လိုသလောက်လေးကို နေ့တိုင်းစားပေးရင် အကောင်းဆုံးပေါ့။
 

အခွံမာသီးလက်တစ်ဆုပ်စာလောက်ဟာ ကျန်းမာရေးအတွက် ထိရောက်တဲ့ကောင်းကျိုး ဖြစ်စေတယ်။ အထူးသဖြင့်တော့ နှလုံးကိုကျန်းမာစေတယ်၊ ဦးနှောက်ရဲ့လုပ်ဆောင်မှုကို ကောင်းမွန်လာစေတယ်။ ဒါပေမဲ့ အသီးအလိုက် အာဟာရတန်ဖိုး၊ ကျန်းမာရေးအတွက် ကောင်းကျိုးပေးပုံခြင်း မတူညီကြဘူး။ ဒါကြောင့် တစ်နေ့တာအတွက် ဘယ်လိုအခွံမာအသီးတွေကို ဘယ်လောက်ထိစားရမယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

 

ကောင်းကျိုးတွေပေးတဲ့ အခွံမာသီးတွေဟာ နေ့တိုင်းစားပေးဖို့သင့်ပါတယ်။ အခွံမာသီး ၁၀ ဂရမ်နဲ့အထက် နေ့စဉ်စားသူတွေကို မစားသူတွေနဲ့ ယှဉ်ကြည့်တဲ့အခါ သေဆုံးနိုင်ခြေ ၂၃% ပိုနည်းသွားတာတွေ့ရပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြင်းမှ ၂၁%၊ ကင်ဆာဖြစ်နိုင်ခြင်းကနေ ၂၁%၊ ဆီးချိုဖြစ်နိုင်ခြင်းမှ ၃၀% နဲ့ အာရုံကြောပိုင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေရှိခြင်းမှ ၄၇% လျော့နည်းသွားကြောင်း ဆေးပညာဆိုင်ရာဂျာနယ် International Journal of Epidemiology မှာ ဖော်ပြဖူးပါတယ်။

 

မြေပဲနဲ့ အပင်ကြီးတွေကနေရတဲ့ အခွံမာသီးတွေမှာ ပြည့်ဝဆီရော မပြည့်ဝဆီတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အသားဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် B အမျိုးအစားစုံတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အခွံမာအသီးတွေအနက် ဘယ်အသီးကိုစားစား ၁၀ ဂရမ်လောက် နေ့စဉ်စားပေးရင် ရပါပြီ။

Source : Prevention

Share

Loading Next Article...
က္က