In partnership with  logo
Work from Home လုပ်ချိန်မှာသာမက နေ့စဉ် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေအတွက် အလုပ်ကို စနစ်တကျ စီမံခန့်ခွဲလို့ ရနိုင်မှာပါ။

အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ လုပ်ငန်းခွင်မှာ မဟုတ်တဲ့အတွက် အလုပ်ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ Digital Tools တွေရဲ့ အကူအညီတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။

အိမ်မှာ အလုပ်လုပ်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိစ္စ တွေ့ဆုံဆွေးနွေးလို့ရမယ့် ၊ အလုပ်တွေ မြန်ဆန်အလုပ်တွင်စေမယ့် အသုံးဝင်မယ့် Digital Tools (၇)မျိုးကို ဖော်ပြပေးချင်ပါတယ်။



Slack

Slack က Facebook Messenger လိုမျိုး အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ ပလက်ဖောင်းတစ်ခုပါ။ ဌာနအလိုက်ပြောမလား အကြောင်းအရာနဲ့ပြောမလား၊ အုပ်စုလေးတွေ စနစ်တကျခွဲပြီး ပြောနိုင်တဲ့အတွက် လုပ်ငန်းခွင်ဆက်ဆံရေးအတွက် အသုံးအဝင်ဆုံး Digital Tool တစ်ခုပါပဲ။ Slack ကို ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ပါ အသုံးပြုနိုင်ပါတယ်။

Google Meet

ဝန်ထမ်းတွေနဲ့ အစည်းအဝေးပြုလုပ်ဖို့အတွက် ကောင်းမွန်တဲ့ Digital Tool ကတော့ Google Meet ပါ။ အီးမေလ်းရှိရုံနဲ့ လုပ်ငန်းပိုင်ဆိုင်ရာ မီတင်တွေ ဆက်သွယ်ပြောဆိုလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အိမ်မှာ အလုပ်လုပ်နေတဲ့ ကာလတစ်လျှောက် ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ၊ အထက်အရာရှိတွေ၊ Clients တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးဖို့လိုအပ်လာတဲ့အခါ အသုံးပြုဖို့ အဆင်ပြေတဲ့ Digital Tool ပဲဖြစ်ပါတယ်။

 Trello

အိမ်မှာ အလုပ်လုပ်နေတာတွေကို အစီအစဥ်တကျဖြစ်စေဖို့အတွက် Project Management ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပေးမယ့် Digital Tool ကတော့ Trello ပါ။ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်စရာရှိတာတွေ၊ ပြီးစီးသွားတဲ့ အလုပ်တွေ၊ လုပ်လက်စအလုပ်တွေ စသဖြင့် ခွဲပြီး Management လုပ်လို့ရတဲ့ Digital Tool ပဲဖြစ်ပါတယ်။ အလုပ်တွေလုပ်တဲ့နေရာမှာ အစီအစဥ်တကျဖြစ်ဖို့အတွက် အသုံးပြုဖို့ သင့်တော်ပြီး အလုပ်တွင်ကျယ်တဲ့အပြင် အချိန်လည်း ကုန်သက်သာပါတယ်။ အီးမေးလ်တစ်ခုရှိရုံနဲ့ အလွယ်တကူ အကောင့်ဖွင့်ပြီး အသုံးပြုလို့ရပါတယ်။

Pomodoro Tracker

အချိန်တွေကို စီစဥ်ပေးမယ့် Digital Tool ကတော့ Pomodoro Tracker ပါ။ တစ်နေ့တာ Schedule တွေတင်သာမက တစ်ပတ်စာ ၊ တစ်လစာ ၊ တစ်နှစ်စာ စသဖြင့် Time Management ကောင်းကောင်းလုပ်လို့ရပါတယ်။ အိမ်မှာနေရင်း အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အချိန်စီမံခန့်ခွဲဖို့အတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်တော့ Pomodoro Trackerကို အသုံးပြုဖို့ ဝေမျှပေးချင်ပါတယ်။ Time Schedule အတွက် အသုံးပြုလို့ရသလို Timer ပေးချင်တာတွေအတွက်လည်း အသုံးပြုလို့ ရပါသေးတယ်။ အချိန်တွေ အလေအလွင့်မဖြစ်ရအောင် နဲ့ အလုပ်ထဲ တချိန်လုံးနစ်မြှုပ်မနေအောင် သူက ကူညီပေးနိုင်ပါတယ်။

Work From Home ကာလမှ အလုပ်ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ Digital Tools တွေရဲ့ အကူအညီတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုလာပါတယ်။

Google Drive

ဖိုင်ဆိုဒ်ကြီးတာတွေကို သိမ်းပေးမယ့် Digital Tool ကတော့ Google Drive ဖြစ်ပါတယ်။ မေးလ်ရှိရုံနဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ လုပ်ငန်းပိုင်းဆိုင်ရာအတွင်း ဖိုင်ဆိုဒ် သိမ်းရတာတွေ၊ ဖိုင်ဝေမျှရတာတွေ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအရာတွေအတွက် လွယ်လွယ်ကူကူနဲ့ ခေါင်းမရှုပ်ရအောင် တစ်နေရာတည်းမှာ သိမ်းဆည်းဝေမျှဖို့အတွက် Google Drive အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။

Miro

နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ Miro ဖြစ်ပါတယ်။ Online Collaborative Whiteboard Platform တစ်ခုဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုနေကြတဲ့ Digital Tools ဖြစ်ပါတယ်။ အီးမေးလ်ရှိရုံနဲ့ အသုံးပြုနိုင်ပြီး မပါမဖြစ် ဖြစ်တဲ့ Team Member အချင်းချင်း Communicate လုပ်တာတွေအပြင် မီတင်ထိုင်တာ ၊ Workshop ပြုလုပ်တာတွေကိုပါ အသုံးပြုလို့ရပါတယ်။ To Do List ဖြည့်တာ ၊ Meeting Agenda ရေးဆွဲတာ ၊ Project Summary ထုတ်တာ စတာတွေအပြင် Design ရေးဆွဲတာတွေကိုပါ ပြုလုပ်နိုင်ပါတယ်။

Monday

Online Collaboration အတွက် အထူးသင့်တော်တဲ့ Digital Tools ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေအတွက်လည်း အသုံးပြုနိုင်ပြီး weekly schedule ရေးဆွဲတာ ၊ communicate လုပ်တာတွေအပြင် meeting recording တွေပါပြုလုပ်နိုင်ပါတယ်။ လူတစ်ဦးတစ်ယောက်တည်းကစလို့ ရာချီဝန်ထမ်းရှိတဲ့ ကုမ္ပဏီကြီးများလည်း အသုံးပြုနိုင်ပါတယ်။ Project အတွက်လား၊ Sales & Marketing အတွက်လား၊ To Do List အတွက်လား စသဖြင့် Categories တွေခွဲပေးထားတဲ့အပြင် Team တွေ အချိန်ကုန်သက်သာပြီး အလုပ်တွေ ပြီးစီးအောင်မြင်အောင်လို့ ကူညီပေးနိုင်ပါတယ်။

အခု ဖော်ပြပေးထားတဲ့ Digital Tools တွေကတော့ ခုလို ကပ်ရောဂါအကြပ်အတည်း ကြောင့် အိမ်ကနေ အလုပ်လုပ်နေကြရတဲ့ ဝန်ထမ်းတွေအတွက် အလုပ်လုပ်ကိုင်ရာမှာ အချိန်တိုတိုအတွင်း အဆင်ပြေချော‌မွေ့ဖို့အတွက် အထောက်အကူရစေမယ့် Appတွေပဲဖြစ်ပါတယ်။



Share

Loading Next Article...
က္က