ကော်ဖီမကြိုက်သူတွေ၊ ကော်ဖီမသောက်ချင်သူတွေအတွက် အခြားရွေးချယ်စရာ အစားအသောက်တွေ ရှိပါတယ်။
 

ပင်ပန်းနွမ်းနယ်သလို ဖြစ်တယ်လို့ ခံစားရရင်တော်တော်များများကတော့ ကော်ဖီသောက်တာမျိုး လုပ်ကြပါတယ်။  ကဖိန်းဓာတ်ကြောင့် ခန္ဓာကိုယ်ကို လန်းဆန်းစေတာ မှန်ပါတယ်။ ဒါပေမဲ့ ကော်ဖီမကြိုက်သူတွေ၊ ကော်ဖီမသောက်ချင်သူတွေအတွက် အခြားရွေးချယ်စရာ အစားအသောက်တွေ ရှိပါတယ်။



၁ - ငှက်ပျောသီး

ငှက်ပျောသီးမှာ ကာဘိုဟိုက်ဒရိတ် မြင့်မားပါတယ်။ သကြားဓာတ်နဲ့ အမိုင်နိုင်အက်ဆစ်လည်း ပါဝင်တာကြောင့် စွမ်းအင်တွေကို သဘာဝကျကျ ပြန်လည် မြင့်တက်စေပါတယ်။  Rice University ရဲ့ လေ့လာချက်အရ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tyrosine ဟာ သင့်ခန္ဓာကိုယ်ကို နိုးကြားစေဖို့ ကူညီနိုင်တယ်လို့ ဆိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -အလုပ်ထဲမှာ စိတ်ဖိစီးတာကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်း (၃) ခု )

 

၂ - သီဟိုစေ့

သီဟိုစေ့ကို ဒီအတိုင်းစားတာပဲဖြစ်ဖြစ် အခြားတစ်ခုခုနဲ့ ရောစားတာပဲ ဖြစ်ဖြစ် မောပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးအစားအစာ တစ်ခု ဖြစ်ပါတယ်။  European Journal of Clinical Nutrition မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ခန္ဓာကိုယ်တွင်းက စွမ်းအင်အဆင့်ကိုထိန်းပေးထားတာ ဖြစ်ပါတယ်။ အဆီနဲ့ ပရိုတင်း မျှတစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးထားတာ ဖြစ်ပါတယ်။

၃ - ဆနွင်း

ဆနွင်းပါတဲ့ ဟင်းအနှစ်မျိုးကို စားပေးရင်လည်း အိပ်ချင်ပြီး ပင်ပန်းနွမ်းနယ်တာမျိုးကို လျှော့နည်းစေပါတယ်။ ဆနွင်းမှာ  curcumin  လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို မြင့်တက်စေပြီး ကိုယ်တွင်းစွမ်းအင်တွေကိုလည်း မြှင့်တင်ပေးတာ ဖြစ်ပါတယ်။

 

၄ - ကြက်ဥ

မနက်စောစောမှာ ကြက်ဥ ပုံမှန်စားတဲ့လူတွေ အမြောက်အများရှိပါတယ်။ International Journal of Obesity  မှာဖော်ပြတဲ့လေ့လာချက်တစ်ခုအရ မနက်စာမှာ ကြက်ဥစားတဲ့လူတွေဟာ တစ်နေကုန် စွမ်းအင်အဆင့်ဟာ ပုံမှန်ရှိနေတာ ဖြစ်ပါတယ်။ ကြက်ဥမှာ ဘီတာမင် ချိုလိုင်းပါဝင်ပြီး အမြင်ဆိုင်ရာ မှတ်ညဏ်တွေကိုလည်း တိုးတက်စေပါတယ်။

၅ - ရေ

ရေကိုတော့ မမေ့ပါနဲ့။ ပင်ပန်းနွမ်းနယ်မှုတွေ ခဏခဏ ဖြစ်နေတဲ့ အခါ ရေကို လိုအပ်သလောက်သောက်ရဲ့လားဆိုတာကိုလည်း ဆန်းစစ်သင့်ပါတယ်။ ရေဓာတ်လုံလောက်စွာ မရရှိတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်ဟာ မောပန်းနွမ်းနယ်မှုတွေ ဖြစ်နေတတ်ပါတယ်။ မောပန်းနွမ်းနယ်မှုဟာ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုရှိနေတာကြောင့် ရေများများသောက်တာဟာ သင့်ကျန်းမာရေးကို ညီညွတ်ကောင်းမွန်စေပါတယ်။

 

၆ - ချောကလက်နက်

 ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားနေရတယ်ဆိုရင် သင်ရွေးချယ်လို့ရတဲ့အထဲမှာ ချောကလက်အနက်လည်း ပါပါတယ်။ ကော်ဖီလိုပဲ သူ့မှာလည်း ကဖိန်းဓာတ်ပါပါတယ်။ Appetite ဂျာနယ်ရဲ့ သုတေသနတစ်ခုအရ ချောကလက်အနက်ကို စားခြင်းဟာ မှတ်ညဏ်အလုပ်လုပ်မှုကိုလည်း တိုးတက်စေတာ ဖြစ်ပါတယ်။

Photos & Source: Bustle


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က