ကော်ဖီနဲ့ချောကလက် တွဲပြီးစားလိုက်ရရင် ဘာနဲ့မှကို မတူတဲ့ ခံစားမှုပဲ.....
 

ကော်ဖီကို နှစ်ပေါင်းများစွာကတည်းက လူတွေနှစ်ခြှိုက်စွာ သောက်သုံးလာခဲ့ကြပြီးဖြစ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကို လူတော်တော်များများ နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ ကော်ဖီ ဖော်စပ်ပုံ အမျိုးမျိုးရှိပြီး ကော်ဖီဟာ အစားအစာမျိုးစုံနဲ့လည်း တွဲဖက်စားသုံးဖို့ သင့်တော်ပါတယ်။ ဒီတစ်ပတ်မှာတော့ ချောကလက်နဲ့ ကော်ဖီ တွဲဖက်စားသုံးပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



ချောကလက်နဲ့ ကော်ဖီဟာ နှစ်ပေါင်းများစွာ လူအနှစ်သက်ဆုံး အစားအသောက်တွဲစပ်မှု တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Mocha, Lattes နဲ့ Ristretto တို့လို Espresso ကော်ဖီအမျိုးအစားတွေဟာ ချောကလက်နဲ့လိုက်ဖက်တဲ့ အရသာကို ဖန်တီးပေးပါတယ်။

၁။ ဘရောင်နီကိတ် (Brownie Cake)

အင်ဒိုနီးရှားနဲ့ ဂွာတီမာလာနိုင်ငံတို့ကလာတဲ့ ကော်ဖီခပ်ပြင်းပြင်းတွေက ချောကလက် ဘရောင်နီကိတ်တွေနဲ့ လိုက်ဖက်ပါတယ်။

၂။ ချောကလက်ကိတ်

ချောကလက်ကိတ်တွေကတော့ သိပ်မပြင်းတဲ့ကော်ဖီတွေနဲ့ အတန်အသင့်ပြင်းတဲ့ကော်ဖီ အမျိုးအစားတွေနဲ့ဆို လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့ သူတို့နဲ့ အလိုက်ဖက်ဆုံးကတော့ ချောကလက်အရသာ ပါးပါးလေးပါတဲ့ ဂွာတီမာလာကော်ဖီပဲဖြစ်ပါတယ်။ ချောကလက်ကိတ်တွေဟာ အာရပ်ကော်ဖီအများစုနဲ့ဆိုရင်လည်း လိုက်ဖက်ပါသေးတယ်။ ဗင်နီလာအရသာ ပါတဲ့ ချောကလက်ကိတ်လုံးလေးတွေကတော့ ကိုလမ်ဘီယမ် ကော်ဖီတွေနဲ့ လိုက်ဖက်ညီပါတယ်။  

 

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ချောကလက်စားရင် ရရှိမယ့် အကျိုးကျေးဇူး (၅) မျိုး

၃။ ချောကလက်နက်

ဘာနဲ့မှ ရောစပ်ထားခြင်းမရှိဘဲ ကိုကိုးပါဝင်မှု များပြားတဲ့ ချောကလက်နက်ကတော့ အင်ဒိုနီးရှား၊ ဘရာဇီး၊ ယူတိုပီးယား၊ ဂွာတီမာလာနဲ့ ခပ်ပြင်းပြင်းလှော်ထားတဲ့ ကော်ဖီတွေနဲ့ လိုက်ဖက်ပါတယ်။

၄။ နို့ချောကလက်

နို့ချောကလက်ကတော့ ကော်ဖီအမျိုးအစားအားလုံးနဲ့ လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့ ကိုလမ်ဘီယာ၊ ကင်ညာ၊ ဆူမားတြား၊ ယီမင်၊ ယူတိုးပီးယား ကော်ဖီတွေနဲ့တော့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။

 

၅။ ချောကလက်ဖြူ

ချောကလက်ဖြူရဲ့ အရသာခပ်ဖျော့ဖျော့ဟာ ကိုလမ်ဘီယာ၊ ကော်စတာရီကာ နဲ့ ယီမင် ကော်ဖီတွေနဲ့ အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က