သရုပ်ဆောင်ပြိုင်ပွဲလည်းကျင်းပဦးမှာပါ။
Phyo Min Thant
 

ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Woods' ကနေပြီး Love and Care ကြင်နာယုယခြင်းနဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ Storyboard ဝတ္ထုတိုပြိုင်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိကျင်းပခဲ့ပါတယ်။

အဲဒီလိုကျင်းပခဲ့ရာမှာ ပါဝင်ယှဉ်ပြိုင်သူ ၉၃ ဦးအထိရှိခဲ့ပြီး ယခုအခါ ပထမဆု၊ ဒုတိယဆု၊တတိယဆု တို့ကိုရွေးချယ်ချီးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။

ဆုရရှိသွားသူတွေကတော့ ပထမဆု- ကိုကျော်မြင့်ထွန်း၊ ဒုတိယဆု - မထားထားဝေ၊ တတိယဆု - Saung Aisha တို့ပဲ ဖြစ်ကာ Woods' ကနေပြီး ပထမဆုအတွက် ကျပ် ၁၀ သိန်း၊ ဒုတိယဆုအတွက် ကျပ် ၅ သိန်း နဲ့ တတိယဆုအတွက် ကျပ် ၃ သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလိုဆုရရှိသွားတဲ့ထဲက အကောင်းဆုံး Storyboard အတွက်သရုပ်ဆောင်ပြိုင်ပွဲ(Talent Competition) ကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့၊ သောကြာနေ့မှာ ညနေ ၅ နာရီကစတင်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ရှိကားရပ်နားစခန်းမှာ ကျင်းပပြုလုပ်သွားဦးမှာပါ။

ဒီသရုပ်ဆောင်ပြိုင်ပွဲကို သရုပ်ဆောင်ဝါသနာပါသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး Woods' ကနေ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးသွားဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က