စည်သွပ်ဘူးတွေက အထဲမှာ မလတ်တော့ဘူးဆိုရင် ဘူူးကဖုဖောင်းလာပါတယ်။

ဈေးကိုသွားရင်၊ ကုန်စုံဆိုင်ကိုသွားရင် ကိုယ်လိုချင်တာလေးတွေကို ဝယ်မယ်ဆို လတ်ဆတ်မှု ရှိ၊ မရှိဆိုတာ ကြည့်တတ်ရပါမယ်။ တချို့စားစရာတွေက မလတ်ဆတ်တဲ့အဆင့်ကိုတောင် ကျော်လွန်ပြီး စားသုံးလို့မသင့်တော့တဲ့အထိ ဖြစ်နေပါပြီ။ ဒါကို ကိုယ်က ကြည့်တတ်ဖို့လိုပါတယ်။ မဟုတ်ရင် ငွေကုန်ပြီး လွှင့်ပစ်လိုက်တာ နှမျောစရာပါ။



 

၁။ နွားနို့ဟာ ရေခဲသေတ္တာထဲမှာထားမယ်ဆို ထင်ထားတာထက် ပိုပြီးအထားခံပါတယ်။ ဘာကြောင့်လဲဆိုတော့ စူပါမားကတ်တွေမှာရောင်းတဲ့ နွားနို့တွေက ပိုးသတ်ပြီးသားတွေ မို့လို့ပါ။ ဘူးအဖုံးက ချဉ်စုတ်စုတ်အနံ့ထွက်လာပြီဆိုရင်တော့ နွားနို့က မကောင်းတောာ့ပါဘူး။ မယုံရင်မြည်းကြည့်ပါ အရသာကလည်း ချဉ်နေပါပြီ။

 

၂။ အသားဆိုရင်လည်း အနံ့ကိုနမ်းရုံနဲ့ သိနိုင်ပါတယ်။ တစ်ခါတစ်လေဆို အရောင်တွေပါ ပြောင်းနေတတ်တယ်။ ဒီလိုအသားကိုစားရင် အစာအဆိပ်သင့်မှု ဖြစ်နိုင်ပါတယ်။

 

၃။ ပင်လယ်စာဆိုတာ တကယ်တမ်းတော့ ပင်လယ်မှာပဲ လတ်လတ်ဆတ်ဆတ်စားနိုင်တာပါ။ ဈေးကွက်ထဲရောက်လာတာတွေက တစ်ပတ်လောက်ကြာပြီးမှ ရောက်လာတာပါ။ အနံ့လည်းမကောင်းတော့ဘူး၊ ပုံစံကလည်း ချွဲကျိကျိဖြစ်နေပြီဆို အဲ့ဒီငါးကို မစားပါနဲ့တောာ့။

 

၄။ စည်သွပ်ဘူးတွေက အထဲမှာ မလတ်တော့ဘူးဆိုရင် ဘူူးကဖုဖောင်းလာပါတယ်။

 

၅။ ကြက်ဥ လတ်၊ မလတ်ကိုတော့ ရေထဲထည့်ကြည့်ရင် သိနိုင်ပါတယ်။ ရေထဲမြုပ်နေရင် ကြက်ဥက လတ်ပါတယ်။

 

၆။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ရိရွဲပြီး အရောင်ပြောင်းလာတာကိုကြည့်ရင် မလတ်ဘူးလို့ဆိုတာ သိနိုင်ပါတယ်။

 

၇။ ယိုနဲ့ဂျယ်လီဘူးတွေက အထဲမှာ ခဲနေတာတွေ့ရင် မလတ်တော့ပါဘူး။

 

၈။ ထောပတ်နဲ့ ချိစ်တွေ လတ်ဆတ်မှုနည်းလာပြီးဆိုကိုတော့ အောက်ခံပြားမှာ ဆီချေးစော်နံလာာပြီဆို မလတ်တော့ဘူးလို့ မှတ်ယူလိုက်ပါ။ ဘက်တီးရီးယားတွေပေါက်ပွားနေကြပါပြီ။

Source : Mash


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က