အထူးအဆန်းကို မြည်းစမ်းချင်သူတွေက စားကြည့်ကြပါတယ်။
 

အိန္ဒိယနိုင်ငံရဲ့ ထူးခြားမှု များစွာထဲမှာ လူတိုင်းစိတ်ဝင်စားစရာတစ်ခု ရှိပါတယ်။ အဲ့တာကတော့ မီးတောက်ကွမ်းယာပါ။ ကွမ်းရွက်ပေါ်မှာ ထုံး၊ ကွမ်းသီးနဲ့ ကွမ်းစားဆေးတို့ကို ထည့်ပြီးစားခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ နယူးဒေလီမြို့တော်က မီးတောက်ကွမ်းယာကတော့ ထူးခြားပါတယ်။

 

Pradhuman Shukla တို့ မိသားစုဟာ နယူးဒေလီမြို့ရဲ့ လမ်းတစ်ခုမှာ မီးတောက်ကွမ်းယာကို ရောင်းချနေကြပါတယ်။ ကွမ်းယာရောင်းခြင်းဟာ သူတို့မိသားစု အစဉ်အဆက်ရဲ့ စီးပွားရေးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်တည်းက ကွမ်းယာကို ရောင်းချလာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပိုထူးခြားတဲ့ကွမ်းယာဖြစ်အောင် မီးတောက်ကွမ်းယာကို ဖန်တီးရောင်းချခဲ့တယ်လို့ Pradhuman ဆိုပါတယ်။

အထူးအဆန်းတွေကို ခံစားလိုသူ၊ သတ္တိရှိသူတွေကတော့ Pradhuman ရဲ့ မီးတောက်ကွမ်းယာကို လာရောက်မြည်းစမ်းကြပါတယ်။ ကွမ်းယာကို ပါဝင်ပစ္စည်းတွေ ထည့်ပြီးနောက် မီးခြစ်လေးနဲ့ ခြစ်လိုက်တဲ့အခါ မီးတောက်တစ်ခု ထွက်ပေါ်လာပါတယ်။ မီးတောက်ကွမ်းယာစားတဲ့လူက ကိုယ်တိုင် ကိုင်ပြီးမစားရပါဘူး။ ဆိုင်ရှင်က ကွမ်းယာကိုပြုလုပ်ပြီး မီးတောက်နဲ့အတူ စားသုံးသူရဲ့ပါးစပ်ထဲကို ခွံ့ပေးလိုက်တာဖြစ်ပါတယ်။

 

ဗီဒီယိုအရဆိုရင်တော့ မီးတောက်ကွမ်းယာကို စားသုံးသူတွေဟာ မကောင်းတဲ့အရိပ်အယောင်တစ်ခုခု ဖြစ်ပေါ်တာမျိုးတော့ မတွေ့ရပါဘူး။ Pradhuman လိုမျိုး မီးတောက်ကွမ်းယာဆိုင်တွေဟာ နယူးဒေလီမြို့မှာ အနည်းအကျဉ်းသာ ရှိတယ်လို့လည်း သိရပါတယ်။

Source : The Lads Hub


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က