ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်အားကို တိုးစေပါတယ်။
 

မြင်းခွာရွက်ဟာ ဆေးဘက်ဝင်တဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ကိုကြည်လင်စေပြီး မှတ်ဉာဏ်အားကိုလည်း ကောင်းမွန်စေပါတယ်။ အနာကျက်တာ မြန်စေပြီး ရင်အေးစေလို့ နွေရာသီမှာ ပိုစားသင့်ပါတယ်။ မြင်းခွာရွက်ကို ဖျော်ရည်လို လုပ်သောက်ကြည့်ပါ။

 

လတ်ဆက်တဲ့ မြင်းခွာရွက်ကို ရေနဲ့ အကြိမ်ကြိမ် ဆေးပေးရပါမယ်။ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားမယ်ဆိုရင် ရေနဲ့အထပ်ထပ်ဆေးမှသာ ပိုးသတ်ဆေးနဲ့ အခြားအညစ်အကြေးတွေ စင်သွားမှာမို့လို့ပါပဲ။ ပြီးရင်တော့ အရွက်ကိုရော အရိုးကိုပါ တစ်လက်မခွဲလောက်စီ အပိုင်းပိုင်းလေးတွေ လှီးဖြတ်လိုက်ပါ။ Blender ထဲကို ရေနဲ့အရွက်တွေ ရောထည့်ပြီး ကြိတ်ရပါမယ်။ ကြိတ်ပြီးရင်တော့ ခွက်ထဲကို ရေစစ်နဲ့စစ်ပြီး အရည်ပဲယူထားလိုက်ပါ။

 

ကြိတ်ထားပြီးသား မြင်းခွာရွက်အရည်တွေကို ပျားရည်နဲ့ရောစပ်ပြီး သောက်သုံးပေးရုံပါပဲ။ ရေခဲတုံးလေးတွေ ထည့်မယ်ဆိုရင် ပျားရည်ရဲ့အချိုဓာတ်နဲ့ပါ ပေါင်းစပ်သွားလို့ အနံ့ကိုလည်း မနှစ်သက်စရာမရှိပါဘူး။ မြင်းခွာရွက်ဖျော်ရည်ကို သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေပြီး မှတ်ဉာဏ်အားကို တိုးစေပါတယ်။ ကြိတ်ပြီး ပိုနေတဲ့ မြင်းခွာရွက်အနှစ်တွေကို မျက်နှာမှာ မိနစ် ၂၀ လောက် ကပ်ထားပေးမယ်ဆို အသားအရေ ကြည်လင်စေပါလိမ့်မယ်။

Source : Sailty Mom BKK

Share

Loading Next Article...
က္က