၁။ ရေဆေးပြီးမှ သိမ်းတာမျိုး မလုပ်နဲ့လို့ပြောရင် အံ့သြမသွားပါနဲ့။ ရေခဲသေတ္တာဖြစ်ဖြစ် ကြောင်အိမ်ဖြစ်ဖြစ် ဘယ်မှာပဲသိမ်းသိမ်း ရေဆေးပြီးမှ သိမ်းမယ်ဆို ပုပ်တာမြန်ပါတယ်။ ညစ်ပတ်နေရင် အဝတ်စလေးနဲ့ပဲသုတ်ပြီး သိမ်းပါ။
၂။ သစ်သီးနဲ့ ဟင်းချက်စားတဲ့အသီးတွေဟာ ခြောက်သွေ့တဲ့နေရာမှာဆို ပိုပြီးအထားခံပါတယ်။
၃။ မမှည့်သေးတဲ့ ထောပတ်သီးကို သိမ်းချင်ရင် အပြင်မှာပဲသိမ်းပါ။ ရေခဲသေတ္တာထဲမထည့်ထားပါနဲ့။ သတင်းစာ၊ စက္ကူနဲ့ထုပ်ပြီးတော့ ကြောင်အိမ်ထဲမှာသိမ်းပါ။ မှည့်နေတဲ့ ထောပတ်သီးဆိုရင် ပလတ်စတစ်အိတ်ထဲမှာ လုံအောင်ပိတ်ပြီးမှ ရေခဲသေတ္တာထဲမှာသိမ်းမယ်ဆို ပိုအထားခံပါလိမ့်မယ်။
၄။ ငှက်ပျောသီးရဲ့အညှာကနေ ဂတ်စ်တစ်မျိုးထွက်တယ်။ အဲ့ဒီဂတ်စ်ကြောင့်ပဲ ငှက်ပျောသီးက မြန်မြန်မှည့်တာဆိုတော့ အမှည့်မလွန်ချင်ဘူးဆိုရင် အညှာကို လုံအောင်ထုပ်ထားပါ။
၅။ လှီးဖြတ်ထားပြီးသားတွေဆိုရင်တော့ ဘူးတစ်ဘူးထဲမှာ ရေထည့်စိမ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းပါ။
၆။ သစ်သီးဝလံတွေကိုရော ဟင်းသီးဟင်းရွက်တွေကိုပါ ရေခဲသေတ္တာရဲ့ အအေးအနည်းဆုံးနေရာမှာ သိမ်းရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် အနံ့အရသာတွေကို ပိုပြီးထိန်းထားနိုင်ပါလိမ့်မယ်။
၇။ ငှက်ပျောသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ဆီးသီး၊ သရက်သီးနဲ့ ခရမ်းချဉ်သီးတို့ဟာ အီသိုင်လင်းထုတ်တဲ့ အသီးတွေပါ။ သူတို့ကို အခြားသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲထားလို့မရပါဘူး။ မြန်မြန်ဆန်ဆန် ပုပ်သွားနိုင်ပါတယ်။ ပန်းသီး၊ ခရမ်းသီး၊ ဖရဲသီး၊ အာလူး၊ ရွှေဖရုံ၊ ဘရိုကိုလီတို့ဟာ ယင်းအသီးတွေနဲ့ တွဲထားလို့မရပါဘူး။ ဘယ်မှာပဲသိမ်းသိမ်း နေရာခွဲပြီးသိမ်းရပါတယ်။
၈။ အာလူးနဲ့ ကြက်သွန်နီကို တူတူထားမယ်ဆို အာလူးမှာ အညှောင့်တွေမြန်မြန်ထွက်လာရော။ အညှောင့်ထွက်တဲ့ အာလူးကိုစားရင် အစာအဆိပ်သင့်တတ်ပါတယ်။ အာလူးက နေရောင်ထိရင်လည်း အပုပ်မြန်ပါတယ်။ အာလူးတောထဲ ပန်းသီးလေးတစ်လုံးလောက်ထားပေးမယ်ဆို အာလူးတွေကို ကြာကြာထားလို့ရပါတယ်။
၉။ ကြက်သွန်ဖြူရော ကြက်သွန်နီပါ အမှောင်ကြိုက်ပါတယ်။ စက္ကူအိတ်ထဲထည့်ပြီး အိတ်ကို အပေါက်သေးသေးလေးဖောက်ထားပေးကာ အမှောင်ထဲမှာသိမ်းဆိုရင် အချိန်ကြာကြာ အထားခံပါတယ်။
၁၀။ သင်သိပါသလား ကညွှတ်ကိုသိမ်းရင် ပန်းအိုးထိုးသလို သိမ်းရတယ်ဆိုတာ။ ရေခွက်ထဲကို ရေထည့်ပြီး ကညွှတ်စည်းကို ထောင်ထားပေးမယ်ဆို အချိန်ကြာကြာထိ လတ်ဆတ်နေပါလိမ့်မယ်။
၁၁။ ခရမ်းချဉ်သီးကို သိမ်းမယ်ဆို ရေခဲသေတ္တာထဲမှာ မထားပါနဲ့။ အနံ့အရသာ လျော့သွားနိုင်လို့ပါ။ အပြင်မှာထားမယ်ဆိုလည်း အညှောင့်ကို မိုးပေါ်ထောင်ပြီးသိမ်းရပါတယ်။ ဒါမှ မှည့်တာနှေးမှာပါ။
Source : Bright Side
၁။ ေရေဆးၿပီးမွ သိမ္းတာမ်ိဳး မလုပ္နဲ႔လို႔ေျပာရင္ အံ့ၾသမသြားပါနဲ႔။ ေရခဲေသတၱာျဖစ္ျဖစ္ ေၾကာင္အိမ္ျဖစ္ျဖစ္ ဘယ္မွာပဲသိမ္းသိမ္း ေရေဆးၿပီးမွ သိမ္းမယ္ဆို ပုပ္တာျမန္ပါတယ္။ ညစ္ပတ္ေနရင္ အဝတ္စေလးနဲ႔ပဲသုတ္ၿပီး သိမ္းပါ။
၂။ သစ္သီးနဲ႔ ဟင္းခ်က္စားတဲ့အသီးေတြဟာ ေျခာက္ေသြ႔တဲ့ေနရာမွာဆုိ ပိုၿပီးအထားခံပါတယ္။
၃။ မမွည့္ေသးတဲ့ ေထာပတ္သီးကို သိမ္းခ်င္ရင္ အျပင္မွာပဲသိမ္းပါ။ ေရခဲေသတၱာထဲမထည့္ထားပါနဲ႔။ သတင္းစာ၊ စကၠဴနဲ႔ထုပ္ၿပီးေတာ့ ေၾကာင္အိမ္ထဲမွာသိမ္းပါ။ မွည့္ေနတဲ့ ေထာပတ္သီးဆုိရင္ ပလတ္စတစ္အိတ္ထဲမွာ လံုေအာင္ပိတ္ၿပီးမွ ေရခဲေသတၱာထဲမွာသိမ္းမယ္ဆုိ ပိုအထားခံပါလိမ့္မယ္။
၄။ ငွက္ေပ်ာသီးရဲ႕အညႇာကေန ဂတ္စ္တစ္မ်ိဳးထြက္တယ္။ အဲ့ဒီဂတ္စ္ေၾကာင့္ပဲ ငွက္ေပ်ာသီးက ျမန္ျမန္မွည့္တာဆုိေတာ့ အမွည့္မလြန္ခ်င္ဘူးဆုိရင္ အညႇာကို လံုေအာင္ထုပ္ထားပါ။
၅။ လွီးျဖတ္ထားၿပီးသားေတြဆုိရင္ေတာ့ ဘူးတစ္ဘူးထဲမွာ ေရထည့္စိမ္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းပါ။
၆။ သစ္သီးဝလံေတြကိုေရာ ဟင္းသီးဟင္းရြက္ေတြကိုပါ ေရခဲေသတၱာရဲ႕ အေအးအနည္းဆံုးေနရာမွာ သိမ္းရမွာ ျဖစ္ပါတယ္။ ဒီလိုဆုိရင္ အနံ႔အရသာေတြကို ပိုၿပီးထိန္းထားႏိုင္ပါလိမ့္မယ္။
၇။ ငွက္ေပ်ာသီး၊ မက္မြန္သီး၊ သစ္ေတာ္သီး၊ ဆီးသီး၊ သရက္သီးနဲ႔ ခရမ္းခ်ဥ္သီးတုိ႔ဟာ အီသိုင္လင္းထုတ္တဲဲ့ အသီးေတြပါ။ သူတုိ႔ကို အျခားသစ္သီးဝလံ၊ ဟင္းသီးဟင္းရြက္ေတြနဲ႔ တြဲထားလို႔မရပါဘူး။ ျမန္ျမန္ဆန္ဆန္ ပုပ္သြားႏိုင္ပါတယ္။ ပန္းသီး၊ ခရမ္းသီး၊ ဖရဲသီး၊ အာလူး၊ ေရႊဖရံု၊ ဘ႐ိုကိုလီတုိ႔ဟာ ယင္းအသီးေတြနဲ႔ တြဲထားလို႔မရပါဘူး။ ဘယ္မွာပဲသိမ္းသိမ္း ေနရာခြဲၿပီးသိမ္းရပါတယ္။
၈။ အာလူးနဲ႔ ၾကက္သြန္နီကို တူတူထားမယ္ဆို အာလူးမွာ အေညႇာင့္ေတြျမန္ျမန္ထြက္လာေရာ။ အေညႇာင့္ထြက္တဲ့ အာလူးကိုစားရင္ အစာအဆိပ္သင့္တတ္ပါတယ္။ အာလူးက ေနေရာင္ထိရင္လည္း အပုပ္ျမန္ပါတယ္။ အာလူးေတာထဲ ပန္းသီးေလးတစ္လံုးေလာက္ထားေပးမယ္ဆုိ အာလူးေတြကို ၾကာၾကာထားလို႔ရပါတယ္။
၉။ ၾကက္သြန္ျဖဴေရာ ၾကက္သြန္နီပါ အေမွာင္ႀကိဳက္ပါတယ္။ စကၠဴအိတ္ထဲထည့္ၿပီး အိတ္ကို အေပါက္ေသးေသးေလးေဖာက္ထားေပးကာ အေမွာင္ထဲမွာသိမ္းဆုိရင္ အခ်ိန္ၾကာၾကာ အထားခံပါတယ္။
၁၀။ သင္သိပါသလား ကညႊတ္ကိုသိမ္းရင္ ပန္းအိုးထိုးသလို သိမ္းရတယ္ဆုိတာ။ ေရခြက္ထဲကို ေရထည့္ၿပီး ကညႊတ္စည္းကို ေထာင္ထားေပးမယ္ဆုိ အခ်ိန္ၾကာၾကာထိ လတ္ဆတ္ေနပါလိမ့္မယ္။
၁၁။ ခရမ္းခ်ဥ္သီးကို သိမ္းမယ္ဆို ေရခဲေသတၱာထဲမွာ မထားပါနဲ႔။ အနံ႔အရသာ ေလ်ာ့သြားနိုင္္လို႔ပါ။ အျပင္မွာထားမယ္ဆုိလည္း အေညႇာင့္ကို မုိးေပၚေထာင္ၿပီးသိမ္းရပါတယ္။ ဒါမွ မွည့္တာေႏွးမွာပါ။
Source : Bright Side
See stories of the future in your inbox each morning.
Copyright © 2018 Duwun.