ချောကလက်နဲ့ ဝိုင်
Phyo Min Thant
Sponsored bylogo
 

မိုးတွင်းကာလဟာမကြာခင်ကုန်ဆုံးလို့ ပွင့်လင်းရာသီကိုရောက်ရှိတော့မယ့်အချိန်ကာလရောက်ရှိလို့လာပါပြီ။ ချမ်းအေးတဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီကာလတွေမှာ လိုက်ဖက်မယ့်ဝိုင်အမျိုးအစားတွေနဲ့တွဲဖက်သုံးဆောင်စရာအစားအစာအချို့ကို Jacob's Creek ရဲ့ White & Sparkling ဝိုင်ဖန်တီးသူ ထရီနာစမစ်ရဲ့အကြံပြုချက်အတိုင်းပြန်လည် ဖော်ပြပေးလိုက် ရပါတယ်။

ချောကလက်နဲ့ ဝိုင်

ချောကလက်နဲ့ဝိုင်ဆိုတာ လိုက်ဖက်အောင်ရွေးချယ်တတ်ရင် တကယ့်ကိုအရသာထူးတဲ့တွဲဖက်မှုတစ်ခုဖြစ်လာမှာပါ။ ကိုယ်သုံးဆောင်တဲ့ချောကလက်အမျိုးအစားအလိုက် လိုက်ဖက်မယ့်ဝိုင်ကိုရွေးချယ်ဖို့ပဲ လိုပါတယ်။

 

ချောကလက်ဖြူ(White Chocolate) နဲ့ဆိုရင် Moscato လိုတဲ့ဝိုင်ချိုချိုတွေနဲ့တွဲဖက်သုံးဆောင်သင့်ပါတယ်။

နို့များတဲ့ချောကလက်တွေဆိုရင်တော့ Pinot Noir ဒါမှမဟုတ် Sparkling တို့လို အရသာပြင်းတဲ့ဝိုင်တွေနဲ့ လိုက်ဖက်ပါတယ်။

ကိုကိုးပါဝင်မှုရာခိုင်နှုန်းမြင့်တဲ့ ချောကလက်ခါးခါးတွေနဲ့ဆိုရင်တော့ Shiraz လို ဝိုင်အရသာပိုပေါ်တဲ့ ဝိုင်မျိုးတွေနဲ့ လိုက် ဖက်မှာပဲ ဖြစ်ပါတယ်။

ပင်လယ်စာနဲ့ ဝိုင်

ပင်လယ်စာချစ်သူတွေအနေနဲ့လည်း ဝိုင်ကိုတွဲဖက်သောက်သုံးစရာတစ်ခုအနေနဲ့ရွေးချယ်နိုင်တာပါပဲ။ ငါး၊ပုဇွန် တို့လို ပင်လယ်စာတွေနဲ့တွဲဖက်သုံးဆောင်ဖို့အတွက်ဆိုရင်တော့ Sauvignon Blanc ဒါမှမဟုတ် Semillon Sauvignon Blanc တို့လို အသီးအရသာကဲပြီး အရမ်းမပြင်းတဲ့ ဝိုင်မျိုးတွေကအကောင်းဆုံးဖြစ်မှာပါ။

မိုးအကုန်ဆောင်းအကူးကာလလို အချိန်မျိုးနဲ့အလိုက်ဖက်ဆုံးဖြစ်မယ့်ဝိုင်ဆိုရင်တော့ ဝက်သစ်ချသားစည်နဲ့ဖောက်ထားတဲ့ Jacob's Creek Reserve Adelaide Hills Chardonnay ဝိုင်ကိုရွေးချယ်ဖို့ အကြံပြုလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က