နှုတ်ခမ်းသားစိုနေဖို့အတွက် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလုံလောက် ရှိနေဖို့လည်း လိုပါတယ်။
Thurein Tun
 

လှပနူးညံ့တဲ့ နှုတ်ခမ်းမျိုးကို အမျိုးသမီးတိုင်းအလိုရှိပါတယ်။ ဒီလိုနှုတ်ခမ်းမျိုးကို မဂ္ဂဇင်းမျက်နှာဖုံးနဲ့ သင်ကြိုက်တဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ မျက်နှာမှာ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုနှုတ်ခမ်းကို သင်လည်း သဘာဝကျကျ ရယူနိုင်ပါတယ်။ အောက်ပါအချက်လေးတွေကိုတော့ လိုက်နာဖို့ လိုပါတယ်။

1 -  Lip Balm

 

သင့်မျက်နှာပေါ်လိမ်းမယ့် မိတ်ကပ်ကို သေချာရွေးချယ်ဝယ်ယူသလို နှုတ်ခမ်းပေါ်လိမ်းမယ့် ပစ္စည်းတွေကိုလည်း သေချာရွေးဝယ်သင့်ပါတယ်။ ဒီလိုဝယ်ယူတဲ့အခါ နေရောင်မှ ကာကွယ်ပေးတဲ့ lip balm မျိုးကို ဝယ်ယူသင့်တယ်လို့ American Academy of Dermatology က အကြံပြုထားပါတယ်။ SPF 30 နဲ့ 30 အထက်ကို ဝယ်ယူသင့်တယ်လို့ ဆိုပါတယ်။ အနံ့ပါတာတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့တတ်သူတွေဟာ ပရုတ်ပါတာမျိုးကို မရွေးချယ်သင့်ပါဘူး။ နှုတ်ခမ်းကို အစိုဓာတ်ပေးနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာမျိုးကို ရွေးချယ်ရာမှာ ဖြစ်ပါတယ်။  glycerin, mineral oil, aloe, lactic acid, sorbitol, Lanolin နဲ့  beeswax ပါတာမျိုးတွေကို ရွေးချယ်ပေးသင့်ပါတယ်။

2 - Exfoliate (ဆဲလ်အသေတွေကို ဖယ်ရှားခြင်း)

 

ခန္ဓာကိုယ်နဲ့ မျက်နှာက ဆဲလ်အသေတွေကို ဖယ်ရှားလေ့ရှိသလို နှုတ်ခမ်းသားကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သကြားနဲ့ ပျားရည်ကိုပဲ သုံးပေးရမှာ ဖြစ်ပါတယ်။ သကြားကို ပျားရည်နဲ့တို့ပြီး နှုတ်ခမ်းကို ဖြည်းဖြည်းချင်းပွတ်ပေးရမှာ ဖြစ်ပါတယ်။ ဆဲလ်အသေတွေဖယ်ရှားပေးတဲ့အခါ collagen အသစ်တွေ ဖြစ်ပေါ်ဖို့ လွယ်ကူပြီး နှုတ်ခမ်းသား ရင့်ရော်မှုဖြစ်စဉ်ကို လျော့ကျစေပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး - ဆံပင်တွေ သန်ဖို့အတွက် ဒိန်ချဉ်ကို ဘယ်လိုသုံးမလဲ)

3 - Smoking (ဆေးလိပ်သောက်ခြင်း)

 

ဆေးလိပ်သောက်ခြင်းနဲ့ အရွယ်မတိုင်ခင် အရေပြားရင့်ရော်ခြင်းဟာ ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားဆဲလ်တွေရဲ့ ပျက်စီးမှုကို မြန်ဆန်စေပြီး collagen တွေကိုလည်း ဆုံးရှုံးကာ အရေပြားတွန့်တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားအရေပြားကို ထိခိုက်မယ့် ဆေးလိပ်ကို ရှောင်သင့်ပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး - Botox မလိုဘဲ မျက်နှာအရေပြားတင်းရင်းစေမယ့် ပေါင်းတင်နည်း (၅) မျိုး)

4 - Drinking (ရေသောက်ခြင်း)

 

နှုတ်ခမ်းသားစိုနေဖို့အတွက် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလုံလောက် ရှိနေဖို့လည်း လိုပါတယ်။ နေ့စဉ်နေ့တိုင်း ရေများများ သောက်ပေးဖို့ လိုပါတယ်။ တစ်နေ့ကို အမျိုးသမီးတွေဆိုရင် ၂.၇ လီတာလောက် သောက်သင့်ပြီး အမျိုးသားတွေဆိုရင်တော့ ၃.၇ လီတာ သောက်ရမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတယ်ဆိုရင်လည်း ရေဓာတ်များတဲ့ ဖရဲသီးလို အသီးအနှံ့တွေကို စားပေးသင့်ပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး -နူးညံ့လှပတဲ့ ခြေဖဝါးလေးတွေ ရရှိဖို့အတွက် ပြုလုပ်ရမယ့်အဆင့် (၃) ဆင့် )

Photos & Source: WebMD


Author

  • Thurein Tun

က္က