မိုးရာသီမှာပဲ ရနိုင်တဲ့အားသာချက်တွေ ရှိပါတယ်။
 

မိုးရာသီမှာ ခရီးထွက်လေ့ မရှိကြပါဘူး။ ဒါပေမယ့် မိုးရာသီမှာပဲ ရနိုင်တဲ့အားသာချက်တွေ ရှိပါတယ်။



၁ - မြင်ကွင်း

ဆောင်းရာသီ၊ နွေရာသီမြင်ကွင်းတွေဟာ သဘောကျစရာကောင်းသလို မိုးရာသီမြင်ကွင်းတွေမှာလည်း သဘောကျနှစ်သက်စရာတွေ ရှိပါတယ်။ မိုးတွေရွာနေတဲ့အချိန်မှာ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ မှန်နောက်ကနေ လူတွေသွားနေတာကို ကြည့်ရတာကို ကြိုက်တယ်ဆိုတဲ့လူမျိုး ကြုံဖူးပါတယ်။ ဒီလိုပါပဲ မိုးရာသီမှ ကမ်းခြေဘက်သွားပြီး လှိုင်းတွေထန်နေတဲ့ ပင်လယ်ကြီးကို ကြည့်ရတာ၊ ညို့မှိုင်းနေတဲ့ တောင်တန်းတွေကို ကြည့်ရတာတွေကိုမှ ကြိုက်တယ်ဆိုသူတွေလည်း ရှိပါတယ်။ မိုးရာသီမှာ ခရီးထွက်ရတာဟာ အရသာတစ်မျိုးပေးနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မိုးအေးအေးမှာ ပြောင်းဖူးကို အမယ်စုံအောင်လုပ်စားကြမယ်)

 

၂ - မိုးရွာပြီး

မိုးရွာပြီးစ ရာသီဥတုကြည်လင်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ မြင်ကွင်းဟာ ဘာနဲ့မှတူပါဘူး။ မြေနံ့သင်းသင်းနဲ့ အရာရာဟာ စိမ်းလန်းနေတာပါ။ ကျေးငှက်တွေဟာ ပြေးထွက်လာကြပြီး မြူးတူးနေကြတာပါ။ ပန်းတွေဟာလည်း ပိုပျော်နေကြသလိုပါပဲ။ ဒီလို အရသာမျိုးကိုရဖို့ ဘယ်လိုနေရာမျိုးကို သွားမယ်ဆိုတာကိုတော့ ရွေးချယ်တတ်ဖို့ လိုပါတယ်။

၃ - ဟိုတယ်ဈေးနှုန်း

မိုးရာသီမှာ ခရီးသွားသင့်တဲ့ အကြောင်းအရင်းတွေထဲက အကောင်းဆုံးအချက် ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း မိုးရာသီမှာ ခရီးသွားသင့်တယ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ ခရီးသွားရာသီတွေနဲ့ယှဉ်ရင် ဟိုတယ်ဈေးနှုန်းတွေဟာ ထက်ဝက်ခန့်ဈေးချထားတာ ဖြစ်ပါတယ်။ ရာသီဥတုကြောက်တတ်တယ်ဆိုရင်တော့ မိုးလေးဝသ သတင်းတွေကို အကဲခတ်ပြီး ကြိုတင်ကာ Booking လုပ်သင့်ပါတယ်။

 

၄ - လူနည်းတယ်

တစ်ကိုယ်တော်လွင့်ချင်သူတွေ၊ နှစ်ယောက်တည်း သွားမယ်ဆိုသူတွေလည်း ရွေးချယ်သင့်တဲ့ ရာသီပါ။ ပွင့်လင်းရာသီတွေလို ခရီးသွားနေရာတိုင်းမှာ လူတွေပြည့်ကြပ်နေတာမျိုး မရှိပါဘူး။ ခရီးထွက်လာပေမယ့် လူတွေများနေတာကြောင့် စိတ်ရှုပ်ရတယ်ဆိုတာမျိုးလည်း မဖြစ်တော့ပါဘူး။

၅ - ဖုန်းမသုံးဖြစ်ဘူး

ဘယ်သွားသွား ဖုန်းပဲကြည့်နေဖြစ်မှာ မဟုတ်တော့ပါဘူး။ မိုးရာသီဖြစ်တာကြောင့် ဖုန်းကို တော်ရုံနဲ့ မသုံးဖြစ်တော့ပါဘူး။ ကမ်းခြေမှာ လမ်းလျှောက်တဲ့အခါ သင့်ဘော်ဒါဟာ ပင်လယ်နဲ့ကမ်းခြေအလှကို မခံစားဘဲ ဖုန်းသုံးနေတာမျိုး မလုပ်တော့ပါဘူး။ သင်လည်း အမြင်ကပ်ရတဲ့အဖြစ်မျိုး မရောက်တော့ပါဘူး။ အိုင်တီခေတ်ကြီးထဲ သဘာဝကိုခံစားချင်လို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ခရီးထွက်ပေမယ့် လူတွေကို ကြည့်မရတဲ့အဖြစ်မျိုး မရောက်တော့ပါဘူး။

Photos & Source: tripoto


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က