၁။ ဆီနဲ့အငံများတဲ့ အသားတွေ
မနက်စာမှာ အသားဓာတ်ကို ထည့်စားတဲ့အခါ တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှုတွေကို ကောင်းမွန်စွာပြုလုပ်နိုင်ဖို့ ခွန်အားကို ပေးပါတယ်။ ဒါပေမဲ့ အေးခဲထားတဲ့ အသားတွေကို ဆီများများ၊ ဆားများများနဲ့ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကိုတော့ မစားသင့်ပါဘူး။ ဥပမာပြောရရင် ချိစ်များများပါတဲ့ ဝက်ပေါင်ခြောက်ဟာ သင့်ကိုပေးနိုင်မယ့်အာဟာရထက် ကျန်းမာရေးဆိုးကျိုးဆီကို ဦးတည်သွားနိုင်ပါတယ်။
၂။ အစိမ်းရောင်ဖျော်ရည်
အထူးသဖြင့် အရွက်တွေကို ဖျော်တာပေါ့။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး လူကိုကျန်းမာစေပါတယ်။ သတိထားရမှာကတော့ အစိမ်းရောင်အရွက်တွေကို ဖျော်ရာမှာ ထည့်သွင်းရတဲ့ သကြားပါပဲ။ အရွက်တွေရဲ့အရသာက ဒီတိုင်းစားလို့မကောင်းတော့ သကြားတွေ၊ အချိုတွေ ပိုထည့်မိသွားရောလေ။ သစ်သီးတွေကို ဖျော်သောက်ခြင်းကသာ အကောင်းဆုံးပါ။
၃။ ပေါင်မုန့်မီးကင် ထောပတ်သုတ်
ပေါင်မုန့်က ကျန်းမာရေးအတွက် ကောင်းပါတယ်။ အာဟာရလည်းဖြစ်စေတယ်လေ။ ဒါပေမဲ့ မီးကင်ထားတဲ့ပေါင်မုန့်ကိုမှ ထောပတ်တွေသုတ်ပြီး စားမယ်ဆိုရင် အာဟာာရတန်ဖိုးက ထင်သလောက်မရတော့ပါဘူး။ ထောပတ်ကလည်း ကိုလက်စထရောတွေ ပါဝင်လို့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ပေါင်မုန့်ချည်းပဲ စားတာ ဒါမှမဟုတ် ကြက်ဥကြော်လေးနဲ့စားတာက ပိုကောင်းပါတယ်။
Source : Women Health