကို ခြစ်တံဖြင့်ခြစ်ပါ။ အတွင်းမှအဖြူရောင်အမျှင်များမပါစေဘဲ အပြင်ခွံကိုပဲ ခြစ်ရမှာပါ)
- သစ်ကြံပိုးခေါက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျုံမှုန့် - လဖက်ရည်ဇွန်း ၁ ဇွန်း
မုန့်သားအကာအတွက်
- ဂျုံမှုန့် - ၂၅၀ ဂရမ်
- ထောပတ် - ၁၅၀ ဂရမ်
- သကြား - ၈၀ ဂရမ်
- သကြားညို - ၈၀ ဂရမ်
- မက်မွန်သီးမှုန့် - ၅၀ ဂရမ်
ပြုလုပ်ပုံ
၁။ Oven ကို fan force နဲ့ 200C/180C လောက်အပူပေးထားပါ။
၂။ အနေတော်ပန်းကန်ပြားကို ဆီအနည်းငယ်သုတ်ပြီး မက်မန်းသီးတွေအရင်ထည့်ပါ။
၃။ သကြား၊ခြစ်ထားတဲ့လိမ္မော်ခွံ၊ သစ်ကြံပိုးခေါက် နဲ့ ဂျုံမှုန့်တို့ကိုသမအောင်မွှေပြီး မက်မန်းသီးတွေအပေါ်လောင်းထည့်ပါ။
၄။ အပေါ်ကနေမှ ရေ လဖက်ရည်ဇွန်း ၂ ဇွန်းလောက်လောင်းထည့်ပါ။
၅။ မုန့်သားအကာပါဝင်ပစ္စည်းတွေအားလုံးကို မွှေစက်ထဲထည့်ပြီးသမတဲ့အထိမွှေပါ။ ဒါမှမဟုတ် ထောပတ်နဲ့ဂျုံမှုန့်ကို လက်နဲ့ပဲနယ်ပြီး တခြားပါဝင်ပစ္စည်းတွေကိုထပ်ထည့်ကာ နယ်ပေးလို့လည်းရပါတယ်။
၆။ နယ်ထားတဲ့မုန့်သားအကာတွေကို မက်မန်းသီးအနှစ်ပေါ်လောင်းထည့်ပြီး Oven ထဲမှာ မိနစ် ၃၀ ကနေ ၄၀ လောက်အထိ ရွှေညိုရောင်သမ်းလာတဲ့အထိဖုတ်ပါ။
၇။ အဲဒီနောက် ၁၅ မိနစ်လောက်အအေးခံထားပြီးရင် ခရင်မ်၊ ဒါမှမဟုတ် သစ်ခွရေခဲမုန့်လေးနဲ့တွဲဖက်သုံးဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။
ကဲ... Jacob's Creek ရဲ့ Shiraz ဝိုင်နဲ့ မက်မန်းသီးမုန့်အချိုပွဲလေးကိုမြည်းရင်း ထူးခြားတဲ့ဘိုဆန်ဆန်ညချမ်းလေးတစ်ခုကို အခုပဲ ကိုယ်တိုင်ဖန်တီးကြည့်လိုက်ကြရအောင်လား။
