In partnership with  logo
ယနေ့ခေတ်မှာ အလုပ်ရှာသူတွေရဲ့ ၄၁ ရာခိုင်နှုန်းက အွန်လိုင်းကနေ အလုပ်ရှာကြတာပါ။

အချိန်ကုန် ၊ ငွေကုန် ၊ လူပင်ပန်း သက်သာပြီး ကိုယ့်ရဲ့ လပ်တော့ထဲကနေ၊ ဖုန်းထဲကနေ ကိုယ်လိုချင်တဲ့ အလုပ်ကို ရှာဖွေလို့ ရနေတဲ့ ခေတ်ကြီးကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တော်တော်ကို အဆင်ပြေပါတယ်။

ယနေ့ခေတ်မှာ အလုပ်ရှာသူတွေရဲ့ ၄၁ ရာခိုင်နှုန်းက အွန်လိုင်းကနေ အလုပ်ရှာကြတာပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို စိတ်ကြိုက်ရွေးချယ် လျှောက်ထားနိုင်ဖို့ အွန်လိုင်းကနေ အလုပ်ရှာနိုင်တဲ့ နေရာအစုံအလင်ကို ပြောပြပေးသွားမှာပါ။



၁။ လူမှုကွန်ရက်

သင်နေ့စဉ်သုံးနေတဲ့ Social Media (လူမှုကွန်ရက်) ကို အလုပ်အကိုင်ရှာဖွေတဲ့ နေရာတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ Facebook မှာ အလုပ်အကိုင်ဝေမျှတဲ့ Group တွေ၊ အေဂျင်စီတွေနဲ့ ကုမ္ပဏီတွေကို Follow လုပ်ထားပါ။ ကိုယ့်အတွက် အရမ်းအသုံးဝင်မယ်လို့ ယူဆရင် See First ပါ လုပ်ထားပါ။ အဲဒါဆိုရင် နေ့စဉ် Facebook သုံးရင်း ကိုယ်နဲ့ ကိုက်ညီမယ့်အလုပ်တွေကို မြင်တွေ့ရပါပြီ။


သင်နေ့စဉ်သုံးနေတဲ့ Social Media (လူမှုကွန်ရက်) ကို အလုပ်အကိုင်ရှာဖွေတဲ့ နေရာတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။

၂။ LinkedIn

၂၀၂၀ မတ်လမှာ ကမ္ဘာတစ်လွှား LinkedIn အသုံးပြူသူ သန်း ၆၀၀ ကျော် ရှိလာပါတယ်။ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေကို LinkedIn မှာ တွေ့ရလေ့ရှိပါတယ်။ ။ သင့်မှာ LinkedIn အကောင့်ရှိနေပြီဆိုရင် အလုပ်ခန့်ထားလိုသူက သင့်ကို တိုက်ရိုက်ဆက်သွယ်တာမျိုးရှိပါတယ်။ LinkedIn ထဲက Job ဆိုတဲ့ Tag မှာလည်း အလုပ်ခေါ်စာတွေကို တွေ့နိုင်ပြီး သင့်အရည်အချင်းနဲ့ ကိုက်ညီနဲ့ အလုပ်တွေကို ဦးစားပေးဖော်ပြထားမှာမို့ အရမ်းကို အဆင်ပြေပါတယ်။

၃။ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုဒ်များ

MyJobs.com.mm တို့လို အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုဒ်တွေထဲမှာလည်း အလုပ်တွေကို ရှာဖွေနိုင်ပါတယ်။ အလုပ်အကိုင်ရှာဖွေရေး Website တွေမှာဆိုရင် အလုပ်အကိုင်ပေါင်း ထောင်ချီပြီး တင်ထားလေ့ရှိပါတယ်။ အဲဒီလိုဝက်ဘ်ဆိုဒ်တွေက သင့်ကို အလုပ်တွေမှာ အင်တာဗျူးဝင်ခွင့်ရတဲ့အထိ ဆောင်ရွက်ပေးမှာပါ။

၄။ ကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုဒ်များ

အခုအချိန်မှာ ကုမ္ပဏီတော်တော်များများက ကိုယ်ပိုင် Website တွေရှိလာပြီဖြစ်တဲ့အတွက် ဒီသူတို့ အလိုရှိတဲ့ အလုပ်ရာထူးတွေကိုလည်း တင်ထားတတ်ကြပါတယ်။ ဆိုတော့ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုဒ်တွေကို ရှာဖွေ မကြာခဏ သွားကြည့်နေမယ်ဆိုရင် သူတို့အလုပ်ခေါ်ချိန်မှာ အလုပ်လျှောက်ထားနိုင်ပြီပေါ့။

အခုဖော်ပြထားတဲ့ နေရာ ၄ ခုမှာ အလုပ် သေချာလိုက်ရှာမယ်ဆိုရင်တော့ မကြာခင်မှာ သင်လိုချင်တဲ့ အလုပ်ကို သေချာပေါက် ရမှာပါ။

အွန်လိုင်းကနေ အလုပ်လျှောက်ထားတော့မယ်ဆိုရင် CV ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး Word (သို့မဟုတ်) PDF ဖိုင်အဖြစ် သိမ်းထားဖို့လည်း မမေ့နဲ့နော်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က