ကိုယ်သုံးဆောင်မယ့် အသီးအရွက်ဟင်းလျာနဲ့ အနံ့အရသာတူညီမှုရှိတဲ့ဝိုင်ကိုရွေးချယ်မယ်ဆိုရင် လိုက်ဖက်တဲ့အရသာကို ခံစားရမှာပါ။
Phyo Min Thant
Sponsored bylogo
 

ဝိုင်နဲ့တွဲဖက်သုံးဆောင်ဖို့ အစားအသောက်တွေရွေးတဲ့အခါ အသီးအရွက်ဟင်းလျာတွေကိုထည့်သွင်းစဉ်းစားဖို့ မေ့နေတတ်ကြပါတယ်။များသောအားဖြင့် ဝိုင်နီနဲ့ဆိုရင် လတ်ဆတ်တဲ့အမဲသားဟင်းလျာ၊ ဝိုင်ဖြူနဲ့ဆိုရင်တော့ ကြက်သား၊ ဒါမှမဟုတ် ငါးဟင်းလျာတွေကအလိုက်ဖက်ဆုံးဆိုပြီးအသားငါးဟင်းတွေကိုပဲပြေးမြင်မိလေ့ရှိပါတယ်။ ဒါပေမဲ့ဒီနေ့ခေတ်မှာ ကျန်းမာရေးအတွက် အသား၊ငါးစားတာတွေလျှော့ပြီးအသီးအရွက်တွေပိုစားရမယ်ဆိုတာကို သိရှိလိုက်နာလာကြတာ ကြောင့် အသီးအရွက်ဟင်းလျာတွေနဲ့ ဝိုင်ကိုလိုက်ဖက်အောင်တွဲဖက်သုံးဆောင်နိုင်ဖို့ ဆောင်ရန်၊ရှန်ရန်လေးတွေ ပြောပြချင်ပါတယ်။

(၁) ကိုယ်စားမယ့်အသီးအရွက်ဟင်းလျာနဲ့ အနံ့၊အရသာတူညီတဲ့ ဝိုင်ကိုရွေးပါ

ဝိုင်တွေကို သူတို့မှာပါဝင်တဲ့သဘာဝအနံ့၊အရသာတွေနဲ့ အမျိုးအစားခွဲဖော်ပြထားလေ့ရှိပါတယ်။ ဒီပေါ်ကနေမူတည်ပြီး ကိုယ်သုံးဆောင်မယ့် အသီးအရွက်ဟင်းလျာနဲ့ အနံ့အရသာတူညီမှုရှိတဲ့ဝိုင်ကိုရွေးချယ်မယ်ဆိုရင် လိုက်ဖက်တဲ့အရသာကို ခံစားရမှာပါ။ ဥပမာ ခရမ်းချဉ်သီးဆိုရင် အက်ဆစ်ဓါတ်များတာကြောင့်သူ့လို အက်ဆစ်ဓါတ်များပြီးအချဉ်ဓါတ်ကဲတဲ့ ဝိုင်ဖြစ်တဲ့ Pinot Noir လိုဝိုင်မျိုးကိုရွေးချယ်သင့်ပါတယ်။ ပဲနီလေးတို့၊ မှိုတို့လိုမြေပေါ်မှာပေါက်တဲ့ အသီးအရွက်ဟင်းလျာ မျိုးတွေနဲ့ဆိုရင်တော့ Cabernet Sauvignon လိုအနံ့အရသာပေါ်လွင်တဲ့ဝိုင်တစ်မျိုးမျိုးနဲ့လိုက်ဖက်မှာပါ။ ဝိုင်ကိုဖောက်လုပ် ထားတဲ့အခြေခံ သစ်သီးအပေါ်မူတည်ပြီးတော့လည်း ကိုယ့်ရဲ့အသီးအရွက်ဟင်းလျာနဲ့လိုက်ဖက်မယ့်ဝိုင်ကိုရွေးချယ်နိုင်ပါ သေးတယ်။ ချယ်ရီ၊ ဒါမှမဟုတ် မက်မွန်သီးရဲ့အရသာက သင့်ဟင်းလျာရဲ့အရသာကိုဘယ်လိုပေါ်လွင်စေနိုင်မလဲဆိုတာကို စဉ်းစားပြီးရွေးချယ်ရမှာဖြစ်ပါတယ်။

 

(၂) ဟင်းလျာကိုချက်ပြုတ်ထားတဲ့နည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားပါ

ကိုယ့်ရဲ့ဟင်းက ချဉ်တဲ့ဟင်းလား၊ အနှစ်များတဲ့ဟင်းလား၊ ခပ်စပ်စပ်ဟင်းလားဆိုတာပေါ်မူတည်ပြီး လိုက်ဖက်မယ့် အနံ့အရသာရှိတဲ့ ဝိုင်မျိုးနဲ့တွဲဖက်သုံးဆောင်သင့်ပါတယ်။ဒါ့အပြင် နောက်ထပ်ချင့်ချိန်ရမယ့်အချက်တစ်ခုက အသီးအရွက်ဟင်းလျာကိုချက်ပြုတ်ရာမှာလိုအပ်တဲ့ပမာဏပါပဲ။ အသီးအရွက် stew ဟင်းလျာတွေဟာ အသားဟင်းလျာတွေလိုပဲ အရောင်အရသာပေါ်လွင်တာကြောင့် နည်းနည်းပြင်းတဲ့ Cabernet Sauvignon လိုဝိုင်တွေနဲ့ တွဲဖက်သုံးဆောင်ရမှာပဲ ဖြစ်ပါတယ်။

(၃) ဝိုင်ဖြူ နဲ့ စပါကလင်ဝိုင်တွေကိုပဲရွေးချယ်ရမယ်လို့ ပုံသေမမှတ်ထားပါနဲ့

လူတော်တော်များမှာရှိတဲ့ အယူအဆမှားတစ်ခုကတော့ အသီးအရွက်ဟင်းလျာနဲ့ဆိုရင် ဝိုင်ဖြူ နဲ့ စပါကလင်ဝိုင်လို ဝိုင်တွေကိုပဲရွေးချယ်ရမယ်လို့ ပုံသေမှတ်ထားတတ်တာပါပဲ။ ဒါပေမဲ့အပေါ်မှာပြောခဲ့တဲ့အကြံပြုချက်တွေအတိုင်းပဲ အရသာပေါ်လွင်တဲ့ဝိုင်တွေနဲ့မှလိုက်ဖက်မယ့် အသီးအရွက်ဟင်းလျာတွေလည်းရှိတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။ အသီးအရွက်တွေဆိုတာ ဝိုင်တွေလိုပဲသူတို့နဲ့ရောနှောချက်ပြုတ်ထားတဲ့ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး အရသာအမျိုးမျိုးကွဲ ပြားသွားနိုင်တာကြောင့် အခုဖော်ပြခဲ့တဲ့အကြံပြုချက်တွေကိုကိုးကားပြီး ကိုယ့်ရဲ့အကြိုက်အရသာဖြစ်မယ့် အသီးအရွက်ဟင်းလျာနဲ့ ဝိုင်အတွဲအဖက်ကိုရွေးချယ်ရမှာပါ။ အဓိကအချက်ကတော့ကိုယ်သုံးဆောင်မယ့် ဝိုင်နဲ့ အသီးအရွက်ဟင်းလျာနှစ်ခုလုံးမှာ ထင်ရှားတဲ့အနံ့အရသာကဘာလဲဆိုတာကိုရှာဖွေနိုင်ဖို့ပါပဲ။


Author


က္က