ရန်ကုန်ရဲ့ အခြားဘယ်နေရာတွေမှာမှ သူ့လောက်စည်ကားမြိုင်ဆိုင်တဲ့ တိုင်းရင်းသားသင်္ကြန်ပွဲတော်ကြီးကို မတွေ့မြင်နိုင်ပါဘူး။
 

(၁၄)ကြိမ်မြောက်ရခိုင် ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ သုဝဏ္ဏအားကစားကွင်းမှာ ငါးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။။ ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊ မြို့နယ်အသင်းတွေနဲ့ ရခိုင်လူမှုရေးအသင်းတွေက ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရကိုယ်တိုင် ပူးပေါင်းပါဝင်ကျင်းပတာဖြစ်ပြီး နှစ်စဉ်စည်ကားတဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်ပါတယ်။

၁ - ရွာပုံစံ

ယခုနှစ်မှာ ရန်ကုန်က ရခိုင်သင်္ကြန်ပွဲတော်ကို ရွာတည်ပြီး ရခိုင်ရွာသင်္ကြန်ပုံစံပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ရိုးရာ အငွေ့အသက်တွေတင်မကဘဲ ထူးခြားတဲ့ ရခိုင်ရွာသင်္ကြန်ပုံစံကို သုဝဏ္ဏကွင်းမှာတင် ပါဝင်ဆင်နွဲနိုင်မှာ ဖြစ်ပါတယ်။

 

၂ - ရေလောင်းပွဲ

ရခိုင်ရိုးရာ ရေလောင်းပွဲဟာ တခြားဘယ်ပွဲနဲ့မှ မတူပါဘူး။ ရေဖြည့်ထားတဲ့ လောင်းလှေကိုနောက်ခံထားပြီး အမျိုးသမီးနဲ့ အမျိုးသား တစ်ယောက်တစ်လှည့် ရေခွက်နဲ့ ပက်ဖျန်းရတဲ့ ရေလောင်းပွဲဖြစ်ပါတယ်။ ရေလောင်းပွဲကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း  ကျင်းပမှာဖြစ်ပါတယ်။

၃ - ရိုးရာဓလေ့

ရန်ကုန်မှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်တွေထဲမှာ တိုင်းရင်းသားရိုးရာဓလေ့ကို ထင်ထင်ရှားရှား မြင်တွေ့ရတဲ့ပွဲဖြစ်တဲ့အပြင် ကိုယ်တိုင်ပါဝင်ဆင်နွဲနိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ အခြားဘယ်နေရာတွေမှာမှ သူ့လောက်စည်ကားမြိုင်ဆိုင်တဲ့ တိုင်းရင်းသားသင်္ကြန်ပွဲတော်ကြီးကို မတွေ့မြင်နိုင်ပါဘူး။

 

၄ - နားမယ်၊ စားမယ်

ရခိုင်အစားအစာ အစစ်တွေကိုလည်း ပွဲတော်မှာ စားခွင့်ရဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ရခိုင်ရိုးရာ အစားအစာ ရောင်းချမယ့် ဆိုင်ပေါင်း ၈၀ ထိ ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ ကားနဲ့လည်သူတွေအတွက် တစ်နေရာရာသွားပြီး နားချင်၊ စားချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ နေရာလည်း ဖြစ်ပါတယ်။ နယ်ကနေ ရန်ကုန်သင်္ကြန်ကို လာရောက်လည်ပတ်သူတွေအနေနဲ့လည်း တစ်နှစ်တစ်ခါသာ ရမယ့် ရန်ကုန်ရခိုင်သင်္ကြန်ပွဲတော်ကို သွားရောက်ဆင်နွှဲသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် သတင်း - မန္တလေးက လမ်းလျှောက်သင်္ကြန် ဘယ်လိုလည်မလဲ)

Photos:7Day Daily,  LAY MRO - Myanmar News,  Soe Thant Aung


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က