In partnership with  logo
အီးမေးလ်တစ်ခုရှိရင် ဒီ app တွေကို free သုံးလို့ရပါတယ်

Google ကို ဗဟုသုတဘဏ်ကြီးအဖြစ် တင်စားပြောဆိုလေ့ရှိပါတယ်။ Google မှာ လူတွေ အများဆုံး သုံးကြတာဟာ Search Engine စနစ် ဖြစ်ပါတယ်။ တကယ်တော့ Google မှာ လုပ်ငန်းသုံးအတွက် ထုတ်ထားတဲ့ ဝန်ဆောင်မှုတွေ အများကြီး ရှိပါတယ်။ 

အခုတစ်ခါမှာတော့ Mail လိပ်စာတစ်ခု ရှိထားရုံနဲ့တင် သုံးလို့ရမယ့် လုပ်ငန်းသုံး Google apps တစ်ချို့အကြောင်းကို မျှဝေသွားမှာပါ။



(၁) Google Drive

Google Drive ကတော့ cloud storage ပုံစံမျိုးလို့ ဆိုနိုင်ပါတယ်။ ဖိုင်တွေကို ဆာဗာပေါ်မှာ လာသိမ်းပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန် share နိုင်ပါတယ်။ Google Drive မှာ data storage အတွက် 15GB အခမဲ့ပေးသုံးထားပါတယ်။ ဒီ feature ကို သုံးဖို့ ကိုယ့်မှာ အီးမေးလ်လိပ်စာတစ်‌ခု ဖွင့်ထားဖို့ပဲ လိုပါတယ်။

(၂) Meet

အခုလို COVID-19 ကာလ အိမ်မှာနေရင်း ရုံးအစည်းအဝေးတွေ တက်ဖို့အတွက် အဆင်ပြေဆုံး video conferencing tools တွေထဲမှာ Meet ဝန်ဆောင်မှုလည်း ပါပါတယ်။ Meet ဟာ Google ရဲ့ G Suite app တွေထဲက တစ်ခုဖြစ်ပြီး လောလောဆယ်မှာ high-end features တစ်ချို့ကို အခမဲ့ပေးသုံးထားတာ ရှိပါတယ်။


(၃) Calendar

Google Calendar ကတော့ နာမည်အတိုင်းပဲ Google ကနေ ထုတ်ထားတဲ့ ပြက္ခဒိန် app ပါ။ အလုပ်ချိန်ဇယားတွေ ၊ အစည်းအဝေးလုပ်မယ့်အချိန်နဲ့ လစဉ်/အပတ်စဉ် လုပ်စရာ အကြောင်းအရာတွေကို Remind လုပ်ပေးဖို့ သုံးနိုင်ပါတယ်။ လုပ်စရာအလုပ်ကိစ္စတွေများပြီး သတိမေ့တတ်သူတွေအတွက် Calendar ဟာ ကိုယ့်ရဲ့ ကိုယ်ရေးအရာရှိတစ်ယောက်လို ကူညီပေးမှာပါ။


(၄) Sheet , Docs , Slide & Form

G suite ထဲမှာပါတဲ့ Sheet နဲ့ Docs ဟာ နေ့စဉ်ရုံးသုံးမှာ အားကိုးရတဲ့ app တွေ ဖြစ်ပါတယ်


Photo: Business Insider

Gmail အကောင့်တစ်ခုရှိရုံနဲ့တင် ရုံးသုံး ဆော့ဖ်ဝဲလ်တွေကို online type နဲ့ သုံးလို့ ရပါတယ်။ G Suite ထဲမှာ ပါတဲ့ Sheet ဟာ Microsoft Excel အတိုင်းပဲ ဖြစ်ပြီး file format ပြောင်းစရာမလိုဘဲ file type ပေါင်း ၁၀၀ ကျော်နဲ့ သိမ်းနိုင် ပြင်နိုင်မှာပါ။ Sheet ထဲမှာ ကိုယ်ရေးဆွဲထားတဲ့ စာရင်းဇယားတွေကို ကိုယ့်အလုပ်က လူတွေဆီ ပြန် Share နိုင်ပါတယ်။

Docs ကတော့ Microsoft Word စတိုင် သုံးနိုင်တဲ့ tools တစ်ခုဖြစ်ပြီး Slide ကတော့ Powerpoint တင်ပြမှုတွေ လုပ်ရာမှာ သုံးနိုင်ပါတယ်။ Form ကတော့ survey ပုံစံ မေးခွန်းတွေနဲ့ စစ်တမ်းကောက်ဖို့ သုံးနိုင်သလို အလုပ်ခေါ်စာ ၊ Event Registration စသည်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

အခုပြောခဲ့တာတွေကတော့ ကိုယ့်မှာ အီးမေးလ်လိပ်စာတစ်ခု ရှိရုံနဲ့ အလုပ်အတွက် သုံးနိုင်မယ့် အထိရောက်ဆုံး Google apps တွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။ 

အလုပ်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/36dK86C ဒီမှာတိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က