နေ့လယ်ဘက် စားရင်တော့ ကျောင်းမှာ၊ အလုပ်မှာ အိပ်ငိုက်လို့ အဆူခံရနိုင်တာမို့ ညဘက်မှစားတာ ကောင်းပါလိမ့်မယ်။

အစားစားပြီးလို့ ဗိုက်ပြည့်သွားတိုင်း အိပ်ချင်လာတာတော့ အမြဲတမ်းလိုလိုပါပဲ။ ဒါက ဗိုက်ပြည့်သွားတိုင်း ဖြစ်နေကျပါ။ တချို့အစားအစာတွေကျတော့လည်း ပြည့်အင့်အောင် အများကြီးစားတာမဟုတ်ဘဲ နည်းနည်းလောက် စားရုံနဲ့တင် လူကို အိပ်ချင်လာစေတာတွေလည်း ရှိပါတယ်။ အိပ်မပျော်ဘူးဆိုရင်တော့ ဒါတွေကို စားရမှာပေါ့။ နေ့လယ်ဘက် စားရင်တော့ ကျောင်းမှာ၊ အလုပ်မှာ အိပ်ငိုက်လို့ အဆူခံရနိုင်တာမို့ ညဘက်မှစားတာ ကောင်းပါလိမ့်မယ်။


csm_extrahart_hartkaese_e12a5f2b3d.jpg 

၁။ နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းတွေထဲမှာမှ ချိစ်ခဲက ကယ်လ်ဆီယံအများဆုံး ပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ ခရက်ကာ (cracker) မုန့်ကို ချိစ်နဲ့တွဲပြီး စားလို့ကတော့ အိပ်စက်မှုကို အထောက်အကူဖြစ်စေတဲ့ tryptophan တွေ ပါရှိတာကြောင့် စားပြီးရင် အိပ်ငိုက်လာတော့မှာပါပဲ။

Los-beneficios-de-las-almendras-para-la-salud.jpg 

၂။ အယ်လ်မွန်

အယ်လ်မွန်စေ့ဟာ tryptophan ကြွယ်ဝစွာ ပါဝင်တဲ့ အစေ့အဆံတစ်မျိုးပါ။ Tryptophan ဟာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး အိပ်စက်မှုဟော်မုန်းလို့ ခေါ်ကြတဲ့ မယ်လ်တိုနင် (melatonin) ကို ထုတ်လွှတ်ပေးပါတယ်။ ဒါတင်မက အယ်လ်မွန်ကို ထုတ်လုပ်ရောင်းချတဲ့အခါ မဂ္ဂနီစီယမ် (magnesium) လည်း ဖြည့်စွက်ထားတာမို့ ကြွက်သားတွေတင်းနေတာကို လျှော့ချပေးကာ အိပ်ချင်လာစေပါတယ်။

 

၃။ ငှက်ပျောသီး

အချိုဓာတ်လည်းပါတယ်။ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်လည်း ပါတယ်ဆိုတော့ လွယ်လွယ်ကူကူနဲ့ အိပ်ပျော်စေနိုင်တဲ့ သစ်သီးဖြစ်ပါတယ်။ စားပြီး ၂ နာရီလောက်နေရင် လူက အိပ်ချင်လာရော။

CheeryCherry1.jpg 

၄။ ချယ်ရီသီး

ချယ်ရီသီးတွေက မြန်မာနိုင်ငံမှာတော့ သိပ်ပြီး ပေါပေါများများ မတွေ့ရပါဘူး။ ချယ်ရီသီးရဲ့ပုံစံလေးကလည်း ချစ်စရာလေး။ အနံ့နဲ့အရသာကလည်း ချိုမွှေးလေးပါ။ ချယ်ရီသီးမှာ မယ်လ်တိုနင်နဲ့ ဆက်နွှယ်နေတဲ့အရာတွေ မြင့်မားစွာ ပါဝင်နေပါတယ်။ ချယ်ရီသီး လက်တစ်ဆုပ်လောက် စားလိုက်ရုံနဲ့တော့ သိပ်ပြီးထူးခြားလာမှာ မဟုတ်ပေမဲ့ များများမိရင်ဖြစ်စေ ချယ်ရီသီးဖျော်ရည်သောက်မိတဲ့အခါဖြစ်စေ လူက အိပ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

large_article_im855_white_rice.jpg 

၅။ ထမင်း

ထမင်းစားပြီး ဗိုက်လေးလာတော့ အိပ်ငိုက်တာပဲမဟုတ်လား။ ထမင်းမှာ ပါဝင်တဲ့ glycemic ညွှန်းကိန်းက များပါတယ်။ စားပြီးလို့ ၃ နာရီမှ ၄ နာရီအတွင်း အိပ်ချင်လာစေပါတယ်။ စံပယ်နံ့သင်းနေတဲ့ ထမင်းဟာ လူကို ပိုပြီး မြန်မြန်ဆန်ဆန် အိပ်ပျော်စေတယ်ကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိထားပါတယ်။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က