အကောင်းဆုံးအရသာအတွဲအဖက်ကိုရဖို့ဆိုရင်ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေနည်းနည်းသိထားဖို့လိုပါတယ်။
Phyo Min Thant
Sponsored bylogo

JC August Article 3.png 

ချိစ်နဲ့ ဝိုင်ဟာ လိုက်ဖက်တဲ့ အတွဲအစပ်ဆိုတာ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံးအရသာအတွဲအဖက် ကိုရဖို့ဆိုရင်တော့ ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေနည်းနည်းသိထားဖို့လိုပါတယ်။ ဒီအချက်တွေဟာ ခက်ခက်ခဲခဲ လျှို့ဝှက်ချက်ကြီးတွေမဟုတ်ပေမယ့် သိထားမယ်ဆိုရင် ပိုပြီးလိုက်ဖက်တဲ့ ဝိုင်နဲ့ ချိစ် ကိုရွေးချယ်နိုင်အောင် ကူညီပေးနိုင်ပါ တယ်။

၁။ သက်တမ်းတူ၊ ပြင်းအားတူ တဲ့ ဝိုင် နဲ့ ချိစ်ကိုရွေးချယ်ပါ။

သက်တမ်းတူတယ်ဆိုတာက အတိအကျတူတာမျိုးကို ပြောတာမဟုတ်ဘူး။ သက်တမ်းရင့်တဲ့ဝိုင်မျိုးနဲ့ အချိန်ယူပြုလုပ် ရတဲ့ ချိစ်အမာကို တွဲစပ်သုံးဆောင်ရင် ပိုမိုကောင်းမွန်မှာဖြစ်ပြီး အဲဒီလိုပဲ သက်တမ်းနုတဲ့ဝိုင်မျိုးအတွက်ဆိုရင်တော့ လတ်ဆက်တဲ့ချိစ်အပျော့က ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အရသာအရဆိုရင်လည်း အရသာစူးတဲ့ဝိုင်မျိုးနဲ့ အရသာစူးတဲ့ ချိစ်၊ အရသာပျော့တဲ့ဝိုင်နဲ့ အရသာပျော့တဲ့ ချိစ်တို့ကို တွဲဖက်သုံးဆောင်ရင် ပိုမိုလိုက်ဖက်တဲ့အရသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ အနံ့စူးတဲ့ချိစ်

ဒီချိစ်တွေကတော့ အပေါ်ကပြောခဲ့တဲ့ ရွေးချယ်နည်းမျိုးမှာ ခြွင်းချက်အဖြစ်ထားရမယ့်ချိစ်တွေ ဖြစ်ပါတယ်။ အနံံ့ပြင်းတဲ့ ချိစ်တွေဟာ အရသာစူးရှတဲ့ဝိုင်တွေနဲ့ထက် အရသာပျော့ပြီး အနံ့မွှေးတဲ့ ဝိုင်မျိုးတွေနဲ့ပိုမိုလိုက်ဖက်ပါတယ်။

 

၃။ ချိစ်အသားအလိုက် လိုက်ဖက်တဲ့ဝိုင်ကိုရွေးချယ်ခြင်း

ချိစ်ရဲ့ အသား အမာ၊အပျော့ပေါ်မူတည်ပြီး လိုက်ဖက်တဲ့ဝိုင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ချိစ်ရဲ့ အပျော့၊ အမာနဲ့ အရသာပေါ်မူတည်ပြီးရွေးချယ်တဲ့နေရာမှာ ကိုယ်တွေ့ကိုအခြေခံပြီးရွေးချယ်တာက အကောင်းဆုံးပါပဲ။ ချိစ် ကိုသူ့ချည်းပဲ တစ်ကိုက်၊ကိုက်ကြည့်၊ ပြီးရင် နောက်တစ်ကိုက်ကိုက်ပြီး ဝိုင်ကိုသောက်ကြည့်။ စိတ်ကြိုက်အရသာရတယ်ဆိုရင် အဲဒီ အတွဲအစပ်ကို အလွတ်သာမှတ်သားထားလိုက်ပါတော့။ ဒီနည်းလမ်းတွေအပြင် ကိုယ့်စိတ်ကြိုက် ချိစ်နဲ့ဝိုင်အမျိုးမျိုးကိုရွေးချယ်ပြီးလည်း စမ်းသပ်ကာ အရသာကိုလွတ်လွတ် လပ်လပ်ခံစားကြည့်နိုင်ပါသေးတယ်။

နမူနာအနေနဲ့ စမ်းသပ်ကြည့်နိုင်မယ့် ချိစ်နဲ့ဝိုင် အတွဲအစပ်နှစ်ခုကို ဖော်ပြရမယ် ဆိုရင်တော့

Jacob's Creek Reserved စပျစ်ဝိုင်နီ နဲ့ Chadder ချိစ်အမာ

Jacob's Creek စပျစ်ဝိုင်နီဟာ ပြင်းရှမွှေးမြတဲ့ ဘယ်ရီနံ့မျိုးရှိပါတယ်။ ဝက်သစ်ချသားစည်နဲ့ဖောက်ထားပြီး သဘာဝပစ္စည်း တွေနဲ့ အရောင်းဆိုးထားတဲ ဒီဝိုင်ဟာ အရသာပြင်းတဲ့ ဝိုင်နီမျိုးပဲ ဖြစ်ပါတယ်။ ဒီဝိုင်ကို အရသာပြင်းတဲ့ chadder ချိစ်အမာ နဲ့တွဲဖက်တဲ့အခါ ချိစ်ရဲ့အရသာကိုပိုမိုပေါ်လွင်ကောင်းမွန်လာတာကိုတွေ့ရမှာပါ။ Jacob's Creek စပျစ်ဝိုင်နီကို အခြားအရ သာပြင်းတဲ့ချိစ်တွေနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပြီး အငံဓါတ်ကဲပြီး မာတဲ့ချိစ်မျိုးတွေနဲ့ အထူးလိုက်ဖက်ပါတယ်။

Jacob's Creek Reserved စပျစ်နက်ဝိုင် နဲ့ ဂူဒါ ၊ ဒါမှမဟုတ် ကမ်မမ်ဘာ့တ် ချိစ်

နူးညံ့တဲ့ဝက်သစ်ချအနံ့ နဲ့ မွှေးကြိုင်တဲ့သစ်သီးအရသာတို့ကိုပေါင်းစပ်တဲ့ Jacob's Creek Reserved စပျစ်နက်ဝိုင်ဟာ နူးညံ့မှုနဲ့ စူးရှမှုနှစ်မျိုးလုံးကိုတစ်ပြိုင်နက်ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီဝိုင်ဟာ ဒတ်ချ်ချိစ်အမာဂူဒါလို အနံ့အရသာပြင်းတဲ့ ချိစ်မျိုးနဲ့လိုက်ဖက်သလို ကမ်မမ်ဘာ့တ်ချိစ်လို့ နူးညံ့တဲ့ချိစ်အပျော့တွေနဲ့လည်းလိုက်ဖက်တာကိုတွေ့ရမှာပါ။

ကဲ...အခုဖော်ပြခဲ့တဲ့အချက်တွေကို အသုံးချပြီး Jacob's ဝိုင်တွေနဲ့ ချိစ်နဲ့ကို အခုပဲလက်တွေ့တွဲဖက်သုံးဆောင်ကြည့်လိုက် ကြရအောင်လား...။


Author


က္က