• Food & Recipe
    ညစာစားပွဲမှာ ကော့တေးနဲ့ ဧည့်ခံမယ်ဆို မှတ်ထားရမယ့်အရာ (၅) ခု
Su Yee Moe
[Unicode Version]
09-s-d-postceremonycocktails1064-jpg-1493062926.jpg 
ညနေခင်းပြုလုပ်တဲ့ ဧည့်ခံပွဲ အခမ်းအနားတွေမှာ အဖျော်ယမကာတွေနဲ့ ဧည့်ခံကြလေ့ရှိပါတယ်။ အထူးသဖြင့် ဝိုင်၊ ရှန်ပိန်၊ ကော့တေးတို့နဲ့ ဧည့်ခံလေ့ရှိကြပြီး မင်္ဂလာ ညစာစားပွဲမှာ ကော့တေး (cocktail) နဲ့ ဧည့်ခံမယ်ဆိုရင်တော့ ဒါလေးတွေ သိထားဖို့ လိုပါတယ်။
၁။ အထိမ်းအမှတ်ကိုရွေး
နှစ်ယောက်လုံး နှစ်သက်တဲ့ ကော့တေးမျိုးကို ရွေးသင့်ပါတယ်။ ဒါမှမဟုတ် နှစ်ယောက်အတူ ပထမဆုံး သောက်ဖူးကြတဲ့ ကော့တေးမျိုးကို ရွေးတာက အမှတ်တရ ဖြစ်စေတယ်လေ။
၂။ ထိန်ချန်မထားနဲ့
များသောအားဖြင့် ကိုယ့်ရဲ့ဖျော်စပ်နည်းကို လူတွေကို ထုတ်ပြောဖို့ ဝန်လေးကြပါတယ်။ ဧည့်ခံပွဲကိုလာတဲ့ ဧည့်သည်တွေက ဘာတွေနဲ့ဖျော်ထားသလဲလို့ မေးတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ မသောက်ချင်သူတွေအနေနဲ့လည်း အယ်လ်ကိုဟောပါတာကို ရှောင်လို့ရတာပေါ့။
၃။ သာမာန်ဖျော်ရည်လိုပဲပြုလုပ်ပါ
ကော့တေးနဲ့လည်း ဧည့်ခံချင်တယ် ငွေကုန်ကြေးကျလည်း မများချင်ဘူးဆိုရင် ပါဝင်ပစ္စည်းနည်းနည်းနဲ့ ဖျော်စပ်ရတဲ့ ကော့တေးတွေ ရှိပါတယ်။ အအေးလို (mocktail) လိုမျိုးလည်း စပ်လို့ရပါတယ်။ ဈေးကြီးတဲ့ ရှန်ပိန်တွေ ပုလင်းတွေထည့်မှ ကော့တေးဖြစ်တာ မဟုတ်ပါဘူး။
၄။ နေရာကိုချိန်ဆပါ
ကိုယ့်ရဲ့ဧည့်ခံပွဲက ဘယ်နေရာမှာ လုပ်မှာလဲ? ကမ်းခြေမှာလား၊ ခမ်းမမှာလား၊ ဟိုတယ်မှာလား? နေရာနဲ့ လိုက်ဖက်တဲ့ ကော့တေးကို ရွေးချယ်ပါ။
2017-04-27_011029.jpg 
၅။ အလှဆင်မှု
ရိုးရှင်းတဲ့ အလှဆင်မှုလေးတွေက ကော့တေးခွက်လေးတွေကို ပိုပြီး ခမ်းနားစေပါတယ်။ ဥပမာအားဖြင့် လိမ္မော်ဖတ်လေးတွေ ချယ်ရီသီးလေးတွေနဲ့ ဝါးစားလို့ရတဲ့ ပန်းပွင့်ချပ်တွေက ပိုပြီးထည်ဝါတဲ့အသွင် ပေါ်လွင်စေပါတယ်။
Source & Photo : Cosmo
[Zawgyi Version]
၁။ အထိမ်းအမှတ်ကိုရွေး
၂။ ထိန်ချန်မထားနဲ့
၎။ နေရာကိုချိန်ဆပါ
၅။ အလှဆင်မှု
Source & Photo : Cosmo
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs