ပိုင်တံခွန်၊ Tyron၊ ဟိန်းထက်၊ ရွှေအိမ်စည်၊ ရတနာမိုင်နှင့် ဘီလီလမင်းအေးတို့လည်းပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Phyo Min Thant
 

မြန်မာနိုင်ငံက ကော်ဖီချစ်သူတွေအတွက် အောက်တိုဘာလ၊ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကော်ဖီများနေ့မှာ ကမ္ဘာ့နံပါတ် ၁ ကော်ဖီအမှတ်တံဆိပ် NESCAFE ကနေပြီး NESCAFE' DAY ဆိုတဲ့ မမေ့နိုင်စရာနေ့လေးတစ်နေ့ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။



ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိကျင်းပပြုလုပ်ခဲ့တဲ့ NESCAFE' DAY မှာ ပိုင်တံခွန်၊ Tyron၊ ဟိန်းထက်၊ ရွှေအိမ်စည်၊ ရတနာမိုင်နှင့် ဘီလီလမင်းအေးတို့လို နာမည်ကျော်အနုပညာရှင်တွေကလည်း ပျော်ပျော်ပါးပါးပါဝင်ခဲ့ကြပါတယ်။

 

အဆိုပါနာမည်ကျော်အနုပညာရှင်တွေက ကော်ဖီအရသာအသစ်တွေကို ဆန်းသစ်ဖန်တီးခဲ့ကြပြီး ပွဲကိုတက်ရောက်လာ ကြတဲ့ပရိသတ်တွေဟာ အဲဒီကော်ဖီအရသာအသစ်တွေကိုမြည်းစမ်းခွင့်ရခဲ့ကာ သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခွင့်ကိုလည်း ရရှိခဲ့ကြပါတယ်။

NESCAFE' DAY ကိုကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ ဆန်းသစ်အတွေ့အကြုံတွေ၊ စိတ်ကူးစိတ်သန်း အသစ်အသစ်တွေရရှိစေဖို့အတွက်ရည်ရွယ်ပြီးကျင်းပတာဖြစ်ကာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ NESCAFE ရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ နီးပါးမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

 

ဒီပွဲမှာ အနုပညာရှင်တွေနဲ့ လူငယ်ပေါင်း ၃၀၀ ကျော်ကနေပြီး NESCAFÉ ၏ “RED MUG” အမှတ်သင်္ကေတကို အောင်အောင်မြင်မြင်ပုံဖော်သွားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

NESCAFE' DAY ပွဲကြီးကနေရရှိလာတဲ့ ရံပုံငွေအားလုံးကို ချို့တဲ့တဲ့ကလေးငယ်တွေပညာသင်ကြားနိုင်ရေးထောက်ပံ့ပေး တဲ့အဖွဲ့အစည်းအားလှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က