ဒီနေ့ခေတ်ဟာနည်းပညာခေတ်ဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း Customer တွေရဲ့အကြိုက်တွေ၊ အမူအကျင့်တွေကို နည်းပညာတွေအသုံးပြုပြီးအချိန်ပြည့်စောင့်ကြည့်ကာ လေ့လာဆန်းစစ်နေဖို့လိုအပ်နေပါပြီ။ လာမယ့်နှစ်တွေထဲမှာ စီးပွားရေးလုပ်ငန်းတိုင်းဟာ နည်းပညာတွေရဲ့အစွမ်းနဲ့ Customer တွေရဲ့အချက်အလက်တွေကို စုဆောင်းမှုတွေပိုမိုလုပ်ဆောင်လာကြတော့မှာဖြစ်တာကြောင့် ခေတ်နောက်မကျရအောင် အချက်အလက်စုဆောင်းမှု နည်းပညာတွေပြောင်းလဲတိုးတက်လာတာနဲ့အမျှ အဲဒီနည်းလမ်းတွေကိုအသုံးချပြီး Customer တစ်ဦးချင်းစီအထိဂရုစိုက် နိုင်စေမယ့် အနည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အချက်အလက်အခြေပြုဆုံးဖြတ်ချက်ချမှတ်ခြင်း
လက်ရှိအချိန်မှာတောင် Google Analytic လိုလူတိုင်းအသုံးပြုနိုင်နေတဲ့နည်းပညာမျိုးနဲ့ Customer တွေရဲ့ အချက်အလက်တွေ၊အမူအကျင့်တွေကိုစောင့်ကြည့်လေ့လာနိုင်နေပါပြီ။ဒါကြောင့်လာမယ့်နှစ်တွေမှာ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ကုန်အမှတ်တံဆိပ်ထိုးဖောက်တာကနေ ဈေးနှုန်းပြောင်းလဲတာတွေအထိ ဆုံးဖြတ်ချက်တစ်ခုကို အချက်အလက်တွေကောက်ယူဆန်းစစ်တာမျိုးမလုပ်ဘဲ စိတ်အထင်နဲ့ မှန်းဆပြီး ချမှတ်တာမျိုးလုပ်တော့မှာမဟုတ်ပါဘူး။ သင့်အနေနဲ့လည်း ကိုယ့် Customer တွေရဲ့ အချက်အလက်တွေကို နည်းပညာအသုံးပြုပြီး အခုကတည်းက စုဆောင်းထားနိုင်မှ လာမယ့်နှစ်တွေမှာ ပြိုင်ဘက်တွေနည်းတူ ထိရောက်တဲ့ အချက်အလက်အခြေပြု ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။
Customer တစ်ဦးချင်းအပေါ်ပိုမိုဂရုစိုက်နိုင်ခြင်း
စီးပွားရေးလုပ်ငန်းတွေဟာအရွယ်အစားကြီးမားလာတာနဲ့အမျှ Customer တစ်ဦးချင်းစီကို ဂရုစိုက်နိုင်မှုလျော့နည်း လာတတ်ကြပါတယ်။ ဒါကြောင့်လူတွေက သူတို့ကိုနာမည်နဲ့တကွမှတ်မိပြီး သူတို့ဝယ်တတ်တာတွေကိုလည်း သိတဲ့ ရပ်ကွက်ထဲကဆိုင်လေးတွေမှာ ဝယ်ရတာကိုနှစ်သက်ကြတာပါ။ ဒါပေမဲ့နည်းပညာတွေတိုးတက်လာခြင်းနဲ့အတူ စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့လည်း Software တွေအကူအညီနဲ့များပြားလှတဲ့ Customer တွေရဲ့အချက်အလက်တွေ ကိုစုဆောင်းပြီး တစ်ဦးချင်းစီတိုင်းကို ဂရုတစိုက်ပြန်လည်ဆက်ဆံလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတဲ့ နေရာမှာလည်း လူအုပ်စုလိုက်ကို ပစ်မှတ်ထားကြော်ငြာတာမျိုးတွေအပြင် လူတစ်ဦးချင်းကိုရည်ရွယ်ပြီး ကြော်ငြာတဲ့နည်းလမ်းတွေကိုအသုံးပြုလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။
မှတ်ဉာဏ်တု (Artificial Intelligence)
အချက်အလက်တွေစုဆောင်းထားနိုင်မှုမြင့်မားလာတာနဲ့အမျှ အဲဒီအချက်အလက်တွေပေါ်မူတည်ပြီး လူလိုစဉ်းစား ဆုံးဖြတ်တုံ့ပြန်နိုင်တဲ့ AI လို့ခေါ်တဲ့မှတ်ဉာဏ်တုနည်းပညာကလည်းအဆင့်မြင့်မားလာပါတယ်။ ကမ္ဘာတဝမ်းကလူတွေ Online အသုံးပြုမှုများပြားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ Website တွေမှာ Cookies တွေကို အသုံးပြုပြီး Customer တွေရဲ့အမူအကျင့်၊အချက်အလက်တွေကိုအလိုအလျောက်စုဆောင်းရယူလျက်ရှိပါတယ်။ ဒါကြောင့်ယခုလက်ရှိမှာတောင် စီးပွားရေးလုပ်ငန်းတွေဟာ Chat bot တွေကိုသုံးပြီး Customer တွေရဲ့မေးမြန်း၊ စုံစမ်းမှုတွေကိုအလိုအလျောက်တုံ့ပြန်တာတွေကို တစ်နေ့ ၂၄ နာရီ၊တစ်ပတ် ၇ ရက်လုံးလုပ်ဆောင်ပေးနိုင်နေကြပါပြီ။ နောက်ပိုင်းမှာ AI နည်းပညာတွေပိုမိုမြင့်မား လာတာနဲ့အမျှ Customer တွေရဲ့လိုအပ်ချက်တွေကို AI အကူအညီနဲ့ ရုံးပိတ်ချိန်၊ဆိုင်ပိတ်ချိန်မထားဘဲ အချိန်နဲ့တပြေးညီ ဖြည့်ဆည်းပေးနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေက အပြိုင်အဆိုင်ကြိုးစား လာကြတော့မှာပဲ ဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ်ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ နည်းလမ်းတွေနဲ့ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အာင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကာင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal ကစိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.chivas.com ကိုဝင်ရောက်ပြီးတော့ဆက်လက်လေ့လာဖတ်ရှု့နိုင်ပါတယ်။