• Food & Recipe
    အရသာရှိရှိ မွှေးပျံ့နူးအိတဲ့ ပန်းဂေါ်ဖီ Tot လေးတွေ
Su Yee Moe
[Unicode Version]

Garlicky-Cauliflower-Tots-Hero.jpg 

ပန်းဂေါ်ဖီကို ဟင်းလျာအနေနဲ့ အမျိုးမျိုး ချက်ပြုတ်ကြော်လှော်ကာ စားသုံးကြပါတယ်။ သွားရေစာအဖြစ်နဲ့ ပြုလုပ်ပြီး စားမယ်ဆိုရင်လည်း ရသေးတယ်။ မလုပ်စားဖူးဘူးဆိုရင် ဒီနည်းလေးနဲ့ လုပ်စားကြည့်ပါလား။ ပန်းဂေါ်ဖီတစ်ပွင့်စာကို လုပ်စားကြမယ်လေ။ ကြက်ဥတစ်လုံး၊ ဆား၊ ပေါင်မုန့်ခြောက်မှုန့်၊ ချိစ်အမာ၊  ကြက်သွန်ဖြူတို့ လိုအပ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ချိစ်ခဲတို့ကို မွှမွှလေးတွေဖြစ်အောင် ခြစ်ထားပေးပါ။

 

ပထမဆုံးအနေနဲ့ ပန်းဂေါ်ဖီကို ပြုတ်ပါမယ်။ ဆားလေးနည်းနည်းထည့်ပြီးပြုတ်ပါ။ အရမ်းနူးသွားအောင် မပြုတ်ရပါဘူး။ အရောင်ပြောင်းသွားပြီဆိုရင် အိုးထဲကဆယ်ပြီး ဓားနဲ့ နုပ်နုပ်စင်းလိုက်ရပါတယ်။ ပူနေတုန်းလေး နုပ်နုပ်စင်းမှ ပိုအဆင်ပြေပါတယ်။ ပြီးရင်တော့ ပန်းဂေါ်ဖီတွေနဲ့အတူ ကြက်ဥ၊ ဆား၊ ပေါင်မုန့်ခြောက်အမှုန့်၊ ချိစ်၊ ကြက်သွန်ဖြူတို့ကို ရောထည့်ပြီး ဇွန်းလေးနဲ့ နယ်ပေးပါ။ လက်နဲ့နယ်မယ်ဆိုရင် ပန်းဂေါ်ဖီတွေ ပျော့ပြဲသွားနိုင်ပါတယ်။ ၁၅ မိနစ်မှ မိနစ် ၂၀ ထိ ထားလိုက်ရင် နယ်ထားတာတွေ အေးသွားပါလိမ့်မယ်။

cauli-tot-640x380.jpg 

ပြီးသွားရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးအတိုင်း ပုံဖော်လို့ရပါပြီ။ လေးထောင့်တုံးလေးတွေလုပ်မလား အဝိုင်းပြားလေးတွေလုပ်မလား စိတ်ကြိုက်သာရွေး။ ဒီလိုမှမဟုတ်လည်း ပုံစံခွက်လေးတွေနဲ့ထည့်ဖုတ်လည်း ရပါတယ်။ ပုံစံရပြီဆို မီးဖိုထဲမှာ အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက် (၂၀၀ ဒီဂရီဆဲလ်စီးယပ်)နဲ့ မိနစ် ၂၀ ကြာ ဖုတ်ပေးရပါမယ်။ အချိန်စေ့သွားပြီဆိုရင် မီးဖိုကိုဖွင့်လိုက်တာနဲ့ အနံ့လေးမွှေးပြီး အညိုရောင်သမ်းနေတဲ့ ပန်းဂေါ်ဖီ Tot လေးတွေ ရပြီပေါ့။ လူကြီးလည်းကြိုက် ကလေးလည်းကြိုက်တဲ့ အရသာရှိရှိ Tot လေးတွေကို လုပ်စားကြည့်ပါလို့.......။

Source : Tasty

[Zawgyi Version]

 

ပန္းေဂၚဖီကို ဟင္းလ်ာအေနနဲ႔ အမ်ိဳးမ်ိဳး ခ်က္ျပဳတ္ေၾကာ္ေလွာ္ကာ စားသံုးၾကပါတယ္။ သြားေရစာအျဖစ္နဲ႔ ျပဳလုပ္ၿပီး စားမယ္ဆုိရင္လည္း ရေသးတယ္။ မလုပ္စားဖူးဘူးဆုိရင္ ဒီနည္းေလးနဲ႔ လုပ္စားၾကည့္ပါလား။ ပန္းေဂၚဖီတစ္ပြင့္စာကို လုပ္စားၾကမယ္ေလ။ ၾကက္ဥတစ္လံုး၊ ဆား၊ ေပါင္မုန္႔ေျခာက္မႈန္႔၊ ခ်ိစ္အမာ၊  ၾကက္သြန္ျဖဴတုိ႔ လိုအပ္ပါတယ္။ ၾကက္သြန္ျဖဴနဲ႔ ခ်ိစ္ခဲတုိ႔ကို မႊမႊေလးေတြျဖစ္ေအာင္ ျခစ္ထားေပးပါ။

 

ပထမဆံုးအေနနဲ႔ ပန္းေဂၚဖီကို ျပဳတ္ပါမယ္။ ဆားေလးနည္းနည္းထည့္ၿပီးျပဳတ္ပါ။ အရမ္းႏူးသြားေအာင္ မျပဳတ္ရပါဘူး။ အေရာင္ေျပာင္းသြားၿပီဆုိရင္ အိုးထဲကဆယ္ၿပီး ဓားနဲ႔ ႏုပ္ႏုပ္စင္းလိုက္ရပါတယ္။ ပူေနတုန္းေလး ႏုပ္ႏုပ္စင္းမွ ပိုအဆင္ေျပပါတယ္။ ၿပီးရင္ေတာ့ ပန္းေဂၚဖီေတြနဲ႔အတူ ၾကက္ဥ၊ ဆား၊ ေပါင္မုန္႔ေျခာက္အမႈန္႔၊ ခ်ိစ္၊ ၾကက္သြန္ျဖဴတုိ႔ကို ေရာထည့္ၿပီး ဇြန္းေလးနဲ႔ နယ္ေပးပါ။ လက္နဲ႔နယ္မယ္ဆိုရင္ ပန္းေဂၚဖီေတြ ေပ်ာ့ၿပဲသြားႏုိင္ပါတယ္။ ၁၅ မိနစ္မွ မိနစ္ ၂၀ ထိ ထားလိုက္ရင္ နယ္ထားတာေတြ ေအးသြားပါလိမ့္မယ္။

 

ၿပီးသြားရင္ေတာ့ ကိုယ္လိုခ်င္တဲ့ ပံုစံေလးအတိုင္း ပံုေဖာ္လို႔ရပါၿပီ။ ေလးေထာင့္တံုးေလးေတြလုပ္မလား အဝိုင္းျပားေလးေတြလုပ္မလား စိတ္ႀကိဳက္သာေရြး။ ဒီလိုမွမဟုတ္လည္း ပံုစံခြက္ေလးေတြနဲ႔ထည့္ဖုတ္လည္း ရပါတယ္။ ပံုစံရၿပီဆို မီးဖိုထဲမွာ အပူခ်ိန္ ၄၀၀ ဒီဂရီဖာရင္ဟိုက္ (၂၀၀ ဒီဂရီဆဲလ္စီးယပ္)နဲ႔ မိနစ္ ၂၀ ၾကာ ဖုတ္ေပးရပါမယ္။ အခ်ိန္ေစ့သြားၿပီဆုိရင္ မီးဖိုကိုဖြင့္လိုက္တာနဲ႔ အနံ႔ေလးေမႊးၿပီး အညိဳေရာင္သမ္းေနတဲ့ ပန္းေဂၚဖီ Tot ေလးေတြ ရၿပီေပါ့။ လူႀကိီးလည္းႀကိဳက္ ကေလးလည္းႀကိဳက္တဲ့ အရသာရွိရွိ Tot ေလးေတြကို လုပ္စားၾကည့္ပါလို႔.......။

Source : Tasty


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs