In partnership with  logo
အကြပ်အတည်းကာလမှာ လျှောက်လို့ ရနိုင်မယ့် အလုပ်အကိုင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

အကြပ်အတည်းကာလမှာ တချို့ ရုံးတွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ပိတ်သိမ်းလိုက်ကြတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေရှိနိုင်သလို အစကတည်းက အလုပ်မရှိသူတွေ၊ အလုပ်ရှာနေဆဲသူတွေ ရှိနေနိုင်ပါတယ်။

အကြပ်အတည်းကာလမှာ အလုပ်အကိုင်အများစုက ပိတ်သိမ်းလိုက်ရပေမယ့် အသစ်ပေါ်ထွက်လာတဲ့ ပိုမိုလမ်းပွင့်လာတဲ့ အလုပ်အကိုင်အချို့လည်း ရှိပါတယ်။ သင်မလုပ်ဖူးတဲ့ အလုပ်ဖြစ်ပါစေ အမှန်တကယ် အလုပ်လိုချင်နေတယ်ဆိုရင်တော့ အခုအချိန်မှာ ခေါ်ယူမှုများနေတဲ့ အလုပ်အကိုင် (၆)နေရာ အကြောင်း လက်တို့ပေးချင်ပါတယ်။



၁။ Delivery

 အခုနောက်ပိုင်း လမ်းပေါ်မှာ Delivery သမားတွေများပြားလာတာကို တွေ့ကြမှာပါ။ ဘယ်လောက်များများ ဒီလို Home Stay ကာလမျိုးမှာတော့ လူတွေရဲ့ လိုအပ်ချက်တွေကို အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ရရှိနိုင်ဖို့ Delivery သမားတွေ လိုအပ်နေပါတယ်။ ဒါ့ကြောင့် Delivery အလုပ်ကတော့ လိုအပ်နေပြီး လျှောက်ဖို့ လွယ်ကူတဲ့၊ အချိန်ခဏအတွင်း ရနိုင်တဲ့ အလုပ်မျိုးပါ။ လုပ်ငန်းအတွေ့အကြုံလည်း မလိုအပ်သလို ပညာအရည်အချင်းအတွက်လည်း စိတ်ပူနေစရာမလိုပါဘူး။ ကိုယ်က စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးနိုင်နေဖို့ပဲ လိုတာပါ။

၂။ Call Center Agent

 အခုလို လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံမှုနည်းပြီး ဖုန်းတစ်လုံးနဲ့ ဆက်သွယ်နေရတဲ့အချိန်မှာ မိုဘိုင်းအသုံးပြုမှုက အရင်ထက် အဆများစွာ ပိုများလာပြီး ဆက်သွယ်ရေးလုပ်ငန်းတွေမှာ customer care အတွက် ဝန်ထမ်းတွေ ပိုလိုအပ်နေပါတယ်။ ဖုန်းအဝင်တွေကို ဖြေကြားပေးရတဲ့ Call Center Agent နေရာကို လျှောက်ထားဖို့ဆိုရင် လုပ်ငန်းအတွေ့အကြုံမလို အပြောအဆိုပြေပြစ်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဘွဲ့တစ်ခုရှိရင် အဆင်ပြေနိုင်သလို တချို့ Call Center မှာဆိုရင် ဆယ်တန်းအောင်မြင်ပြီးသူတွေကိုတောင် ခေါ်နေပါတယ်။

 ၃။ Marketing Assistant 

အလုပ်အကိုင်အတွေ့အကြုံမရှိတဲ့သူတွေအတွက် နောက်ထပ် စိတ်ဝင်စားစရာ အလုပ်တစ်ခုက Marketing Assistant ရာထူးပါ။ လက်ရှိမှာ ကုမ္ပဏီတွေက လုပ်ငန်းလည်ပတ်မှုတွေကို ဆက်လက်လည်ပတ်နေဆဲဖြစ်တဲ့အတွက် Marketing Assistant လို နေရာမျိုးတွေမှာလည်း ဝင်ရောက်လျှောက်ထားမယ်ဆိုရင် အလုပ်ရနိုင်ခြေများပါတယ်။

အကြပ်အတည်းကာလမှာ အလုပ်အကိုင်အများစုက ပိတ်သိမ်းလိုက်ရပေမယ့် ပိုမိုလမ်းပွင့်လာတဲ့ အလုပ်အကိုင်အချို့လည်း ရှိပါတယ်။

Photo - Freepik

၄။ Customer Service

 ဒီလိုအချိန်တွေမှာ က ကုမ္ပဏီအတော်များများမှာ Customer Service အတွက် ဝန်ထမ်းသစ်တွေ လိုအပ်နေပါတယ်။ ဆက်ဆံရေးကောင်းမွန်ပြီး စကားပြောပြေပြစ်ချိုသာသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆတယ်ဆိုရင်တော့ ဒီရာထူးကလည်း အခုမှ စလုံးရေ စ မယ့်သူတွေ လျှောက်ထားနိုင်တဲ့ ရာထူးဖြစ်ပါတယ်။

၅။ Junior Accountant

 ကိုယ်က အတွေ့အကြုံမရှိပေမယ့် စာရင်းအင်းဘက်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေကို သွားရောက်လုပ်ကိုင်လိုတယ်ဆိုရင်တော့ Junior Accountant လိုနေရာမျိုးတွေကို လျှောက်ထားလို့ရနိုင်ပါတယ်။ Accountant အနေနဲ့ အလုပ်လုပ်ကိုင်လိုတဲ့သူတွေအတွက်ကတော့ ဒီနေရာဟာ လျှောက်ထားဖို့ အကောင်းဆုံးပါပဲ။

 ၆။ Digital Banking Service

 ဒီလိုအချိန်မှာ အလိုအပ်ဆုံးနေရာနောက်တစ်ခုကတော့ Digital Banking Service လို နေရာမျိုးတွေဖြစ်ပါတယ်။ Customers တွေဆီ အရောက်သွားရမှာ ၊ Outlets တွေဆီကို သွားရမယ့် ရာထူးမျိုးတွေအတွက် အလုပ်အကိုင်အတွေ့အကြုံမလိုအပ်ဘဲ လျှောက်ထားလို့ ရနိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ 

အခု ဖော်ပြခဲ့တဲ့ အလုပ်အကိုင်တွေက ကုမ္ပဏီအများစုမှာ လက်ရှိခေါ်ယူမှု အများဆုံး အလုပ်အကိုင်တွေ ဖြစ်ပါတယ်။

လျှောက်နိုင်တဲ့အလုပ်တွေကိုလည်းသိပြီ ချက်ချင်းလည်းလျှောက်ထားချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်နိုင်မယ့် https://www.myjobs.com.mm/ မှာ သင်လိုချင်တဲ့ အလုပ်တွေကို ရှာဖွေလျှောက်ထားကြည့်လိုက်နော်။


Share

Loading Next Article...
က္က