• Food & Recipe
    သောက်ကြဦးမလား ရှုရှုးဘီယာ
Su Yee Moe
[Unicode Version]

mg_piss_beer_comp.jpg 

လူ့ခန္ဓာကိုယ်တွင်းက စွန့်ထုတ်လိုက်တဲ့ ဆီးကို အသုံးပြုကာ ချက်လုပ်ထားတဲ့ ဘီယာတစ်မျိုး မကြာခင် ဈေးကွက်ထဲ ရောက်လာပါတော့မယ်။ ဒိန်းမတ်နိုင်ငံရှိ ဘီယာထုတ်လုပ်ရေးကုမ္မဏီတစ်ခုက လူ့ဆီးကို အသုံးပြုကာ ဘီယာချက်မယ်လို့ သိရပါတယ်။

shutterstock_271584329.jpg 

Beercycling လို့ အမည်ပေးထားတဲ့ အစီအစဉ်နဲ့ ယခုနှစ်ဇွန်လကုန်ပိုင်းမှာ လူအများကို မြည်းစမ်းစေတော့မှာ ဖြစ်ပါတယ်။ ဒီအကြံကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ရရှိခဲ့တာပါ။ Piss (ဆီး) နဲ့ Pilsner အမည်ရှိ ဘီယာတစ်မျိုးကို ရောစပ်ထားတဲ့ Pisner ဘီယာကို ထုတ်လုပ်ဖို့ စတင်ကြံစည်ခဲ့ကြပါတယ်။ ထိုစဉ်က ဒိန်းမတ်နိုင်ငံမှာပြုလုပ်တဲ့ Roskilde ပွဲတော်ကို လာရောက်သူတွေထံကနေ ဆီး လီတာပေါင်း ၅၄,၀၀၀ ကို ရယူစုဆောင်းခဲ့ပြီး ချက်လုပ်ခဲ့ကြပါတယ်။

beer-made-from-urine-fwx.jpg 

သို့သော်ငြားလည်း ဒိန်းမတ်နိုင်ငံရှိ စိုက်ပျိုးရေးနဲ့အစားအစာကောင်စီ (Landbrug and Fødevare) ကတော့ ယခုဘီယာထဲမှာ လူ့ဆီးကို လုံးဝမတွေ့ရဘူးလို့ စမ်းသပ်စစ်ဆေးမှုရလဒ်ကို ကြေညာထားပြန်ပါတယ်။ ဘီယာချက်လုပ်ရေးကုမ္ပဏီကတော့ လူ့ဆီးတွေကို ဓာတ်မြေသြဇာအနေနဲ့သာ အသုံးပြုခဲ့တာပါ။ ယင်းနည်းကို သုံးလာတာ နှစ်ပေါင်းရာချီနေပြီလို့ဆိုတယ်။ ၂၀၁၆ ခုနှစ် ဆောင်းရာသီအတွင်းမှာတော့ စုဆောင်းရယူခဲ့တဲ့ဆီးတွေကို ဘာလီပင်ပေါင်း ၁၁ တန်အတွက် ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုပေးခဲ့ပါတယ်။

Source : Metro

[Zawgyi Version]

လူ႔ခႏၶာကိုယ္တြင္းက စြန္႔ထုတ္လိုက္တဲ့ ဆီးကို အသံုးျပဳကာ ခ်က္လုပ္ထားတဲ့ ဘီယာတစ္မ်ိဳး မၾကာခင္ ေစ်းကြက္ထဲ ေရာက္လာပါေတာ့မယ္။ ဒိန္းမတ္ႏိုင္ငံ႐ွိ ဘီယာထုတ္လုပ္ေရးကုမၼဏီတစ္ခုက လူ႔ဆီးကို အသံုးျပဳကာ ဘီယာခ်က္မယ္လို႔ သိရပါတယ္။

Beercycling လို႔ အမည္ေပးထားတဲ့ အစီအစဥ္နဲ႔ ယခုႏွစ္ဇြန္လကုန္ပိုင္းမွာ လူအမ်ားကို ျမည္းစမ္းေစေတာ့မွာ ျဖစ္ပါတယ္။ ဒီအၾကံကို ၂၀၁၅ ခုႏွစ္ကတည္းက စတင္ရရွိခဲ့တာပါ။ Piss (ဆီး) နဲ႔ Pilsner အမည္ရွိ ဘီယာတစ္မ်ိဳးကို ေရာစပ္ထားတဲ့ Pisner ဘီယာကို ထုတ္လုပ္ဖုိ႔ စတင္ၾကံစည္ခဲ့ၾကပါတယ္။ ထိုစဥ္က ဒိန္းမတ္ႏိုင္ငံမွာျပဳလုပ္တဲ့ Roskilde ပြဲေတာ္ကို လာေရာက္သူေတြထံကေန ဆီး လီတာေပါင္း ၅၄,၀၀၀ ကို ရယူစုေဆာင္းခဲ့ၿပီး ခ်က္လုပ္ခဲ့ၾကပါတယ္။

သို႔ေသာ္ျငားလည္း ဒိန္းမတ္ႏိုင္ငံရွိ စိုက္ပ်ိဳးေရးနဲ႔အစားအစာေကာင္စီ (Landbrug and Fødevare) ကေတာ့ ယခုဘီယာထဲမွာ လူ႔ဆီးကို လံုးဝမေတြ႔ရဘူးလို႔ စမ္းသပ္စစ္ေဆးမႈရလဒ္ကို ေၾကညာထားျပန္ပါတယ္။ ဘီယာခ်က္လုပ္ေရးကုမၸဏီကေတာ့ လူ႔ဆီးေတြကို ဓာတ္ေျမၾသဇာအေနနဲ႔သာ အသံုးျပဳခဲ့တာပါ။ ယင္းနည္းကို သံုးလာတာ ႏွစ္ေပါင္းရာခ်ီေနၿပီလို႔ဆိုတယ္။ ၂၀၁၆ ခုႏွစ္ ေဆာင္းရာသီအတြင္းမွာေတာ့ စုေဆာင္းရယူခဲ့တဲ့ဆီးေတြကို ဘာလီပင္ေပါင္း ၁၁ တန္အတြက္ ဓာတ္ေျမၾသဇာအေနနဲ႔ အသံုးျပဳေပးခဲ့ပါတယ္။

Source : Metro


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs